YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ ကောရိန္သု 3

3
ပ​ဋိ​ညာဉ်​တ​ရား​သစ်​၏​အ​စေ​ခံ​များ
1ငါ​တို့​သည် တစ်​ဖန် ကိုယ်​ကို​ကိုယ် ချီး​မွမ်း​ကြ​သ​လော။ သို့​မ​ဟုတ် ချီး​မွမ်း​သော​စာ​ကို သင်​တို့​ထံ​သို့ သူ​တစ်​ပါး ပေး​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ သင်​တို့​သည် သူ​တစ်​ပါး​ထံ​သို့ ပေး​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ငါ​တို့​သည် အ​ချို့​သော​သူ​ကဲ့​သို့ အ​လို​ရှိ​ကြ​သ​လော။- 2သင်​တို့​သည် ငါ​တို့​စိတ်​နှ​လုံး​ပေါ်၌ ရေး​ထား​သော​စာ၊ လူ​အ​ပေါင်း​တို့​သိ၍ ဖတ်​တတ်​သော ငါ​တို့​စာ​ပင် ဖြစ်​ကြ​သ​တည်း။- 3အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ သင်​တို့​သည် မင်​နှင့် ရေး​ထား​သော စာ​မ​ဟုတ်။ အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်၏ ဝိ​ညာဉ်​တော်​နှင့် ရေး၍​လည်း​ကောင်း၊ ကျောက်​ပြား​ပေါ်၌​မ​ရေး​ဘဲ အ​သား​နှင့် ပြည့်​စုံ​သော နှ​လုံး​ပြား​ပေါ်၌ ရေး၍​လည်း​ကောင်း၊ ငါ​တို့​ပြု​စု​သော ခ​ရစ်​တော်၏​စာ ထင်​ရှား​စွာ​ဖြစ်​ကြ၏။- 4ငါ​တို့​သည် ခ​ရစ်​တော်​အား​ဖြင့် ဘု​ရား​သ​ခင့် ရှေ့​တော်၌ ထို​သို့​သော ယုံ​မှတ်​စွဲ​လမ်း​ခြင်း​ရှိ၏။
5သို့​ရာ​တွင် ငါ​တို့​သည် ကိုယ်​တန်​ခိုး​ကို အ​မှီ​ပြု၍၊ ကိုယ်​အ​လို​အ​လျောက် တစ်​စုံ​တစ်​ခု​ကို​ကြံ​စည်​ခြင်း​ငှာ တတ်​နိုင်​သည်​မ​ဟုတ်။ ဘု​ရား​သ​ခင်​ကို အ​မှီ​ပြု၍​သာ တတ်​နိုင်​သည်​နှင့်​အ​ညီ၊- 6ပ​ဋိ​ညာဉ်​တ​ရား​သစ်၏ ဆ​ရာ​ဖြစ်​နိုင်​သော အ​စွမ်း​သ​တ္တိ​ကို ဘု​ရား​သ​ခင်​သည် ငါ​တို့​အား ပေး​တော်​မူ၏။ ထို​သို့​ဆို​သော် ကျမ်း​ဟောင်း​တ​ရား​ကို မ​ဆို​လို၊ ဝိ​ညာဉ်​တော်​တ​ရား​ကို ဆို​လို၏။ ကျမ်း​ဟောင်း​တ​ရား​သည် အ​သက်​ကို သတ်​တတ်၏။ ဝိ​ညာဉ်​တော်​တ​ရား​မူ​ကား ရှင်​စေ​တတ်၏။- 7ထို​မှ​တစ်​ပါး ပျောက်​တတ်​သော ရောင်​ခြည်​တည်း​ဟူ​သော မော​ရှေ၏​မျက်​နှာ​မှ ထွက်​သော ရောင်​ခြည်​ကြောင့်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် သူ၏​မျက်​နှာ​ကို စေ့​စေ့​မ​ကြည့်​ရှု​နိုင်​သည်​တိုင်​အောင်၊ ကျောက်​ပြား​ပေါ်၌ အ​က္ခ​ရာ​တင်၍ ရေး​ထား​သော သေ​ခြင်း၏​တ​ရား​သည် ဘုန်း​အာ​နု​ဘော်​နှင့် ပြည့်​စုံ​သည်​မှန်​လျှင်၊- 8ထို​မျှ​မ​က ဝိ​ညာဉ်​တော်​တ​ရား​သည် ဘုန်း​အာ​နု​ဘော်​နှင့် အ​လွန်​ပြည့်​စုံ​ရ​လိမ့်​မည် မ​ဟုတ်​လော။- 9အ​ပြစ်​စီ​ရင်​တတ်​သော တ​ရား​သည် ဘုန်း​အာ​နု​ဘော်​ရှိ​လျှင်၊ ထို​မျှ​မ​က ဖြောင့်​မတ်​စေ​တတ်​သော တ​ရား​သည် ဘုန်း​အာ​နု​ဘော်​နှင့် သာ၍ ကြွယ်​ဝ​ပြည့်​စုံ​လိမ့်​မည်။- 10နောက်​ဖြစ်​သော ဘုန်း​သည် အ​လွန်​မြတ်​သော​ကြောင့်၊ ဘုန်း​ရှိ​ဖူး​သော အ​ရာ​သည် ဘုန်း​ကွယ်​လျက် ရှိ၏။- 11ပယ်​ရှင်း​ရ​သော​အ​ရာ​သည် ဘုန်း​ရှိ​လျှင်၊ တည်​နေ​သော​အ​ရာ​သည်​သာ၍ ဘုန်း​ရှိ​လိမ့်​မည်။
12ထို​သို့​သော ယုံ​ကြည်​မျှော်​လ​င့်​ခြင်း​ရှိ​သည်​ဖြစ်၍ ငါ​တို့​သည် ထိမ်​ဝှက်​ခြင်း အ​လျှင်း​မ​ရှိ။ အ​တည့်​အ​လင်း ဟော​ပြော​ကြ၏။- 13ပယ်​ရှင်း​သော​အ​ရာ၏ အ​ဆုံး​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် စေ့​စေ့​မ​ကြည့်​ရှု​စေ​ခြင်း​ငှာ မော​ရှေ​သည် မိ​မိ​မျက်​နှာ​ကို ဖုံး​အုပ်​သ​ကဲ့​သို့ ငါ​တို့​သည်​မ​ပြု​ကြ။- 14သူ​တို့​စိတ်​နှ​လုံး​သည် မိုက်​မဲ​လျက်​ရှိ၍၊ ယ​ခု​တိုင်​အောင် ဓ​မ္မ​ဟောင်း​ကျမ်း​စာ​ကို ဖတ်​ကြ​သော​အ​ခါ အ​နက်​အ​ဓိ​ပ္ပာယ်​သည် ဖုံး​အုပ်​လျက်​ရှိ၏။ အ​ကြောင်း​မူ​ကား၊ ခ​ရစ်​တော်​အား​ဖြင့်​သာ ထို​ဖုံး​အုပ်​ခြင်း အ​ကြောင်း​ကို ပယ်​ရှင်း​ရ၏။ 15ယ​ခု​တိုင်​အောင်​လည်း၊ မော​ရှေ၏​ကျမ်း​စာ​ကို ဖတ်​ကြ​သော​အ​ခါ၊ သူ​တို့​စိတ်​နှ​လုံး​သည် ဖုံး​အုပ်​လျက် ရှိ​သေး၏။- 16သို့​သော်​လည်း သ​ခင်​ဘု​ရား​ထံ​တော်​သို့ ပြောင်း​လဲ​သော​အ​ခါ၊ ထို​ဖုံး​အုပ်​ခြင်း​အ​ကြောင်း​ကို ပယ်​ရှင်း​လိမ့်​မည်။- 17သ​ခင်​ဘု​ရား​ဟု​ဆို​သော် ဝိ​ညာဉ်​တော်​တ​ရား​ကို ဆို​လို​သ​တည်း။ သ​ခင်​ဘု​ရား၏ ဝိ​ညာဉ်​တော်​တ​ရား​သည် လွှတ်​ခြင်း​ချမ်း​သာ​ကို ပေး​တတ်၏။- 18ငါ​တို့​ရှိ​သ​မျှ​သည် မျက်​နှာ​ဖုံး​ကို​ဖွင့်​လျက် မှန်​ကို ကြည့်​သ​ကဲ့​သို့၊ သ​ခင်​ဘု​ရား၏ ဘုန်း​အ​သ​ရေ​တော်​ကို ကြည့်​မြင်၍၊ ဝိ​ညာဉ်​တော်​တ​ရား၏ အ​ရှင်​သည် ရောင်​ခြည်​တော်​ကို လွှတ်​တော်​မူ​သည်​အ​တိုင်း၊ ငါ​တို့​သည် ဘုန်း​အ​သ​ရေ တိုး​ပွား၍ ပုံ​သ​ဏ္ဌာန်​တော်​နှင့်​အ​ညီ ပြောင်း​လဲ​ခြင်း ရှိ​ရ​ကြ၏။

လက်ရှိရွေးချယ်ထားမှု

၂ ကောရိန္သု 3: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။