YouVersion လိုဂို
ရှာရန် အိုင်ကွန်

၄ ဓမ္မရာဇဝင် 4:1-37

၄ ဓမ္မရာဇဝင် 4:1-37 JBMLE

ပ​ရော​ဖက်​အ​မျိုး​သား၏ မ​ယား​တစ်​ယောက်​သည် ဧ​လိ​ရှဲ​ထံ​သို့​လာ၍၊ ကိုယ်​တော်​ကျွန်၊ ကျွန်​မ၏​ခင်​ပွန်း​သေ​ပါ​ပြီ၊ ကိုယ်​တော်​ကျွန်​သည် ထာ​ဝ​ရ​ဘု​ရား​ကို ရို​သေ​သော​သူ​ဖြစ်​သည်​ကို ကိုယ်​တော်​သိ​တော်​မူ၏။ ယ​ခု​မှာ ကြွေး​ရှင်​သည် ကျွန်​မ၏​သား​နှစ်​ယောက်​ကို ကျွန်​ခံ​စေ​ခြင်း​ငှာ​လာ​ပါ​ပြီ​ဟု ကြွေး​ကြော်​လေ၏။ ဧ​လိ​ရှဲ​က​လည်း၊ သင့်​အ​ဖို့ အ​ဘယ်​သို့​ငါ​ပြု​ရ​မည်​နည်း။ သင့်​အိမ်၌ အ​ဘယ်​ဥ​စ္စာ​ရှိ​သ​နည်း​ဟု မေး​လျှင်၊ ကိုယ်​တော်​ကျွန်​မ​အိမ်၌ ဆီ​အိုး​တစ်​လုံး​မှ​တစ်​ပါး အ​ဘယ်​ဥ​စ္စာ​မျှ​မ​ရှိ​ပါ​ဟု​ပြော​ဆို​သော်၊ ဧ​လိ​ရှဲ​က သွား​လော့။ အိမ်​နီး​ချင်း​ရှိ​သ​မျှ​တို့​တွင် လပ်​သော​အိုး​တို့​ကို ငှား​ယူ​လော့။ များ​စွာ​သော​အိုး​တို့​ကို ငှား​ယူ​လော့။ ကိုယ်​အိမ်​သို့ ရောက်​သော​အ​ခါ၊ သား​တို့​ကို​ခေါ်၍ တံ​ခါး​ကို​ပိတ်​ပြီး​မှ ငှား​ယူ​သော အိုး​များ​အ​ထဲ​သို့ ဆီ​ကို​အ​ပြည့်​လောင်း၍ ထား​လော့​ဟု စီ​ရင်​သည်​အ​တိုင်း၊ ထို​မိန်း​မ​သည်​သွား၍ သား​တို့​သည်​အိုး​များ​ကို​ယူ​ခဲ့​ပြီး​မှ၊ မိန်း​မ​သည် သား​တို့​နှင့်​အ​တူ အိမ်​ထဲ​သို့​ဝင်၍ တံ​ခါး​ကို​ပိတ်​လျက် ဆီ​ကို​လောင်း​လေ၏။ အိုး​များ၌ ဆီ​ပြည့်​သော​အ​ခါ၊ အိုး​တစ်​လုံး​ကို​ယူ​ခဲ့​ဦး​ဟု သား​အား​ဆို​လျှင်၊ အိုး​လပ်​မ​ရှိ​ပါ​ဟု ပြန်​ပြော​သော်၊ ဆီ​သည် တန့်​လျက်​နေ၏။ ထို​မိန်း​မ​သည်​လာ၍ ဘု​ရား​သ​ခင်၏​လူ​ကို​ကြား​ပြော​လျှင်၊ သူ​က ထို​ဆီ​ကို​သွား၍ ရောင်း​ပြီး​လျှင် ကြွေး​ကို​ဆပ်​လော့။ ကြွင်း​သော​ဆီ​ကို အ​မှီ​ပြု၍ သင်​နှင့်​သား​တို့​သည် အ​သက်​မွေး​ကြ​လော့​ဟု ဆို၏။ တစ်​နေ့​သ၌ ဧ​လိ​ရှဲ​သည် ရှု​နင်​မြို့​သို့​သွား​ရာ​တွင်၊ ထို​မြို့၌ ထင်​ရှား​သော​မိန်း​မ​တစ်​ယောက်​သည် ဧ​လိ​ရှဲ​ကို ကျွေး​ခြင်း​ငှာ ခေါ်​ပင့်​လေ၏။ နောက်​မှ ထို​လမ်း​သို့​သွား​သော​အ​ခါ​ခါ၊ ကျွေး​ခြင်း​ကို​ခံ​အံ့​သော​ငှာ ထို​အိမ်​သို့​ဝင်​တတ်၏။ မိန်း​မ​က​လည်း၊ ငါ​တို့​နေ​ရာ​လမ်း​ဖြင့် အ​စဉ်​သွား​လာ​သော ဤ​သူ​သည် ဘု​ရား​သ​ခင်၏​သန့်​ရှင်း​သူ​ဖြစ်​သည်​ကို ကျွန်ုပ်​ရိပ်​မိ၏။ ဝင်​ရိုး​အ​ပေါ်​မှာ အ​ခန်း​ငယ်​တစ်​ခု​ကို လုပ်​ကြ​ကုန်​အံ့။ သူ့​အ​ဖို့ ခု​တင်၊ စား​ပွဲ၊ ထိုင်​ခုံ၊ မီး​ခုံ​တို့​ကို​ထား​ကြ​ကုန်​အံ့။ သို့​ဖြစ်၍၊ သူ​သည် ငါ​တို့​ဆီ​သို့​ရောက်​သော​အ​ခါ၊ ထို​အ​ခန်း​ထဲ​သို့ ဝင်​လိမ့်​မည်​ဟု မိ​မိ​ခင်​ပွန်း​အား ဆို၏။ တစ်​နေ့​သ၌ ဧ​လိ​ရှဲ​သည်​ရောက်​သ​ဖြင့်၊ ထို​အ​ခန်း​ထဲ​သို့​ဝင်၍ အိပ်​နေ၏။ ထို​ရှု​နင်​မြို့​သူ​မိန်း​မ​ကို ခေါ်​လော့​ဟု မိ​မိ​ကျွန်​ဂေ​ဟာ​ဇိ​အား ဆို​သည်​အ​တိုင်း​ခေါ်၍၊ မိန်း​မ​သည် ဧ​လိ​ရှဲ​ရှေ့​မှာ ရပ်​နေ၏။ ဧ​လိ​ရှဲ​က၊ သင်​သည်​ငါ​တို့​အ​ဖို့ ဤ​မျှ​လောက်​လုပ်​ကြွေး​ပြု​စု​သည်​အ​တွက်၊ သင့်​အ​ဖို့​အ​ဘယ်​သို့ ပြု​ရ​မည်​နည်း။ သင့်​အ​ဖို့ ရှင်​ဘု​ရင်​ထံ၊ ဗိုလ်​ချုပ်​မင်း​ထံ၌ ငါ​ပြော​ရ​မည်​လော​ဟု ဂေ​ဟာ​ဇိ​မေး​မည်​အ​ကြောင်း စီ​ရင်​သော်၊ မိန်း​မ​က၊ ကျွန်​မ​သည် ကိုယ်​အ​ဆွေ​အ​မျိုး​တို့​တွင် နေ​ပါ​ဦး​မည်​ဟု ပြန်​ပြော၏။ ဧ​လိ​ရှဲ​က​လည်း၊ ဤ​မိန်း​မ​အ​ဖို့ အ​ဘယ်​သို့ ပြု​စ​ရာ​ရှိ​သ​နည်း​ဟု မေး​ပြန်​လျှင်၊ ဂေ​ဟာ​ဇိ​က၊ ဤ​မိန်း​မ၌ သား​သ​မီး​မ​ရှိ​ပါ။ သူ့​ခင်​ပွန်း​လည်း အို​လှ​ပြီ​ဟု​ဆို​သော်၊ တစ်​ဖန်​ခေါ်​ဦး​လော့​ဟု​ဆို​သည်​အ​တိုင်း ခေါ်၍၊ မိန်း​မ​သည် တံ​ခါး​ဝ​မှာ​ရပ်​နေ၏။ ဧ​လိ​ရှဲ​က​လည်း၊ သင်​သည် နောင်​နှစ်​အ​ချိန်​အ​ရွယ်​စေ့​သော​အ​ခါ သား​ကို​ဖက်​ယမ်း​ရ​လိမ့်​မည်​ဟု ဆို​လျှင်၊ မိန်း​မ​က အို​အ​ရှင်၊ ဘု​ရား​သ​ခင်၏​လူ၊ ကိုယ်​တော်​ကျွန်​မ​ကို မု​သား​မ​သုံး​ပါ​နှင့်​ဟု ပြန်​ပြော၏။ ထို​နောက်​မိန်း​မ​သည် ပ​ဋိ​သ​န္ဓေ​ယူ၍ ဧ​လိ​ရှဲ​ချိန်း​ချက်​သော အ​ချိန်​အ​ရွယ်​စေ့​သော​အ​ခါ သား​ကို ဖွား​မြင်​လေ၏။ ထို​သား​သည် နို့​ကွာ​ပြီး​မှ၊ တစ်​နေ့​သ၌ စ​ပါး​ရိတ်​သော​သူ​တို့​ရှိ​ရာ မိ​မိ​အ​ဘ​ထံ​သို့ သွား၍၊ ငါ​သည် ခေါင်း​နာ၏။ ခေါင်း​နာ၏​ဟု အ​ဘ​အား​ပြော​ဆို​လျှင်၊ အ​ဘ​က၊ သူ​ငယ်​ကို အ​မိ​ထံ​သို့​ယူ​သွား​ဟု လု​လင်​အား​ပြော၏။ လု​လင်​သည် အ​မိ​ထံ​သို့​ယူ​သွား၍၊ သူ​ငယ်​သည် အ​မိ​ရင်​ခွင်၌​ထိုင်၍ မွန်း​တည့်​အ​ချိန်​ရှိ​ပြီး​မှ သေ၏။ အ​မိ​သည် မြို့​ရိုး​ပေါ်​သို့​တက်၍ အ​လောင်း​ကို ဘု​ရား​သ​ခင့်​လူ၏​ခု​တင်​ပေါ်​မှာ​ထား​ပြီး​လျှင်၊ တံ​ခါး​ကို​ပိတ်​ခဲ့၍ သွား​လေ၏။ ခင်​ပွန်း​ကို​လည်း​ခေါ်၍၊ ကျွန်ုပ်​သည် ဘု​ရား​သ​ခင်၏​လူ​ထံ​သို့​ပြေး၍ တစ်​ဖန်​ပြန်​လာ​ဦး​မည်။ လု​လင်​တစ်​ယောက်​နှင့် မြည်း​တစ်​စီး​ကို​ထည့်​လိုက်​ပါ​ဟု ဆို​လျှင်၊ ခင်​ပွန်း​က၊ အ​ဘယ်​ကြောင့် ယ​နေ့​သွား​ချင်​သ​နည်း။ လ​ဆန်း​နေ့​မ​ဟုတ်၊ ဥ​ပုသ်​နေ့​လည်း​မ​ဟုတ်​ဟု ဆို​သော်၊ မိန်း​မ​က၊ ကောင်း​ပါ​လိမ့်​မည်​ဟု ပြန်​ပြော၏။ မြည်း​ကို ကုန်း​နှီး​တင်​ပြီး​မှ ကျွန်​ကို​ခေါ်၍ နှင်​သွား​လော့။ ငါ​မ​ပြော​လျှင် ငါ့​ကြောင့် အ​သွား​မ​နှေး​စေ​နှင့်​ဟု ကျွန်​အား​မှာ​ထား​သ​ဖြင့်၊ ခ​ရီး​သွား၍ ဘု​ရား​သ​ခင်၏​လူ​ရှိ​ရာ၊ က​ရ​မေ​လ​တောင်​ပေါ်​သို့ ရောက်​သည်​ကို ဘု​ရား​သ​ခင်၏​လူ​သည် အ​ဝေး​က​မြင်​သော​အ​ခါ၊ မိ​မိ​ကျွန်​ဂေ​ဟာ​ဇိ​ကို​ခေါ်၍၊ ရှု​နင်​မြို့​သူ​မိန်း​မ​လာ၏။ သင်​ပြေး၍ ခ​ရီး​ဦး​ကြို​ပြု​ပြီး​လျှင်၊ ကိုယ်​တိုင်​မာ၏​လော။ ခင်​ပွန်း​မာ၏​လော။ သူ​ငယ်​မာ၏​လော​ဟု စေ​လွှတ်၍ မေး​စေ​သော်၊ မိန်း​မ​က မာ​ပါ၏​ဟု​ဆို၏။ ဘု​ရား​သ​ခင်၏​လူ​ရှိ​ရာ တောင်​ပေါ်​သို့ ရောက်​သော​အ​ခါ၊ သူ၏​ခြေ​တို့​ကို ဖက်​လေ၏။ ဂေ​ဟာ​ဇိ​သည် ဆီး​တား​ခြင်း​ငှာ ချဉ်း​လာ​လျှင်၊ ဘု​ရား​သ​ခင်၏​လူ​က သူ့​ကို​မ​ဆီး​တား​နှင့်။ သူ​သည် စိတ်​ညှိုး​ငယ်​ခြင်း​ရှိ၏။ ထို​အ​ကြောင်း​ကို ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား​မ​ပြ၊ ဝှက်​ထား​တော်​မူ​ပြီ​ဟု ဆို၏။ မိန်း​မ​က​လည်း၊ ကျွန်​မ​သည် ကျွန်​မ​သ​ခင်​ထံ​မှာ သား​ဆု​ကို တောင်း​ပါ​သ​လော။ ကျွန်​မ​ကို​မု​သား​မ​သုံး​ပါ​နှင့်​ဟု လျှောက်​ဆို​သည်​မ​ဟုတ်​လော​ဟု ဆို၏။ ဧ​လိ​ရှဲ​သည် ဂေ​ဟာ​ဇိ​ကို​ခေါ်၍ သင်၏​ခါး​ကို စည်း​လော့။ ငါ့​တောင်​ဝှေး​ကို​ကိုင်၍ သွား​လော့။ လမ်း​မှာ သူ​တစ်​ပါး​တွေ့​လျှင် နှုတ်​မ​ဆက်​နှင့်။ သင့်​ကို သူ​တစ်​ပါး​နှုတ်​ဆက်​လျှင် ပြန်၍​မ​ပြော​နှင့်။ ငါ့​တောင်​ဝှေး​ကို သူ​ငယ်၏​မျက်​နှာ​ပေါ်​မှာ တင်​လော့​ဟု မှာ​ထား​လေ၏။ အ​မိ​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား​အ​သက်၊ ကိုယ်​တော်​အ​သက် ရှင်​တော်​မူ​သည်​အ​တိုင်း၊ ကျွန်​မ​သည် ကိုယ်​တော်​နှင့်​ကွာ၍ မ​သွား​နိုင်​ပါ​ဟု​ဆို​လျှင်၊ ဧ​လိ​ရှဲ​သည်​ထ၍ လိုက်​လေ၏။ ဂေ​ဟာ​ဇိ​သည် အ​ရင်​သွား၍၊ တောင်​ဝှေး​ကို သူ​ငယ်၏​မျက်​နှာ​ပေါ်​မှာ တင်​သော်​လည်း၊ သူ​ငယ်​သည် အ​သံ​မ​ပြု အ​မှု​မ​ထား။ ထို​ကြောင့် ဂေ​ဟာ​ဇိ​သည် ဧ​လိ​ရှဲ​ကို​ခ​ရီး​ဦး​ကြို​ပြု၍၊ သူ​ငယ်​သည်​မ​နိုး​ပါ​ဟု ပြန်​ပြော၏။ ဧ​လိ​ရှဲ​သည် အိမ်​သို့​ရောက်​သော​အ​ခါ၊ သူ​ငယ်​သေ​လျက်၊ မိ​မိ​ခု​တင်​ပေါ်​မှာ တင်​ထား​လျက်​ရှိ​သည်​ကို တွေ့​သ​ဖြင့်၊ အ​ထဲ​သို့​ဝင်၍ နှစ်​ယောက်​တည်း​ရှိ​စေ​ခြင်း​ငှာ တံ​ခါး​ကို​ပိတ်​လျက် ထာ​ဝ​ရ​ဘု​ရား​ကို ဆု​တောင်း​လေ၏။ သူ​ငယ်၏​အ​နီး​အ​ပါး​သို့​ချဉ်း၍၊ သူ့​အ​ပေါ်​မှာ​အိပ်​လျက် နှုတ်​ချင်း၊ မျက်​စိ​ချင်း၊ လက်​ချင်း​ထပ်​လျက်၊ သူ​ငယ်​အ​ပေါ်​မှာ ကိုယ်​ကို​လှန်သ​ဖြင့် သူ​ငယ်​အ​သား​သည် နွေး​စ​ရှိ၏။ တစ်​ဖန်​ဆင်း၍ အ​ခန်း​ထဲ​မှာ​စင်္ကြံ​သွား​ပြီး​လျှင်၊ ချဉ်း​ပြန်၍ သူ​ငယ်​အ​ပေါ်​မှာ ကိုယ်​ကို​လှန်သ​ဖြင့်၊ သူ​ငယ်​သည် ခု​နစ်​ကြိမ်​ချေ​ဆတ်၍ မျက်​စိ​ကို​ဖွင့်၏။ ဧ​လိ​ရှဲ​သည် ဂေ​ဟာ​ဇိ​ကို​ခေါ်၍၊ ရှု​နင်​မြို့​သူ​မိန်း​မ​ကို​ခေါ်​လိုက်​ဟု ဆို​သည်​အ​တိုင်း​ခေါ်၍ သူ​သည် ရောက်​လာ​သော​အ​ခါ၊ ဧ​လိ​ရှဲ​က သင်၏​သား​ကို ချီ​ယူ​လော့​ဟု ဆို၏။ မိန်း​မ​သည်​အ​ထဲ​သို့​ဝင်၍၊ မြေ​ပေါ်​မှာ ပျပ်​ဝပ်​ဦး​ချ​ပြီး​လျှင် သား​ကို​ချီ​ယူ၍ ထွက်​သွား၏။