ထိုကြောင့်ငါတို့သည် ထိုသို့သောတရား၏အမှုကို ဆောင်ရွက်သောသူဖြစ်၍၊ ကရုဏာကျေးဇူးတော်ကို ခံရသည်နှင့်အညီ၊ အားလျော့စိတ်ပျက်ခြင်းနှင့် ကင်းလွတ်ကြ၏။- ဆိတ်ကွယ်ရာအရပ်၌ပြုသော ရှက်ဖွယ်သော အမှုများကိုပယ်ကြ၏။ ပရိယာယ်ကိုမသုံး၊ ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို ထိမ်ဝှက်မှောက်လှန်ခြင်း မရှိ။ သမ္မာတရားကို အတည့်အလင်း ဖော်ပြ၍၊ ဘုရားသခင့်ရှေ့တော်၌ လူအပေါင်းတို့၏ စိတ်အထင်အတိုင်း ချီးမွမ်းဖွယ်သော အကျင့်ဓလေ့ကို ကျင့်ကြ၏။- ငါတို့ဟောပြောသော ဧဝံဂေလိတရားသည် ဖုံးအုပ်လျက်ရှိလျှင်၊ ဆုံးရှုံးခြင်းသို့ရောက်သော သူတို့အားသာ ဖုံးအုပ်လျက်ရှိ၏။- ထိုသို့ မယုံကြည်သောသူတို့ကား၊ ဘုရားသခင်၏ ပုံသဏ္ဌာန်တော် တည်းဟူသော ခရစ်တော်၏ ဘုန်းအသရေနှင့်ပြည့်စုံသော ဧဝံဂေလိတရား၏ အရောင်သည် အလင်းကိုမပေးစေခြင်းငှာ၊ ဤလောကကို အစိုးရသောဘုရားသည် သူတို့၏ ဉာဏ်မျက်စိကို ကွယ်စေ၏။
၂ ကောရိန္သု 4 ကိုဖတ်ပါ။
နားထောင်ပါ။ ၂ ကောရိန္သု 4
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ၂ ကောရိန္သု 4:1-4
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ