YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ ရာဇဝင်ချုပ် 24:17-27

၂ ရာဇဝင်ချုပ် 24:17-27 JBMLE

ယော​ယ​ဒ​သေ​သော​နောက်၊ ယု​ဒ​မင်း​တို့​သည် ရှင်​ဘု​ရင်​ထံ​တော်​သို့ လာ၍ ရှိ​ခိုး​ကြ၏။ သူ​တို့​စ​ကား​ကို ရှင်​ဘု​ရင်​နား​ထောင်​သ​ဖြင့်၊ သူ​တို့​သည် ဘိုး​ဘေး​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်​ကို​စွန့်၍၊ အာ​ရှ​ရ​ပင်​နှင့် ရုပ်​တု​တို့​ကို ဝတ်​ပြု​ကြ၏။ ထို​အ​ပြစ်​ကြောင့် အ​မျက်​တော်​သည် ယု​ဒ​ပြည်​နှင့် ယေ​ရု​ရှ​လင်​မြို့​အ​ပေါ်​မှာ သက်​ရောက်​လေ၏။ သူ​တို့​ကို ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ သွေး​ဆောင်​စေ​ခြင်း​ငှာ၊ ပ​ရော​ဖက်​တို့​ကို စေ​လွှတ်​တော်​မူ၍၊ ပ​ရော​ဖက်​တို့​သည် သက်​သေ​ခံ​သော်​လည်း၊ သူ​တို့​သည် နား​မ​ထောင်​ကြ။ တစ်​ဖန်​ဘု​ရား​သ​ခင်၏​ဝိ​ညာဉ်​တော်​သည် ယဇ်​ပု​ရော​ဟိတ်​ယော​ယ​ဒ​သား ဇာ​ခ​ရိ​အ​ပေါ်​မှာ သက်​ရောက်၍၊ သူ​သည် ပ​ရိ​သတ်​အ​လယ်၊ မြင့်​သော​အ​ရပ်၌ ရပ်​လျက်၊ ဘု​ရား​သ​ခင်​မိန့်​တော်​မူ​သည်​ကား၊ သင်​တို့​သည် ကိုယ်​အ​ကျိုး​ကို ပျက်​စေ​ခြင်း​ငှာ၊ ထာ​ဝ​ရ​ဘု​ရား၏​ပ​ညတ်​တော်​တို့​ကို အ​ဘယ်​ကြောင့် လွန်​ကျူး​ကြ​သ​နည်း။ သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို စွန့်​သော​ကြောင့်၊ သင်​တို့​ကို​လည်း စွန့်​တော်​မူ​ပြီ​ဟု မြွက်​ဆို၏။ လူ​များ​တို့​သည် သူ့​ကို မ​ကောင်း​သော​အ​ကြံ​နှင့် တိုင်​ပင်၍၊ ရှင်​ဘု​ရင်​အ​မိန့်​တော်​နှင့် ဗိ​မာန်​တော်​အ​တွင်း၌ ကျောက်​ခဲ​နှင့်​ပစ်၍ သတ်​ကြ၏။ ထို​သို့ ယော​ရှ​မင်း​ကြီး​သည် ဇာ​ခ​ရိ​အ​ဘ ယော​ယ​ဒ​ပြု​သော​ကျေး​ဇူး​ကို မ​အောက်​မေ့၊ သား​ကို သတ်​လေ​သည်​တ​ကား။ ဇာ​ခ​ရိ​သေ​သော​အ​ခါ၊ ဤ​အ​မှု​ကို ထာ​ဝ​ရ​ဘု​ရား​သည် ကြည့်​ရှု​စစ်​ကြော​တော်​မူ​မည်​ဟု ဆို၏။ ထို​နှစ်​အ​ဆုံး၌၊ ရှု​ရိ​တပ်​သား​တို့​သည် စစ်​ချီ၍ လာ​ကြ​သ​ဖြင့်၊ ယု​ဒ​ပြည် ယေ​ရု​ရှ​လင်​မြို့​သို့ ရောက်​မှ၊ မှူး​မတ်​အ​ရာ​ရှိ​အ​ပေါင်း​တို့​ကို သုတ်​သင်​ပယ်​ရှင်း၍၊ လက်​ရ​ဥ​စ္စာ​ရှိ​သ​မျှ​တို့​ကို ဒ​မာ​သက်​ရှင်​ဘု​ရင်​ထံ​သို့ ပေး​လိုက်​ကြ၏။ ယု​ဒ​လူ​တို့​သည် ဘိုး​ဘေး​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို စွန့်​သော​ကြောင့်၊ များ​ပြား​သော​အ​လုံး​အ​ရင်း ဖြစ်​သော်​လည်း၊ နည်း​သော​ရှု​ရိ​တပ်​အ​လုံး​အ​ရင်း​လက်​သို့ ထာ​ဝ​ရ​ဘု​ရား အပ်​တော်​မူ၍၊ ရှု​ရိ​လူ​တို့​သည် ယော​ရှ​ကို​တ​ရား​စီ​ရင်​ကြ၏။ ရန်​သူ​ထွက်​သွား​သော​အ​ခါ၊ ယော​ရှ​သည် ကြီး​စွာ​သော​ဒု​က္ခ​ကို ခံ​ရ​လျက် နေ​ရစ်​သည်​ဖြစ်၍၊ ယဇ်​ပု​ရော​ဟိတ်​ယော​ယ​ဒ​သား​တို့​ကို သတ်​သော​အ​ပြစ်​ကြောင့်၊ မိ​မိ​ကျွန်​တို့​သည် သင်း​ဖွဲ့၍၊ သ​လွန်​ပေါ်​မှာ သေ​အောင်​လုပ်​ကြံ​ကြ၏။ ထို​မင်း​ကို ဒါ​ဝိဒ်​မြို့၌ သင်္ဂြိုဟ်​သော်​လည်း၊ ရှင်​ဘု​ရင်​တို့​တွင် မ​သင်္ဂြိုဟ်။ လုပ်​ကြံ​သော​သူ​ကား၊ အ​မ္မုန်​အ​မျိုး​သ​မီး ရှိ​မတ်​သား ယော​ဇ​ဗဒ်​နှင့် မော​ဘ​အ​မျိုး​သ​မီး ရှိ​မ​ရိတ်​သား ယ​ဟော​ဇ​ဗဒ်​တည်း။ ယော​ရှ​သည် သား​ရှိ​ခြင်း​အ​ရာ၊ လေး​သော​အ​မှု​ကို ထမ်း​ခြင်း​အ​ရာ၊ ဗိ​မာန်​တော်​ကို ပြု​ပြင်​ခြင်း​အ​ရာ​တို့​သည် ရာ​ဇ​ဝင်​နှင့် ဆက်​သော​စာ၌ ရေး​ထား​လျက်​ရှိ၏။ သား​တော်​အာ​မ​ဇိ​သည် ခ​မည်း​တော်​အ​ရာ၌ နန်း​ထိုင်၏။