YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ ရာဇဝင်ချုပ် 36

36
ယု​ဒ​ဘု​ရင်​ယော​ခတ်
(၄​ရာ၊ ၂၃: ၃၀-၃၅)
1ပြည်​သူ​ပြည်​သား​တို့​သည် ယော​ရှိ​သား ယော​ခတ်​ကို​ယူ၍၊ ယေ​ရု​ရှ​လင်​မြို့​မှာ ခ​မည်း​တော်​အ​ရာ၌ နန်း​တင်​ကြ၏။ 2ယော​ခတ်​သည် အ​သက်​နှစ်​ဆယ်​သုံး​နှစ်​ရှိ​သော်၊ နန်း​ထိုင်၍ ယေ​ရု​ရှ​လင်​မြို့၌ သုံး​လ​စိုး​စံ​လေ၏။ 3ထို​မင်း​ကို အဲ​ဂု​တ္တု​ရှင်​ဘု​ရင်​သည် ယေ​ရု​ရှ​လင်​မြို့​မှာ​နန်း​ချ၍၊ ယု​ဒ​ပြည်၌ ငွေ​အ​ခွက်​တစ်​ထောင်​နှင့် ရွှေ​အ​ခွက်​တစ်​ဆယ်​ကို အ​ခွန်​တောင်း​လေ၏။ 4အဲ​ဂု​တ္တု​ရှင်​ဘု​ရင် နေ​ခေါ​သည်​လည်း၊ ယော​ခတ်၏​နောင်​တော်​ဧ​လျာ​ကိမ်​ကို ယု​ဒ​ပြည်​ယေ​ရု​ရှ​လင်​မြို့ နန်း​တော်​ပေါ်​မှာ တင်၍ ယော​ယ​ကိမ်​အ​မည်​သစ်​ကို ပေး​ပြီး​လျှင်၊ ညီ​တော်​ယော​ခတ်​ကို အဲ​ဂု​တ္တု​ပြည်​သို့ ယူ​သွား၏။#ယေ၊ ၂၂:၁၁-၁၂။
ယု​ဒ​ဘု​ရင်​ယော​ယ​ကိမ်
(၄​ရာ၊ ၂၃: ၃၆-၂၄:၇)
5ယော​ယ​ကိမ်​သည် အ​သက်​နှစ်​ဆယ်​ငါး​နှစ်​ရှိ​သော်၊ နန်း​ထိုင်၍ ယေ​ရု​ရှ​လင်​မြို့၌ တစ်​ဆယ်​တစ်​နှစ် စိုး​စံ​လေ၏။ ထို​မင်း​သည် မိ​မိ​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဒု​စ​ရိုက်​ကို​ပြု၏။#ယေ၊ ၂၂:၁၈-၁၉၊ ၂၆:၁-၆၊ ၃၅:၁-၁၉။ 6ထို​ကြောင့်၊ ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​သည် ချီ​လာ၍၊ ဗာ​ဗု​လုန်​မြို့​သို့ ယူ​သွား​ခြင်း​ငှာ၊ သံ​ကြိုး​ဖြင့် ချည်​နှောင်​လေ၏။#ယေ၊ ၂၅:၁-၃၈၊ ၃၆:၁-၃၂၊ ၄၅:၁-၅၊ ဒံ၊ ၁:၁-၂။ 7ဗိ​မာန်​တော်​တန်​ဆာ အ​ချို့​တို့​ကို​လည်း ယူ​သွား၍၊ ဗာ​ဗု​လုန်​မြို့ ဗိ​မာန်၌ ထား​လေ၏။ 8ယော​ယ​ကိမ်​ပြု​မူ​သော​အ​မှု​အ​ရာ ကြွင်း​လေ​သ​မျှ​တို့​နှင့် ပြု​မိ​သော​ရွံ​ရှာ​ဖွယ်​အ​မှု၊ ထင်​ရှား​သော​စိတ်​သ​ဘော​သည်၊ ဣ​သ​ရေ​လ​ရာ​ဇ​ဝင်​နှင့် ယု​ဒ​ရာ​ဇ​ဝင်၌ ရေး​ထား​လျက်​ရှိ၏။ သား​တော်​ယေ​ခေါ​နိ​သည် ခ​မည်း​တော်​အ​ရာ၌ နန်း​ထိုင်၏။
ယု​ဒ​ဘု​ရင်​ယေ​ခေါ​နိ
(၄ ရာ၊ ၂၄:၈-၁၇)
9ယေ​ခေါ​နိ​သည် အ​သက်​တစ်​ဆယ်​ရှစ်​နှစ်​ရှိ​သော် နန်း​ထိုင်၍ ယေ​ရု​ရှ​လင်​မြို့၌ သုံး​လ​နှင့် ဆယ်​ရက် စိုး​စံ​လေ၏။ ထို​မင်း​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဒု​စ​ရိုက်​ကို​ပြု၏။ 10နှစ်​လည်​သော​အ​ခါ၊ နေ​ဗု​ခဒ်​နေ​ဇာ​မင်း​ကြီး​သည် စစ်​ချီ​စေ၍၊ ထို​မင်း​နှင့်​တ​ကွ ကောင်း​မွန်​သော ဗိ​မာန်​တော်​တန်​ဆာ​တို့​ကို ဗာ​ဗု​လုန်​မြို့​သို့ ယူ​သွား၍၊ ဘ​ထွေး​တော်​ဇေ​ဒ​ကိ​ကို၊ ယု​ဒ​ပြည် ယေ​ရု​ရှ​လင်​မြို့ နန်း​တော်​ပေါ်​မှာ တင်​လေ၏။#ယေ၊ ၂၂:၂၄-၃၀၊ ၂၄:၁-၁၀၊ ၂၉:၁-၂၊ ထွ၊ ၁၇:၁၂၊ ယေ၊ ၃၇:၁၊ ထွ၊ ၁၇:၁၃။
ယု​ဒ​ဘု​ရင်​ဇေ​ဒ​ကိ
(၄ ရာ၊ ၂၄:၁၈-၂၀၊ ယေ၊ ၅၂:၁-၃)
11ဇေ​ဒ​ကိ​သည် အ​သက်​နှစ်​ဆယ်​တစ်​နှစ်​ရှိ​သော်၊ နန်း​ထိုင်၍ ယေ​ရု​ရှ​လင်​မြို့၌ တစ်​ဆယ်​တစ်​နှစ် စိုး​စံ​လေ၏။#ယေ၊ ၂၇:၁-၂၂၊ ၂၈:၁-၁၇။ 12ထို​မင်း​သည်​လည်း၊ မိ​မိ​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဒု​စ​ရိုက်​ပြု၏။ ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို ဆင့်​ဆို​သော ပ​ရော​ဖက်​ယေ​ရ​မိ​ရှေ့​မှာ ကိုယ်​ကို​မ​နှိမ့်​ချ။
ယေ​ရု​ရှ​လင်​မြို့​ကျ​ဆုံး​ခြင်း
(၄ ရာ၊ ၂၅:၁-၂၁၊ ယေ၊ ၅၂:၃-၁၁)
13ဘု​ရား​သ​ခင် အ​ကျိန်​တိုက်​ပြီး​သော နေ​ဗု​ခဒ်​နေ​ဇာ​မင်း​ကြီး​ကို ပုန်​ကန်​လေ၏။ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ မ​ပြန်​မည်​အ​ကြောင်း၊ မိ​မိ​လည်​ပင်း​ကို​လည်း​ကောင်း၊ မိ​မိ​နှ​လုံး​ကို​လည်း​ကောင်း ခိုင်​မာ​စေ၏။#ယေဇ၊ ၁၇:၁၅။ 14ထို​မှ​တစ်​ပါး၊ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​များ​နှင့် ပြည်​သူ​ပြည်​သား ရှိ​သ​မျှ​တို့​သည်၊ တစ်​ပါး​အ​မျိုး​သား ရွံ​ရှာ​ဖွယ်​ပြု​သည်​အ​တိုင်း၊ အ​လွန်​ပြစ်​မှား​ကြ၏။ ယေ​ရု​ရှ​လင်​မြို့၌ ထာ​ဝ​ရ​ဘု​ရား​သန့်​ရှင်း​စေ​တော်​မူ​သော ဗိ​မာန်​တော်​ကို ညစ်​ညူး​စေ​ကြ၏။ 15ဘိုး​ဘေး​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​လူ​မျိုး​နှင့် မိ​မိ​နေ​တော်​မူ​ရာ​အ​ရပ်​ကို သ​နား​သော​ကြောင့်၊ စော​စော​ထ၍ အ​ထပ်​ထပ် စေ​လွှတ်​သော​တ​မန်​တို့​အား​ဖြင့် မှာ​လိုက်​တော်​မူ​သော်​လည်း၊ 16ဘု​ရား​သ​ခင်၏​တ​မန်​တို့​ကို ပြက်​ရယ်​ပြု၍ အ​မိန့်​တော်​ကို နား​မ​ထောင်၊ ပ​ရော​ဖက်​တို့​ကို ညှဉ်း​ဆဲ​သော​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား၏ အ​မျက်​တော်​မ​ငြိမ်း​နိုင်​အောင်၊ မိ​မိ​လူ​မျိုး​ကို တွက်​သ​ဖြင့်၊ 17ခါ​လ​ဒဲ​ရှင်​ဘု​ရင်​ကို စစ်​ချီ​စေ​တော်​မူ၏။ ထို​ရှင်​ဘု​ရင်​သည် သန့်​ရှင်း​ရာ​ဌာ​န​အိမ်​တော်၌ လူ​ပျို​တို့​ကို ဓား​နှင့်​သတ်၏။ ယောက်ျား​ပျို၊ မိန်း​မ​ပျို၊ လူ​အို၊ အ​သက်​ကြီး၍ ကျော​ကုန်း​သော သူ​တို့​ကို​ပင် မ​သ​နား၊ ရှိ​သ​မျှ​တို့​ကို ထို​ရှင်​ဘု​ရင်​လက်​သို့ အပ်​တော်​မူ၏။#ယေ၊ ၂၁:၁-၁၀၊ ၃၄:၁-၅။ 18ဗိ​မာန်​တော်​တန်​ဆာ အ​ကြီး​အ​ငယ် ရှိ​သ​မျှ​တို့​ကို​လည်း​ကောင်း၊ ဗိ​မာန်​တော်​ဘ​ဏ္ဍာ၊ နန်း​တော်​ဘ​ဏ္ဍာ၊ မှူး​မတ်​ဘ​ဏ္ဍာ​ရှိ​သ​မျှ​တို့​ကို​လည်း​ကောင်း၊ ဗာ​ဗု​လုန်​မြို့​သို့ ယူ​သွား၏။ 19ဗိ​မာန်​တော်​ကို​လည်း မီး​ရှို့၍ ယေ​ရု​ရှ​လင်​မြို့​ရိုး​ကို ဖြို​ဖျက်​ကြ၏။ မင်း​အိမ်​ရှိ​သ​မျှ​တို့​ကို​လည်း မီး​ရှို့၍ မြို့​တန်​ဆာ အ​ကောင်း​အ​မြတ်​ရှိ​သ​မျှ​တို့​ကို ဖျက်​ဆီး​ကြ၏။#၃ ရာ၊ ၉:၈။ 20ဓား​ဘေး​နှင့် လွတ်​သော​သူ​တို့​ကို၊ ဗာ​ဗု​လုန်​မြို့​သို့ သိမ်း​သွား၍၊ သူ​တို့​သည် ပေ​ရ​သိ​နိုင်​ငံ မ​တည်​မီ​တိုင်​အောင် ရှင်​ဘု​ရင်​ထံ၊ သား​တော်​မြေး​တော်​ထံ၌ ကျွန်​ခံ​လျက်​နေ​ရ​ကြ၏။ 21ထို​သို့ ဣ​သ​ရေ​လ​မြေ​သည် ဥ​ပုသ်​နေ့​တို့​ကို မွေ့​လျော်​စေ​ခြင်း​ငှာ၊ ယေ​ရ​မိ​ဆင့်​ဆို​သော ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​သည် ပြည့်​စုံ​ရ၏။ ထို​ပြည်​သည် လူ​ဆိတ်​ညံ​လျက်​နေ​သော ကာ​လ၊ အ​နှစ်​ခု​နစ်​ဆယ်​စေ့​အောင် ဥ​ပုသ်​နေ့​တို့​ကို စောင့်​သော​အ​ခွင့် ရှိ​သ​တည်း။#ယေ၊ ၂၅:၁၁၊ ၂၉:၁၀။
ရာ​ဇ​ဝင်​ချုပ်​ဒု​တိ​ယ​စောင်​ပြီး၏။

လက်ရှိရွေးချယ်ထားမှု

၂ ရာဇဝင်ချုပ် 36: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ