YouVersion လိုဂို
ရှာရန် အိုင်ကွန်

၄ ဓမ္မရာဇဝင် 12:1-16

၄ ဓမ္မရာဇဝင် 12:1-16 JBMLE

ယေ​ဟု​နန်း​စံ ခု​နစ်​နှစ်​တွင် ယော​ရှ​သည် အ​သက်​ခု​နစ်​နှစ်​ရှိ​သော်၊ နန်း​ထိုင်၍ ယေ​ရု​ရှ​လင်​မြို့၌ အ​နှစ်​လေး​ဆယ်​စိုး​စံ၏။ မယ်​တော်​ကား၊ ဗေ​ရ​ရှေ​ဘ​မြို့​သူ ဇိ​ဗိ​အ​မည်​ရှိ၏။ ယဇ်​ပု​ရော​ဟိတ် ယော​ယ​ဒ​သွန်​သင်​သော ကာ​လ​ပတ်​လုံး​ယော​ရှ​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ တ​ရား​သော​အ​မှု​ကို ပြု၏။ သို့​ရာ​တွင် မြင့်​သော​အ​ရပ်​တို့​ကို မ​ပယ်​ရှား​သော​ကြောင့်၊ လူ​တို့​သည် ထို​အ​ရပ်​တို့၌​ယဇ်​ပူ​ဇော်၍ နံ့​သာ​ပေါင်း​ကို မီး​ရှို့​ကြ၏။ ယော​ရှ​မင်း​က​လည်း၊ ဗိ​မာန်​တော်​ထဲ​သို့​သွင်း​သော အ​လှူ​ဥ​စ္စာ​ကို​ရောင်း၍ ရ​သော​ငွေ၊ စာ​ရင်း​ဝင်​သော​သူ​တိုင်း ကိုယ်​အ​တွက်​ပေး​သော​ငွေ၊ ကိုယ်​ဖိုး​ဖြတ်၍ ရ​သော​ငွေ၊ အ​လို​လို လှူ​သော​ငွေ​ရှိ​သ​မျှ​ကို၊ ယဇ်​ပု​ရော​ဟိတ်​တို့​သည် မိ​မိ​တို့​အ​သိ​အ​ကျွမ်း လှူ​သည်​အ​တိုင်း​ခံ​ယူ၍၊ ဗိ​မာန်​တော်​ပြို​ပျက်​ရာ​ရှိ​သ​မျှ​တို့​ကို ပြု​ပြင်​ကြ​စေ​ဟု ယဇ်​ပု​ရော​ဟိတ်​တို့​အား မိန့်​တော်​မူ၏။ သို့​သော်​လည်း ယော​ရှ​မင်း​ကြီး နန်း​စံ​နှစ်​ဆယ်​သုံး​နှစ်​တွင်၊ ယဇ်​ပု​ရော​ဟိတ်​တို့​သည် ဗိ​မာန်​တော်​ပြို​ပျက်​ရာ​တို့​ကို မ​ပြု​ပြင်​ကြ​သေး။ ထို​အ​ခါ ယော​ရှ​မင်း​ကြီး​သည် ယဇ်​ပု​ရော​ဟိတ် ယော​ယ​ဒ​နှင့် အ​ခြား​သော ယဇ်​ပု​ရော​ဟိတ်​တို့​ကို ခေါ်၍၊ သင်​တို့​သည် ဗိ​မာန်​တော်​ပြို​ပျက်​ရာ​တို့​ကို အ​ဘယ်​ကြောင့် မ​ပြု​ပြင်​ဘဲ​နေ​ကြ​သ​နည်း။ နောက်​တစ်​ဖန် အ​သိ​အ​ကျွမ်း​လှူ​သော ငွေ​ကို ကိုယ်​တိုင်​မ​ယူ​ကြ​နှင့်။ ဗိ​မာန်​တော်​ပြို​ပျက်​ရာ​တို့​ကို ပြု​ပြင်​ဖို့​ရာ​အပ်​ကြ​လော့​ဟု ဆို​သည်​အ​တိုင်း၊ ယဇ်​ပု​ရော​ဟိတ်​တို့​သည် နောက်​တစ်​ဖန် လူ​များ​လှူ​သော​ငွေ​ကို မ​ခံ​ရ။ ဗိ​မာန်​တော်​ပြို​ပျက်​ရာ​ကို​လည်း မ​ပြု​ပြင်​ရ​ဟု ဝန်​ခံ​ကြ၏။ ယဇ်​ပု​ရော​ဟိတ် ယော​ယ​ဒ​သည် သေ​တ္တာ​ကို​ယူ၍ အ​ဖုံး​ကို​ဖောက်​ပြီး​လျှင်၊ ဗိ​မာန်​တော်​အ​ထဲ​သို့ ဝင်​သော​လမ်း လက်​ယာ​ဘက်​ယဇ်​ပ​လ္လင်​နား​မှာ ထား​လေ၏။ ဗိ​မာန်​တော်​သို့​ဆောင်​ခဲ့​သော ငွေ​ရှိ​သ​မျှ​ကို တံ​ခါး​စောင့် ယဇ်​ပု​ရော​ဟိတ်​တို့​သည် သေ​တ္တာ​ထဲ​မှာ​ထား​ကြ၏။ ငွေ​များ​သည်​ကို​သိ​မြင်​လျှင်၊ ရှင်​ဘု​ရင်၏​စာ​ရေး​တော်​ကြီး​နှင့် ယဇ်​ပု​ရော​ဟိတ်​မင်း​သည်​လာ၍ ဗိ​မာန်​တော်၌​စု​သော​ငွေ​ကို ထုတ်​ထား​လျက် စာ​ရင်း​ယူ၏။ ထို​သို့ ချိန်​ထား​သော​ငွေ​ကို ဗိ​မာန်​တော်​အုပ် အ​မှု​တော်​စောင့်​တို့၌​အပ်၍၊ ဗိ​မာန်​တော်၌ အ​လုပ်​လုပ်​သော လက်​သ​မား၊ ပန်း​ရန်​သ​မား၊ ကျောက်​ဆစ်​သ​မား​တို့​အ​တွက် ဗိ​မာန်​တော်​ပြို​ပျက်​ရာ​ကို ပြု​ပြင်​စ​ရာ​ကျောက်​နှင့် သစ်​သား​ကို​ဝယ်၍ ကုန်​သ​မျှ​သော​အ​တွက် ပေး​ဝေ​ကြ၏။ ဗိ​မာန်​တော်​အ​ဖို့​ငွေ​ဖ​လား၊ မီး​ညှပ်၊ အင်​တုံ၊ တံ​ပိုး၊ ရွှေ​တန်​ဆာ၊ ငွေ​တန်​ဆာ​တို့​ကို ထို​ငွေ​နှင့်​မ​လုပ်​သေး။ အ​လုပ်​လုပ်​သော​သူ​တို့​အား​သာ ပေး၍၊ ဗိ​မာန်​တော်​ကို ပြု​ပြင်​ကြ၏။ အ​လုပ်​လုပ်​သော​သူ​တို့​အား​ပေး​စေ​ခြင်း​ငှာ၊ ငွေ​ကို လက်​ခံ​သော​သူ​တို့​သည် သ​စ္စာ​စောင့်​သော​သူ ဖြစ်​သော​ကြောင့် စာ​ရင်း​မ​ပေး​ကြ။ ဒု​စ​ရိုက်​ငွေ၊ အ​ပြစ်​ငွေ​ကို​မူ​ကား၊ ဗိ​မာန်​တော်​သို့ မ​သွင်း​ဘဲ ယဇ်​ပု​ရော​ဟိတ်​တို့​သည် ယူ​ကြ၏။