YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ ကောရိန္သု 3:3-7

၂ ကောရိန္သု 3:3-7 JBMLE

အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ သင်​တို့​သည် မင်​နှင့် ရေး​ထား​သော စာ​မ​ဟုတ်။ အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်၏ ဝိ​ညာဉ်​တော်​နှင့် ရေး၍​လည်း​ကောင်း၊ ကျောက်​ပြား​ပေါ်၌​မ​ရေး​ဘဲ အ​သား​နှင့် ပြည့်​စုံ​သော နှ​လုံး​ပြား​ပေါ်၌ ရေး၍​လည်း​ကောင်း၊ ငါ​တို့​ပြု​စု​သော ခ​ရစ်​တော်၏​စာ ထင်​ရှား​စွာ​ဖြစ်​ကြ၏။- ငါ​တို့​သည် ခ​ရစ်​တော်​အား​ဖြင့် ဘု​ရား​သ​ခင့် ရှေ့​တော်၌ ထို​သို့​သော ယုံ​မှတ်​စွဲ​လမ်း​ခြင်း​ရှိ၏။ သို့​ရာ​တွင် ငါ​တို့​သည် ကိုယ်​တန်​ခိုး​ကို အ​မှီ​ပြု၍၊ ကိုယ်​အ​လို​အ​လျောက် တစ်​စုံ​တစ်​ခု​ကို​ကြံ​စည်​ခြင်း​ငှာ တတ်​နိုင်​သည်​မ​ဟုတ်။ ဘု​ရား​သ​ခင်​ကို အ​မှီ​ပြု၍​သာ တတ်​နိုင်​သည်​နှင့်​အ​ညီ၊- ပ​ဋိ​ညာဉ်​တ​ရား​သစ်၏ ဆ​ရာ​ဖြစ်​နိုင်​သော အ​စွမ်း​သ​တ္တိ​ကို ဘု​ရား​သ​ခင်​သည် ငါ​တို့​အား ပေး​တော်​မူ၏။ ထို​သို့​ဆို​သော် ကျမ်း​ဟောင်း​တ​ရား​ကို မ​ဆို​လို၊ ဝိ​ညာဉ်​တော်​တ​ရား​ကို ဆို​လို၏။ ကျမ်း​ဟောင်း​တ​ရား​သည် အ​သက်​ကို သတ်​တတ်၏။ ဝိ​ညာဉ်​တော်​တ​ရား​မူ​ကား ရှင်​စေ​တတ်၏။- ထို​မှ​တစ်​ပါး ပျောက်​တတ်​သော ရောင်​ခြည်​တည်း​ဟူ​သော မော​ရှေ၏​မျက်​နှာ​မှ ထွက်​သော ရောင်​ခြည်​ကြောင့်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် သူ၏​မျက်​နှာ​ကို စေ့​စေ့​မ​ကြည့်​ရှု​နိုင်​သည်​တိုင်​အောင်၊ ကျောက်​ပြား​ပေါ်၌ အ​က္ခ​ရာ​တင်၍ ရေး​ထား​သော သေ​ခြင်း၏​တ​ရား​သည် ဘုန်း​အာ​နု​ဘော်​နှင့် ပြည့်​စုံ​သည်​မှန်​လျှင်၊