YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ ကောရိန္သု 2

2
1ထို​မှ​တစ်​ပါး၊ ဝမ်း​နည်း​ခြင်း​နှင့်​တ​ကွ သင်​တို့​ဆီ​သို့ နောက်​တစ်​ဖန် ငါ​လာ​မည်​ဟု ငါ​စိတ်​ပြ​ဋ္ဌာန်း​ခဲ့​ပြီ။- 2အ​ကြောင်း​မူ​ကား၊ ငါ​သည် သင်​တို့​ကို ဝမ်း​နည်း​စေ​လျှင်၊ ထို​သို့ ဝမ်း​နည်း​စေ​သော​သူ​တို့​မှ​တစ်​ပါး အ​ဘယ်​သူ​သည် ငါ့​ကို​ဝမ်း​မြောက်​စေ​မည်​နည်း။- 3ငါ​ဝမ်း​မြောက်​ခြင်း၏ အ​ကြောင်း​သည် သင်​တို့​ရှိ​သ​မျှ၏ ဝမ်း​မြောက်​ခြင်း​အ​ကြောင်း​ဖြစ်​သည်​ကို ငါ​သ​ဘော​ကျ​သည်​ဖြစ်၍၊ ငါ​ရောက်​သော​အ​ခါ ငါ့​ကို ဝမ်း​မြောက်​စေ​အပ်​သော​သူ​တို့​သည် ဝမ်း​နည်း​ခြင်း အ​ကြောင်း​ကို မ​ပြု​စေ​ခြင်း​ငှာ၊ အ​ထက်​စာ​ကို ငါ​ရေး၍ ပေး​လိုက်၏။- 4အ​လွန်​ညှိုး​ငယ်​ပူ​ပန်​သော​စိတ်​နှင့် မျက်​ရည်​အ​များ​ကျ​လျက်၊ သင်​တို့​အား ငါ​ရေး၍ ပေး​လိုက်၏။ သင်​တို့​ကို စိတ်​နာ​စေ​ခြင်း​ငှာ ငါ​ရေး​သည်​မ​ဟုတ်။ ငါ​သည် သင်​တို့​အား အ​လွန်​ချစ်​သော​မေ​တ္တာ​စိတ်​ကို သင်​တို့ သိ​စေ​ခြင်း​ငှာ ငါ​ရေး၏။
ပြစ်​မှား​သူ​ကို​အ​ပြစ်​လွှတ်​ခြင်း
5တစ်​စုံ​တစ်​ယောက်​သော​သူ​သည် ဝမ်း​နည်း​ခြင်း​အ​ကြောင်း​ကို ပြု​သည်​မှန်​လျှင်၊ သင်​တို့​တွင် အ​ချို့​သော သူ​တို့​အား​ဖြင့်​သာ ငါ့​ကို ဝမ်း​နည်း​စေ၏။ သင်​တို့​ရှိ​သ​မျှ​ကို ကျပ်​တည်း​စွာ မ​စီ​ရင်​လို။- 6အ​များ​သော​သူ​တို့​စီ​ရင်​သော ဒဏ်​သည် ထို​သူ၏​အ​ပြစ်​နှင့် တန်​ပြီ။- 7သို့​ဖြစ်၍ ထို​သို့​သော​သူ​သည် ဝမ်း​နည်း​ခြင်း အား​ကြီး​လျက်၊ မိန်း​မော​တွေ​ဝေ​ခြင်း မ​ရှိ​စေ​ခြင်း​ငှာ၊ သင်​တို့​သည် ခြား​နား​သော​အား​ဖြင့် သူ၏​အ​ပြစ်​ကို လွှတ်၍ သူ့​ကို​နှစ်​သိမ့်​စေ​ခြင်း​ငှာ ပြု​သင့်၏။- 8ထို​ကြောင့် သင်​တို့​သည် သူ့​ကို အ​မှန်​ချစ်​ကြ​သည်​ကို ထင်​ရှား​စွာ​ပြ​မည်​အ​ကြောင်း ငါ​တောင်း​ပန်၏။- 9ထို​မှ​တစ်​ပါး၊ သင်​တို့​သည် အ​ရာ​ရာ၌​နား​ထောင်​သည်၊ နား​မ​ထောင်​သည်​ကို ငါ​သိ​လို၍၊ သင်​တို့​ကို စုံ​စမ်း​သော​အား​ဖြင့် အ​ထက်​က ရေး၏။- 10အ​ကြင်​သူ၏​အ​ပြစ်​ကို သင်​တို့​သည် လွှတ်၏၊ ထို​သူ၏​အ​ပြစ်​ကို ငါ​သည်​လည်း လွှတ်၏၊၊ အ​ကြောင်း​မူ​ကား၊ ငါ​သည် တစ်​စုံ​တစ်​ယောက်​သော​သူ၏ အ​ပြစ်​ကို လွှတ်​ဖူး​လျှင်၊ သင်​တို့​ကို​ထောက်၍ ခ​ရစ်​တော်၏​အ​ခွင့်​နှင့် လွှတ်​ဖူး၏။- 11သို့​မ​ဟုတ်​လျှင်၊ စာ​တန်​သည် ငါ​တို့​ကို​နိုင်​မည်​ဟု စိုး​ရိမ်​စ​ရာ​ရှိ၏။ သူ၏​အ​ကြံ​အ​စည်​များ​ကို ငါ​တို့​သိ​ကြ၏။
တ​ရော​မြို့​တွင်​စိတ်​ပူ​ပန်​ရ​ခြင်း
12ထို​မှ​တစ်​ပါး၊ ခ​ရစ်​တော်၏ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​ခြင်း​ငှာ တ​ရော​မြို့​သို့ ငါ​ရောက်၍၊ သ​ခင်​ဘု​ရား​သည် ငါ့​အား​တံ​ခါး​ကို ဖွင့်​တော်​မူ​သော​အ​ခါ၊- 13ငါ့​ညီ​တိ​တု​ကို ငါ​မ​တွေ့​သော​ကြောင့် စိတ်​မ​သက်​သာ​သ​ဖြင့်၊ ထို​သူ​တို့​ကို အ​ခွင့်​ပန်​ပြီး​မှ မာ​ကေ​ဒေါ​နိ​ပြည်​သို့ ထွက်​သွား​လေ၏။
ခ​ရစ်​တော်​၌​အောင်​မြင်​ခြင်း
14ငါ​တို့​သည် ခ​ရစ်​တော်​နှင့်​အ​တူ အောင်​ပွဲ​ကို အ​စဉ်​ခံ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ထို​သ​ခင်​ကို သိ​ခြင်း၏ အ​မွှေး​အ​ကြိုင်​သည် ငါ​တို့​အား​ဖြင့် အ​ရပ်​ရပ်​တို့၌ နှံ့​ပြား​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ပြု​တော်​မူ​သော ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ခြင်း​ရှိ​စေ​သ​တည်း။- 15အ​ဘယ်​သို့​နည်း ဟူ​မူ​ကား၊ ငါ​တို့​သည် ကယ်​တင်​သော သူ​တို့၌​လည်း​ကောင်း၊ ဆုံး​ရှုံး​သော သူ​တို့၌​လည်း​ကောင်း၊ ဘု​ရား​သ​ခင်​အား ခ​ရစ်​တော်၏ အ​မွှေး​အ​ကြိုင်​ဖြစ်​ကြ၏။- 16ဆုံး​ရှုံး​သော​သူ​တို့၌​ကား၊ သေ​ခြင်း​တိုင်​အောင် သေ​ခြင်း၏​အ​မွှေး​အ​ကြိုင် ဖြစ်​ကြ၏။ ကယ်​တင်​သော သူ​တို့၌​ကား၊ အ​သက်​ရှင်​ခြင်း​တိုင်​အောင် အ​သက်​ရှင်​ခြင်း၏​အ​မွှေး​အ​ကြိုင် ဖြစ်​ကြ၏။ သို့​ဖြစ်၍ ဤ​အ​မှု​အ​ရာ​တို့​နှင့် အ​ဘယ်​သူ ထိုက်​တန်​သ​နည်း။- 17ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တ​ရား​တော်​ကို မှောက်​လှန်​သော​သူ​များ​တို့​နှင့် ငါ​တို့​သည်​မ​တူ​ဘဲ ကြည်​ဖြူ​သော​စိတ်​ရှိ၍ ဘု​ရား​သ​ခင်၏ အ​လို​တော်​နှင့်​အ​ညီ၊ ဘု​ရား​သ​ခင့်​ရှေ့​တော်၌ ခ​ရစ်​တော်၏​တ​ရား​ကို ဟော​ပြော​ကြ၏။

လက်ရှိရွေးချယ်ထားမှု

၂ ကောရိန္သု 2: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။