သို့သော်လည်း တန်ခိုးတော်၏ ဂုဏ်အသရေသည် ငါတို့နှင့်မဆိုင်၊ ဘုရားသခင်နှင့် ဆိုင်မည်အကြောင်း၊ ထိုဘဏ္ဍာသည်မြေအိုးထဲမှာ ထည့်ထားလျက် ငါတို့၌ရှိ၏။- ငါတို့သည် အမျိုးမျိုးသော နှောင့်ယှက်ခြင်းကို ခံရသော်လည်း၊ အကျိုးနည်းခြင်းသို့မရောက်။ မကြံစည်နိုင်အောင်ရှိသော်လည်း စိတ်မပျက်။- ညှဉ်းဆဲခြင်းကို ခံရသော်လည်း ဆုံးရှုံးခြင်းမရှိ။ အောက်သို့ လှဲခြင်းကိုခံရသော်လည်း ဆုံးရာသို့မရောက်။- သခင်ယေရှုသည် အသက်ရှင်တော်မူကြောင်းကို ငါတို့ကိုယ်ခန္ဓာ၌ ထင်ရှားစေခြင်းငှာ၊ ယေရှု၏သေတော်မူခြင်းကို အစဉ်မပြတ် ငါတို့၏ကိုယ်ခန္ဓာ၌ ဆောင်ရကြ၏။- အဘယ်သို့နည်းဟူမူကား၊ ယေရှုသည် အသက်ရှင်တော်မူကြောင်းကို၊ ငါတို့၏သေတတ်သော ခန္ဓာကိုယ်၌ ထင်ရှားစေခြင်းငှာ၊ ငါတို့သည် အသက်ရှင်စဉ်တွင် ယေရှုကြောင့် သေခြင်းလက်သို့ အစဉ်အပ်နှံခြင်းကို ခံရကြ၏။- သို့ဖြစ်၍ သေခြင်းတရားသည် ငါတို့၌ပြုပြင်တတ်၏။ သင်တို့၌ကား၊ အသက်ရှင်ခြင်းတရားသည် ပြုပြင်တတ်၏။- ထိုသို့သော ယုံကြည်ခြင်းစိတ် ရှိသည်ဖြစ်၍၊ ငါသည်ယုံကြည်သောကြောင့် မြွက်ဆို၏ဟု ကျမ်းစာလာသည်နှင့်အညီ၊ ငါတို့သည် ယုံကြည်ခြင်းစိတ်ရှိသောကြောင့် မြွက်ဆိုဟောပြောကြ၏။ သခင်ယေရှုကို ထမြောက်စေတော်မူသောသူသည် ယေရှုအားဖြင့် ငါတို့ကိုလည်း ထမြောက်စေ၍၊ သင်တို့နှင့်အတူအထံတော်၌ သွင်းတော်မူမည်ဟု ငါတို့သိကြ၏။
၂ ကောရိန္သု 4 ကိုဖတ်ပါ။
နားထောင်ပါ။ ၂ ကောရိန္သု 4
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ၂ ကောရိန္သု 4:7-14
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ