YouVersion လိုဂို
ရှာရန် အိုင်ကွန်

၄ ဓမ္မရာဇဝင် 19:14-19

၄ ဓမ္မရာဇဝင် 19:14-19 JBMLE

ထို​မှာ​စာ​ကို ဟေ​ဇ​ကိ​မင်း​သည် သံ​တ​မန်၏​လက်​မှ​ခံ​ယူ၍ ကြည့်​ပြီး​လျှင် ဗိ​မာန်​တော်​သို့​သွား၍ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဖြန့်​ထား​လေ၏။ ထို​အ​ခါ ဟေ​ဇ​ကိ​မင်း​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ လျှောက်​ဆို​သည်​ကား၊ ခေ​ရု​ဗိမ်​ပေါ်​မှာ​ထိုင်​တော်​မူ​သော ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ၏။ ကိုယ်​တော်​တစ်​ပါး​တည်း​သာ​လျှင် မြေ​ကြီး​ပေါ်​မှာ​ရှိ​သ​မျှ​သော အ​တိုင်း​တိုင်း​အ​ပြည်​ပြည်​တို့၏ ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ၏။ ကိုယ်​တော်​သည် ကောင်း​ကင်​နှင့်​မြေ​ကြီး​ကို ဖန်​ဆင်း​တော်​မူ၏။ အို​ထာ​ဝ​ရ​ဘု​ရား၊ နား​တော်​ကို​လှည့်၍ နား​ထောင်​တော်​မူ​ပါ။ အို​ထာ​ဝ​ရ​ဘု​ရား၊ မျက်​စိ​တော်​ကို​ဖွင့်၍ ကြည့်​ရှု​တော်​မူ​ပါ။ သ​နာ​ခ​ရိပ်​မင်း​သည် အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား​သ​ခင်​ကို ကဲ့​ရဲ့၍​ပြော​စေ​သော စ​ကား​အ​လုံး​စုံ​တို့​ကို မှတ်​တော်​မူ​ပါ။ အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကယ်​စင်​စစ် အာ​ရှု​ရိ​ရှင်​ဘု​ရင်​တို့​သည် အ​တိုင်း​တိုင်း​အ​ပြည်​ပြည်​တို့​ကို ဖျက်​ဆီး၍၊ သူ​တို့၏​ဘု​ရား​များ​ကို မီး​ထဲ​သို့​ချ​ပစ်​ကြ​ပါ​ပြီ။ ထို​ဘု​ရား​တို့​သည် ဘု​ရား​မ​ဟုတ်၊ လူ​လက်​ဖြင့်​လုပ်​သော သစ်​သား​နှင့် ကျောက်​ဖြစ်​သော​ကြောင့် ပျက်​စီး​ခြင်း​သို့​ရောက်​ကြ​ပါ​ပြီ။ အို​အ​ကျွန်ုပ်​တို့ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော် ထာ​ဝ​ရ​ဘု​ရား​တစ်​ပါး​သာ ဘု​ရား​သ​ခင် ဖြစ်​တော်​မူ​သည်​ကို မြေ​ကြီး​ပေါ်​မှာ​ရှိ​သ​မျှ​သော တိုင်း​နိုင်​ငံ​တို့​သည်​သိ​မည်​အ​ကြောင်း၊ အ​ကျွန်ုပ်​တို့​ကို ထို​မင်း​လက်​မှ ယ​ခု​ကယ်​တော်​မူ​ပါ။ အ​ကျွန်ုပ်​တောင်း​ပန်​ပါ​သည်​ဟု ပ​တ္ထ​နာ​ပြု​လေ၏။