YouVersion လိုဂို
ရှာရန် အိုင်ကွန်

၄ ဓမ္မရာဇဝင် 16:7-18

၄ ဓမ္မရာဇဝင် 16:7-18 JBMLE

ထို​ကြောင့် အာ​ခတ်​သည် အာ​ရှု​ရိ​ရှင်​ဘု​ရင် တိ​ဂ​လတ်​ပိ​လေ​သာ​ထံ​သို့ သံ​တ​မန်​ကို​စေ​လွှတ်၍၊ ကျွန်ုပ်​သည် ကိုယ်​တော်​သား၊ ကိုယ်​တော်​ကျွန်​ဖြစ်​ပါ၏။ လာ​ပါ။ ကျွန်ုပ်​ကို​ရန်​ဘက်​ပြု​သော ရှု​ရိ​ရှင်​ဘု​ရင်​နှင့် ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​လက်​မှ ကယ်​ယူ​ပါ​ဟု တောင်း​ပန်၏။ တစ်​ဖန် ဗိ​မာန်​တော်၌​လည်း​ကောင်း၊ နန်း​တော်​ဘ​ဏ္ဍာ​တိုက်၌​လည်း​ကောင်း ရှိ​သော​ရွှေ​ငွေ​ကို​ယူ၍ အာ​ရှု​ရိ​ရှင်​ဘု​ရင်​ထံ​သို့ လက်​ဆောင်​ပေး​လိုက်​လေ၏။ အာ​ရှု​ရိ​ရှင်​ဘု​ရင်​သည် နား​ထောင်၍ ဒ​မာ​သက်​မြို့​သို့​စစ်​ချီ၍ တိုက်​ယူ​ပြီး​လျှင်၊ ပြည်​သား​တို့​ကို ကိ​ရ​မြို့​သို့ သိမ်း​သွား၏။ ရေ​ဇိန်​မင်း​ကို​လည်း​သတ်၏။ အာ​ခတ်​မင်း​ကြီး​သည် အာ​ရှု​ရိ​ရှင်​ဘု​ရင်​ကို ခ​ရီး​ဦး​ကြို​ပြု​ခြင်း​ငှာ ဒ​မာ​သက်​မြို့​သို့​သွား၏။ ထို​မြို့​မှာ​ရှိ​သော ယဇ်​ပ​လ္လင်​ကို​မြင်​လျှင်၊ ပ​လ္လင်​ပုံ၊ အ​တိုင်း​အ​ရှည်၊ တန်​ဆာ​ရှိ​သ​မျှ​ကို​ရေး၍ ယဇ်​ပု​ရော​ဟိတ်​ဥ​ရိ​ယ​ထံ​သို့ ပေး​လိုက်၏။ ထို​သို့ ဒ​မာ​သက်​မြို့​မှ အာ​ခတ်​မင်း​ပေး​လိုက်​သ​မျှ​အ​တိုင်း၊ ယဇ်​ပု​ရော​ဟိတ်​ဥ​ရိ​ယ​သည် အာ​ခတ်​မင်း မ​ရောက်​မီ လုပ်​နှင့်​ပြီ။ ရှင်​ဘု​ရင်​သည် ဒ​မာ​သက်​မြို့​မှ​ရောက်​လာ​သော​အ​ခါ၊ ထို​ယဇ်​ပ​လ္လင်​ကို​မြင်၍ ချဉ်း​ကပ်​သ​ဖြင့်၊ မီး​ရှို့​ရာ​ယဇ်​နှင့် ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ကို​မီး​ရှို့၏။ သွန်း​လောင်း​ရာ​ပူ​ဇော်​သ​ကာ​ကို​လည်း သွန်း​လောင်း၏။ မိတ်​သ​ဟာ​ယ​ယဇ်​အ​သွေး​ကို​လည်း ယဇ်​ပ​လ္လင်​ပေါ်​မှာ​ဖျန်း​လေ၏။ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌​ရှိ​သော ကြေး​ဝါ​ယဇ်​ပ​လ္လင်​ကို ဗိ​မာန်​တော်​ရှေ့၊ ယဇ်​ပ​လ္လင်​ကြီး​နှင့် ဗိ​မာန်​တော်​စပ်​ကြား​အ​ရပ်​မှ​ရွှေ့၍ ယဇ်​ပ​လ္လင်​ကြီး မြောက်​ဘက်၌ ထား၏။ တစ်​ဖန် ယဇ်​ပု​ရော​ဟိတ်​ဥ​ရိ​ယ​ကို မှာ​ထား​သည်​ကား၊ နံ​နက်​မီး​ရှို့​ရာ​ယဇ်​နှင့် ညဉ့်​ဦး​ယံ​ဘော​ဇဉ် ပူ​ဇော်​သ​ကာ၊ ရှင်​ဘု​ရင်​မီး​ရှို့​ရာ​ယဇ်​နှင့် ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ ပြည်သူပြည်သားမီး​ရှို့​ရာ​ယဇ်​နှင့် ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ သွန်း​လောင်း​ရာ ပူ​ဇော်​သ​ကာ​တို့​ကို ယဇ်​ပ​လ္လင်​ကြီး​ပေါ်​မှာ မီး​ရှို့​လော့။ မီး​ရှို့​ရာ​ယဇ် အ​စ​ရှိ​သော ယဇ်​မျိုး​အ​သွေး​ကို​လည်း ထို​ပ​လ္လင်​ပေါ်​မှာ​ဖျန်း​လော့။ ကြေး​ဝါ​ယဇ်​ပ​လ္လင်​သည် ငါ​မေး​မြန်း​စ​ရာ​ဖို့ ရှိ​ရ​မည်​ဟု၊ အာ​ခတ်​မင်း​ကြီး​မှာ​ထား​သ​မျှ​အ​တိုင်း ယဇ်​ပု​ရော​ဟိတ်​ဥ​ရိ​ယ​ပြု၏။ အာ​ခတ်​မင်း​ကြီး​သည် ကြေး​ဝါ​ခုံ​တန်​ဆာ​တို့​ကို ပယ်၍ အင်​တုံ​ကို​လည်း​ရွှေ့၏။ ကြေး​ဝါ​ရေ​ကန်​ကို​လည်း ကြေး​ဝါ​နွား​တို့​အ​ပေါ်​က ချ၍ ကျောက်​ခင်း​ပေါ်​မှာ တင်​ထား၏။ ဗိ​မာန်​တော်၌ ဥ​ပုသ်​စောင့်​စ​ရာ​ဖို့ ဆောက်​သော​မ​ဏ္ဍပ်​ကို​လည်း​ကောင်း၊ ရှင်​ဘု​ရင်​တက်​ရာ စောင်း​တန်း​ကို​လည်း​ကောင်း၊ အာ​ရှု​ရိ​ရှင်​ဘု​ရင်​ကြောင့်​ပယ်၏။