YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ ကောရိန္သု 2:1-10

၂ ကောရိန္သု 2:1-10 JBMLE

ထို​မှ​တစ်​ပါး၊ ဝမ်း​နည်း​ခြင်း​နှင့်​တ​ကွ သင်​တို့​ဆီ​သို့ နောက်​တစ်​ဖန် ငါ​လာ​မည်​ဟု ငါ​စိတ်​ပြ​ဋ္ဌာန်း​ခဲ့​ပြီ။- အ​ကြောင်း​မူ​ကား၊ ငါ​သည် သင်​တို့​ကို ဝမ်း​နည်း​စေ​လျှင်၊ ထို​သို့ ဝမ်း​နည်း​စေ​သော​သူ​တို့​မှ​တစ်​ပါး အ​ဘယ်​သူ​သည် ငါ့​ကို​ဝမ်း​မြောက်​စေ​မည်​နည်း။- ငါ​ဝမ်း​မြောက်​ခြင်း၏ အ​ကြောင်း​သည် သင်​တို့​ရှိ​သ​မျှ၏ ဝမ်း​မြောက်​ခြင်း​အ​ကြောင်း​ဖြစ်​သည်​ကို ငါ​သ​ဘော​ကျ​သည်​ဖြစ်၍၊ ငါ​ရောက်​သော​အ​ခါ ငါ့​ကို ဝမ်း​မြောက်​စေ​အပ်​သော​သူ​တို့​သည် ဝမ်း​နည်း​ခြင်း အ​ကြောင်း​ကို မ​ပြု​စေ​ခြင်း​ငှာ၊ အ​ထက်​စာ​ကို ငါ​ရေး၍ ပေး​လိုက်၏။- အ​လွန်​ညှိုး​ငယ်​ပူ​ပန်​သော​စိတ်​နှင့် မျက်​ရည်​အ​များ​ကျ​လျက်၊ သင်​တို့​အား ငါ​ရေး၍ ပေး​လိုက်၏။ သင်​တို့​ကို စိတ်​နာ​စေ​ခြင်း​ငှာ ငါ​ရေး​သည်​မ​ဟုတ်။ ငါ​သည် သင်​တို့​အား အ​လွန်​ချစ်​သော​မေ​တ္တာ​စိတ်​ကို သင်​တို့ သိ​စေ​ခြင်း​ငှာ ငါ​ရေး၏။ တစ်​စုံ​တစ်​ယောက်​သော​သူ​သည် ဝမ်း​နည်း​ခြင်း​အ​ကြောင်း​ကို ပြု​သည်​မှန်​လျှင်၊ သင်​တို့​တွင် အ​ချို့​သော သူ​တို့​အား​ဖြင့်​သာ ငါ့​ကို ဝမ်း​နည်း​စေ၏။ သင်​တို့​ရှိ​သ​မျှ​ကို ကျပ်​တည်း​စွာ မ​စီ​ရင်​လို။- အ​များ​သော​သူ​တို့​စီ​ရင်​သော ဒဏ်​သည် ထို​သူ၏​အ​ပြစ်​နှင့် တန်​ပြီ။- သို့​ဖြစ်၍ ထို​သို့​သော​သူ​သည် ဝမ်း​နည်း​ခြင်း အား​ကြီး​လျက်၊ မိန်း​မော​တွေ​ဝေ​ခြင်း မ​ရှိ​စေ​ခြင်း​ငှာ၊ သင်​တို့​သည် ခြား​နား​သော​အား​ဖြင့် သူ၏​အ​ပြစ်​ကို လွှတ်၍ သူ့​ကို​နှစ်​သိမ့်​စေ​ခြင်း​ငှာ ပြု​သင့်၏။- ထို​ကြောင့် သင်​တို့​သည် သူ့​ကို အ​မှန်​ချစ်​ကြ​သည်​ကို ထင်​ရှား​စွာ​ပြ​မည်​အ​ကြောင်း ငါ​တောင်း​ပန်၏။- ထို​မှ​တစ်​ပါး၊ သင်​တို့​သည် အ​ရာ​ရာ၌​နား​ထောင်​သည်၊ နား​မ​ထောင်​သည်​ကို ငါ​သိ​လို၍၊ သင်​တို့​ကို စုံ​စမ်း​သော​အား​ဖြင့် အ​ထက်​က ရေး၏။- အ​ကြင်​သူ၏​အ​ပြစ်​ကို သင်​တို့​သည် လွှတ်၏၊ ထို​သူ၏​အ​ပြစ်​ကို ငါ​သည်​လည်း လွှတ်၏၊၊ အ​ကြောင်း​မူ​ကား၊ ငါ​သည် တစ်​စုံ​တစ်​ယောက်​သော​သူ၏ အ​ပြစ်​ကို လွှတ်​ဖူး​လျှင်၊ သင်​တို့​ကို​ထောက်၍ ခ​ရစ်​တော်၏​အ​ခွင့်​နှင့် လွှတ်​ဖူး၏။