YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ ကောရိန္သု 10:13-16

၂ ကောရိန္သု 10:13-16 JBMLE

ထို​မှ​တစ်​ပါး၊ ကိုယ်​ငန်း​ကိုယ်​တာ​ကို လွန်​ကျူး၍ ပြု​သော​အ​မှု​အ​ရာ​ကို ငါ​တို့​ကြွား​ဝါ​ခြင်း​မ​ရှိ​ဝံ့၊ ဘု​ရား​သ​ခင် ဝေ​ငှ​တော်​မူ​သော​အ​ငန်း​အ​တာ၏ အ​တိုင်း​အ​ရှည်​အ​တွင်း​တွင် ပြု​သော​အ​ရာ​ကို​သာ ဝါ​ကြွား​ခြင်း​ရှိ​ဝံ့၏။ ထို​အ​တိုင်း​အ​ရှည်​သည် သင်​တို့​တိုင်​အောင်​ပင် မီ​သ​တည်း။- သင်​တို့​တိုင်​အောင်​မ​မီ​လျှင်၊ ငါ​တို့​သည် လွန်​ကျူး၍ ပြု​ကြ​သည်​မ​ဟုတ်။ အ​ကြောင်း​မူ​ကား၊ ခ​ရစ်​တော်၏ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​ပြော၍၊ သင်​တို့​ရှိ​ရာ​သို့ တိုင်​အောင် ရောက်​ကြ​ပြီ။- ငါ​တို့​သည် ကိုယ်​ငန်း​ကိုယ်​တာ​ကို​လွန်​ကျူး၍၊ သူ​တစ်​ပါး​အ​လုပ်​ထဲ​သို့ ဝင်​ခြင်း​ကြောင့် ဝါ​ကြွား​လေ့​ရှိ​ကြ​သည်​မ​ဟုတ်။ ထို​သို့ သူ့​ငန်း​သူ့​တာ​အ​တွင်း​တွင် ပြင်​ဆင်​ပြီး​သော အ​မှု​အ​ရာ​ကို ဝါ​ကြွား​ခြင်း​မ​ရှိ​ဘဲ၊ သင်​တို့ ပြည်​တစ်​ဖက်​သို့​ကူး၍ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​ပြော​ရ​သော​အ​ခွင့် ရှိ​စေ​ခြင်း​ငှာ၊ သင်​တို့ ယုံ​ကြည်​ခြင်း​ပါ​ရ​မီ ရင့်​ပြီး​မှ၊ ငါ​တို့၏​အ​ငန်း​အ​တာ​သည် အ​လွန်​ကျယ်​ဝန်း​မည်​ဟု မျှော်​လ​င့်​ခြင်း​ရှိ၏။