YouVersion လိုဂို
ရှာရန် အိုင်ကွန်

၄ ဓမ္မရာဇဝင် 13:1-9

၄ ဓမ္မရာဇဝင် 13:1-9 JBMLE

ယု​ဒ​ရှင်​ဘု​ရင်​အာ​ခ​ဇိ​သား ယော​ရှ​နန်း​စံ နှစ်​ဆယ်​သုံး​နှစ်​တွင်၊ ယေ​ဟု​သား​ယော​ခတ်​သည် ရှ​မာ​ရိ​မြို့၌ မင်း​ပြု၍ ဣ​သ​ရေ​လ​နိုင်​ငံ​ကို ဆယ်​ခု​နစ်​နှစ်​စိုး​စံ၏။ ထို​မင်း​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဒု​စ​ရိုက်​ကို​ပြု၍၊ ဣ​သ​ရေ​လ​အ​မျိုး​ကို ပြစ်​မှား​စေ​သော နေ​ဗတ်​သား ယေ​ရော​ဗောင်၏ ဒု​စ​ရိုက်​အ​ပြစ်​တို့​ကို​မ​ရှောင်၊ လိုက်​လေ၏။ ထို​ကြောင့် ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို အ​မျက်​ထွက်၍၊ ယော​ခတ်​မင်း​လက်​ထက် ကာ​လ​ပတ်​လုံး၊ ရှု​ရိ​ရှင်​ဘု​ရင် ဟာ​ဇေ​လ​နှင့် သူ၏​သား​ဗင်္ယာ​ဒဒ်​လက်​သို့ ဣ​သ​ရေ​လ​အ​မျိုး​ကို အပ်​တော်​မူ၏။ တစ်​ဖန် ယော​ခတ်​သည် ထာ​ဝ​ရ​ဘု​ရား​ကို တောင်း​ပန်​လေ၏။ ရှု​ရိ​ရှင်​ဘု​ရင်​ညှဉ်း​ဆဲ၍ ဣ​သ​ရေ​လ​အ​မျိုး​သည် အ​လွန်​ခံ​ရ​ကြောင်း​ကို ထာ​ဝ​ရ​ဘု​ရား​သည်​မြင်၍ ယော​ခတ်​စ​ကား​ကို နား​ထောင်​တော်​မူ၏။ ထို​ကြောင့် ထာ​ဝ​ရ​ဘု​ရား​သည် ကယ်​တင်​သော​သ​ခင်​ကို ပေး​တော်​မူ​သ​ဖြင့်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ရှု​ရိ​လူ​တို့​လက်​မှ ထွက်​မြောက်၍ အ​ထက်​က​နည်း​တူ မိ​မိ​တို့​နေ​ရာ၌ နေ​ရ​ကြ၏။ သို့​ရာ​တွင် ဣ​သ​ရေ​လ​အ​မျိုး​ကို ပြစ်​မှား​စေ​သော ယေ​ရော​ဗောင်​မင်း​မျိုး၏ ဒု​စ​ရိုက်​အ​ပြစ်​တို့​ကို​မ​ရှောင်၊ လိုက်​ကြ၏။ ရှ​မာ​ရိ​မြို့၌​လည်း အာ​ရှ​ရ​ပင် ရှိ​သေး၏။ ရှု​ရိ​ရှင်​ဘု​ရင်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို ဖျက်​ဆီး၍၊ စ​ပါး​နင်း​ရာ​တွင် လွင့်​သော​အ​မှုန့်​ကဲ့​သို့ ဖြစ်​စေ​သ​ဖြင့်၊ မြင်း​စီး​သူ​ရဲ ငါး​ကျိပ်၊ ရ​ထား​တစ်​ဆယ်၊ ခြေ​သည်​သူ​ရဲ​တစ်​သောင်း​ကို​သာ ယော​ခတ်၌​ကြွင်း​စေ၏။ ယော​ခတ်​ပြု​မူ​သော အ​မှု​အ​ရာ​ကြွင်း​လေ​သ​မျှ​တို့​နှင့် တန်​ခိုး​ကြီး​ခြင်း​အ​ရာ​သည် ဣ​သ​ရေ​လ​ရာ​ဇ​ဝင်၌ ရေး​ထား​လျက်​ရှိ၏။ ယော​ခတ်​သည် ဘိုး​ဘေး​တို့​နှင့်​အိပ်​ပျော်၍၊ ရှ​မာ​ရိ​မြို့၌ သင်္ဂြိုဟ်​ခြင်း​ကို ခံ​လေ၏။ သား​တော်​ယ​ဟော​ရှ​သည် ခ​မည်း​တော်​အ​ရာ၌ နန်း​ထိုင်၏။