အဘယ်သို့နည်းဟူမူကား၊ သင်တို့သည် မင်နှင့် ရေးထားသော စာမဟုတ်။ အသက်ရှင်တော်မူသော ဘုရားသခင်၏ ဝိညာဉ်တော်နှင့် ရေး၍လည်းကောင်း၊ ကျောက်ပြားပေါ်၌မရေးဘဲ အသားနှင့် ပြည့်စုံသော နှလုံးပြားပေါ်၌ ရေး၍လည်းကောင်း၊ ငါတို့ပြုစုသော ခရစ်တော်၏စာ ထင်ရှားစွာဖြစ်ကြ၏။- ငါတို့သည် ခရစ်တော်အားဖြင့် ဘုရားသခင့် ရှေ့တော်၌ ထိုသို့သော ယုံမှတ်စွဲလမ်းခြင်းရှိ၏။ သို့ရာတွင် ငါတို့သည် ကိုယ်တန်ခိုးကို အမှီပြု၍၊ ကိုယ်အလိုအလျောက် တစ်စုံတစ်ခုကိုကြံစည်ခြင်းငှာ တတ်နိုင်သည်မဟုတ်။ ဘုရားသခင်ကို အမှီပြု၍သာ တတ်နိုင်သည်နှင့်အညီ၊- ပဋိညာဉ်တရားသစ်၏ ဆရာဖြစ်နိုင်သော အစွမ်းသတ္တိကို ဘုရားသခင်သည် ငါတို့အား ပေးတော်မူ၏။ ထိုသို့ဆိုသော် ကျမ်းဟောင်းတရားကို မဆိုလို၊ ဝိညာဉ်တော်တရားကို ဆိုလို၏။ ကျမ်းဟောင်းတရားသည် အသက်ကို သတ်တတ်၏။ ဝိညာဉ်တော်တရားမူကား ရှင်စေတတ်၏။- ထိုမှတစ်ပါး ပျောက်တတ်သော ရောင်ခြည်တည်းဟူသော မောရှေ၏မျက်နှာမှ ထွက်သော ရောင်ခြည်ကြောင့်၊ ဣသရေလအမျိုးသားတို့သည် သူ၏မျက်နှာကို စေ့စေ့မကြည့်ရှုနိုင်သည်တိုင်အောင်၊ ကျောက်ပြားပေါ်၌ အက္ခရာတင်၍ ရေးထားသော သေခြင်း၏တရားသည် ဘုန်းအာနုဘော်နှင့် ပြည့်စုံသည်မှန်လျှင်၊
၂ ကောရိန္သု 3 ကိုဖတ်ပါ။
နားထောင်ပါ။ ၂ ကောရိန္သု 3
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ၂ ကောရိန္သု 3:3-7
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ