YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ ရာဇဝင်ချုပ် 24:1-16

၂ ရာဇဝင်ချုပ် 24:1-16 JBMLE

ယော​ရှ​သည် အ​သက်​ခု​နစ်​နှစ်​ရှိ​သော်၊ နန်း​ထိုင်၍ ယေ​ရု​ရှ​လင်​မြို့၌ အ​နှစ်​လေး​ဆယ်​စိုး​စံ၏။ မယ်​တော်​ကား၊ ဗေ​ရ​ရှေ​ဘ​မြို့​သူ ဇိ​ဗိ​အ​မည်​ရှိ၏။ ယဇ်​ပု​ရော​ဟိတ် ယော​ယ​ဒ​လက်​ထက် ကာ​လ​ပတ်​လုံး၊ ယော​ရှ​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ တ​ရား​သော​အ​မှု​ကို​ပြု၏။ ယော​ယ​ဒ​ပေး​စား​သော မိန်း​မ​နှစ်​ယောက်​နှင့် စုံ​ဖက်၍ သား​သ​မီး​တို့​ကို မြင်​ရ၏။ ထို​နောက်​မှ၊ ယော​ရှ​သည် ဗိ​မာန်​တော်​ကို ပြု​ပြင်​မည် အ​ကြံ​ရှိ​လျက်၊ ယဇ်​ပု​ရော​ဟိတ် လေ​ဝိ​သား​တို့​ကို စု​ဝေး​စေ၍၊ သင်​တို့​ဘု​ရား​သ​ခင်၏​အိမ်​တော်​ကို ပြု​ပြင်​ခြင်း​ငှာ၊ ယု​ဒ​မြို့​တို့​ကို လှည့်​လည်​သ​ဖြင့်၊ နှစ်​တိုင်း​အ​စဉ် ဣ​သ​ရေ​လ​လူ​အ​ပေါင်း​တို့​မှ ငွေ​ကို​ခံ​ယူ၍၊ အ​မှု​ပြီး​အောင် ကြိုး​စား​အား​ထုတ်​ကြ​လော့​ဟု မိန့်​တော်​မူ၏။ သို့​သော်​လည်း၊ လေ​ဝိ​သား​တို့​သည် မ​ကြိုး​စား​ဘဲ နေ​ကြ၏။ တစ်​ဖန် ရှင်​ဘု​ရင်​သည် ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​ယော​ယ​ဒ​ကို​ခေါ်၍၊ သက်​သေ​ခံ​တော်​မူ​ချက် တဲ​တော်​အ​ဖို့၊ ထာ​ဝ​ရ​ဘု​ရား၏​ကျွန်​မော​ရှေ​နှင့် စည်း​ဝေး​ရာ ဣ​သ​ရေ​လ ပ​ရိသတ်​ပြု​သည်​နည်း​တူ၊ လေ​ဝိ​သား​တို့​သည် ယေ​ရု​ရှ​လင်​မြို့​မှ​စ၍ ယု​ဒ​ပြည်​အ​ရပ်​ရပ်​တို့​မှ ငွေ​ကို​ခံ​ယူ၍ ဆောင်​ခဲ့​မည်​အ​ကြောင်း၊ အ​ဘယ်​ကြောင့် မ​မှာ​ထား​ဘဲ​နေ​သ​နည်း​ဟု မေး​တော်​မူ၏။ အ​ဓ​မ္မ​မိန်း​မ အာ​သ​လိ၏​သား​တို့​သည် ဗိ​မာန်​တော်​ကို​ဖြို​ဖျက်၍၊ ဗိ​မာန်​တော်၌ ပူ​ဇော်​သော​ဘ​ဏ္ဍာ​ရှိ​သ​မျှ​တို့​ကို​လည်း ဗာ​လ​ဘု​ရား​တို့​အား ပူ​ဇော်​ကြ၏။ ရှင်​ဘု​ရင်​အ​မိန့်​တော်​အ​တိုင်း သေ​တ္တာ​ကို​လုပ်၍၊ ဗိ​မာန်​တော်​ပြင်၊ တံ​ခါး​နား​မှာ​ထား​ကြ၏။ ဘု​ရား​သ​ခင်၏​ကျွန်​မော​ရှေ​သည် တော​မှာ ဣ​သ​ရေ​လ​အ​မျိုး၌ ငွေ​ခွဲ​သည်​အ​တိုင်း၊ ထာ​ဝ​ရ​ဘု​ရား​အ​ထံ​တော်​သို့ ဆောင်​ခဲ့​ရ​မည်​ဟု ယေ​ရု​ရှ​လင်​မြို့​မှ​စ၍ ယု​ဒ​ပြည်​အ​ရပ်​ရပ်၌ ကြော်​ငြာ​ကြ၏။ မင်း​များ​နှင့် ပြည်​သူ​ပြည်​သား​များ​အ​ပေါင်း​တို့​သည်၊ ဝမ်း​မြောက်​သော​စိတ်​နှင့် ဆောင်​ခဲ့၍၊ လက်​စ​သတ်​သည်​တိုင်​အောင် သေ​တ္တာ​ထဲ​သို့ သွင်း​ထား​ကြ၏။ ထို​သေ​တ္တာ​ကို လေ​ဝိ​သား​တို့​သည် ဘ​ဏ္ဍာ​တော်​တိုက်​ထဲ​သို့ သွင်း၍၊ ငွေ​များ​သည်​ကို​သိ​မြင်​လျှင်၊ ရှင်​ဘု​ရင်၏​စာ​ရေး​တော်​ကြီး​နှင့် ယဇ်​ပု​ရော​ဟိတ်​မင်း၏ စာ​ရေး​သည်​လာ၍၊ ငွေ​ကို​ထုတ်​ယူ​ပြီး​မှ၊ သေ​တ္တာ​ကို သူ့​နေ​ရာ၌​ထား​ပြန်၏။ ထို​သို့ နေ့​တိုင်း​ပြု၍ များ​စွာ​သော​ငွေ​ကို စု​ထား​ကြ၏။ ရှင်​ဘု​ရင်​နှင့် ယော​ယ​ဒ​သည် ဗိ​မာန်​တော်၏​အ​မှု​တော်​စောင့်​တို့၌ ထို​ငွေ​ကို​အပ်၍ ဗိ​မာန်​တော်​ကို ပြု​ပြင်​စေ​ခြင်း​ငှာ၊ ပန်း​ရန်​သ​မား၊ လက်​သ​မား၊ ပန်း​ပဲ​သ​မား၊ ပန်း​တဉ်း​သ​မား​တို့​အား ပေး​ဝေ​ကြ၏။ အ​လုပ်​လုပ်​သော သူ​တို့​သည် ကြိုး​စား၍ ပြု​ပြင်​သ​ဖြင့်၊ ဗိ​မာန်​တော်​ကို ပ​က​တိ​အ​ဖြစ်၌ ခိုင်​ခံ့​စေ​ကြ၏။ လက်​စ​သတ်​သော​အ​ခါ၊ ကျန်​ကြွင်း​သော​ငွေ​ကို ရှင်​ဘု​ရင်​နှင့် ယော​ယ​ဒ​ထံ​သို့​ယူ​ခဲ့၍၊ ထို​ငွေ​နှင့် ဗိ​မာန်​တော်၌ အ​မှု​တော်​ကို ဆောင်​ရွက်​ပူ​ဇော်​ရန် တန်​ဆာ၊ ရွှေ​ဖ​လား၊ ငွေ​ဖ​လား၊ ဇွန်း​များ​ကို​လုပ်​ကြ၏။ ယော​ယ​ဒ​လက်​ထက် ကာ​လ​ပတ်​လုံး၊ ဗိ​မာန်​တော်၌ မီး​ရှို့​ရာ​ယဇ်​ကို အ​စဉ်​ပူ​ဇော်​ကြ၏။ ယော​ယ​ဒ​သည် အို၍ ကာ​လ​ပြည့်​စုံ​ရာ​ရောက်​လျက်၊ အ​သက်​တစ်​ရာ​သုံး​ဆယ်​ရှိ​သော် သေ၍၊ ဒါ​ဝိဒ်​မြို့​မှာ ရှင်​ဘု​ရင်​တို့​တွင် သင်္ဂြိုဟ်​ခြင်း​ကို ခံ​လေ၏။ အ​ကြောင်း​မူ​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​တွင် ဘု​ရား​သ​ခင်၌​လည်း​ကောင်း၊ အိမ်​တော်၌​လည်း​ကောင်း ကျေး​ဇူး​ပြု​သော​သူ​ဖြစ်​သ​တည်း။