YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ ကောရိန္သု 9:6-10

၂ ကောရိန္သု 9:6-10 JBMLE

အ​နည်း​ငယ်​သော​မျိုး​စေ့​ကို ကြဲ​သော​သူ​သည် စ​ပါး​အ​နည်း​ငယ်​သာ​ရိတ်​ရ​မည်။ များ​စွာ​ကြဲ​သော​သူ​သည် များ​စွာ​ရိတ်​ရ​မည်​ဟု မှတ်​ကြ​လော့။- လူ​တိုင်း ကိုယ်​အ​လို​အ​လျောက် လှူ​ရ၏။ နှ​မြော​သော​စိတ်​နှင့် မ​လှူ​ရ၊ မ​လှူ​ဘဲ​မ​နေ​ရ​ဟု စိတ်​ထင်​နှင့် မ​လှူ​ရ၊ အ​ကြောင်း​မူ​ကား၊ စေ​တ​နာ​စိတ်​နှင့် လှူ​သော​သူ​ကို​သာ ဘု​ရား​သ​ခင် နှစ်​သက်​တော်​မူ၏။- ကျမ်း​စာ​လာ​သည်​ကား၊ သူ​သည်​စွန့်​ကြဲ​ပြီ၊ ဆင်း​ရဲ​သော​သူ​တို့​အား ပေး​ကမ်း​ပြီ။- သူ၏​ဖြောင့်​မတ်​ခြင်း​သည် အ​စဉ်​အ​မြဲ​တည်​တတ်၏​ဟု လာ​သည်​နှင့်​အ​ညီ၊ သင်​တို့​သည် အ​ရာ​ရာ၌ သုံး​လောက်​သော ဥ​စ္စာ​အ​မျိုး​မျိုး​နှင့် အ​စဉ်​ရှိ၍၊ ကောင်း​သော အ​ကျင့်​အ​မျိုး​မျိုး​နှင့် အ​ထူး​သ​ဖြင့် ပြည့်​စုံ​မည် အ​ကြောင်း၊ အ​မျိုး​စုံ​သော​မင်္ဂ​လာ​ကျေး​ဇူး​နှင့် အ​ထူး​သ​ဖြင့် ပြည့်​စုံ​စေ​ခြင်း​ငှာ ဘု​ရား​သ​ခင် တတ်​နိုင်​တော်​မူ၏။- မျိုး​စေ့​ကြဲ​သော​သူ​အား မျိုး​စေ့​ကို​လည်း​ကောင်း၊ အ​စာ​အာ​ဟာ​ရ​ကို​လည်း​ကောင်း၊ ပေး​တော်​မူ​သော​သူ​သည်၊ သင်​တို့​အား မျိုး​စေ့​ကို ပေး၍ ပွား​များ​စေ​တော်​မူ​မည်။ သင်​တို့၏ ဖြောင့်​မတ်​ခြင်း​ကို​လည်း ကြွယ်​ဝ​စေ​တော်​မူ​မည်။