YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ ရာဇဝင်ချုပ် 23

23
အာ​သ​လိ​ကို​ပုန်​ကန်​ခြင်း
(၄​ရာ၊ ၁၁:၄-၁၆)
1ခု​နစ်​နှစ်​မြောက်​သော​အ​ခါ၊ ယော​ယ​ဒ​သည် ကိုယ်​ကို​ခိုင်​ခံ့​စေ၍ တပ်​မှူး​များ၊ ယေ​ရော​ဟံ​သား အာ​ဇ​ရိ၊ ယော​ဟ​နန်​သား ဣ​ရှ​မေ​လ၊ ဩ​ဗက်​သား အာ​ဇ​ရိ၊ အ​ဒါ​ယ​သား မာ​သေ​ယ၊ ဇိ​ခ​ရိ​သား ဧ​လိ​ရှ​ဖတ်​တို့​နှင့် သင်း​ဖွဲ့​လေ၏။ 2ထို​သူ​တို့​သည် ယု​ဒ​ပြည်၌ လှည့်​လည်​သ​ဖြင့်၊ ယု​ဒ​မြို့​အ​ရပ်​ရပ်​ထဲ​က လေ​ဝိ​သား​များ​နှင့် ဣ​သ​ရေ​လ​အ​ဆွေ​အ​မျိုး သူ​ကြီး​များ​ကို စု​ဝေး​စေ၍၊ ယေ​ရု​ရှ​လင်​မြို့​သို့ ပြန်​လာ​ကြ၏။ 3စည်း​ဝေး​သော​သူ​အ​ပေါင်း​တို့​သည် ဗိ​မာန်​တော်၌ ရှင်​ဘု​ရင်​နှင့် ပ​ဋိ​ညာဉ်​ဖွဲ့​ကြ၏။ ယော​ယ​ဒ​က​လည်း၊ ရှင်​ဘု​ရင်​သား​တော်​ကို ကြည့်​ရှု​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် ဒါ​ဝိဒ်​အ​မျိုး​ကို မိန့်​တော်​မူ​သည်​အ​တိုင်း၊ ရှင်​ဘု​ရင်​သား​တော် စိုး​စံ​ရ​မည်။#၂​ရာ၊ ၇:၁၂။ 4သင်​တို့​ပြု​ရ​သော​အ​မှု​ဟူ​မူ​ကား၊ ဥ​ပုသ်​နေ့၌​ဝင်​သော ယဇ်​ပု​ရော​ဟိတ် လေ​ဝိ​သား​သုံး​စု​တစ်​စု​သည် တံ​ခါး​စောင့်​လုပ်​ရ​မည်။ 5တစ်​စု​သည် နန်း​တော်​ကို စောင့်​ရ​မည်။ တစ်​စု​သည် သု​ရ​တံ​ခါး​ကို စောင့်​ရ​မည်။ လူ​အ​ပေါင်း​တို့​သည် ဗိ​မာန်​တော်​တံ​တိုင်း​တို့​အ​တွင်း၌ နေ​ရ​ကြ​မည်။ 6ယဇ်​ပု​ရော​ဟိတ်​များ​နှင့် အ​မှု​တော်​စောင့် လေ​ဝိ​သား​များ​မှ​တစ်​ပါး၊ အ​ဘယ်​သူ​မျှ ဗိ​မာန်​တော်​ထဲ​သို့​မ​ဝင်​စေ​နှင့်။ သူ​တို့​သည် သန့်​ရှင်း​သော​ကြောင့် ဝင်​ရ​ကြ​မည်။ အ​ခြား​သော​သူ​အ​ပေါင်း​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ဘက်၌ စောင့်​နေ​ရ​ကြ​မည်။ 7လေ​ဝိ​သား​တိုင်း မိ​မိ​လက်​နက်​ကို​ကိုင်​လျက်၊ ကိုယ်​တော်​မြတ်​ကို​ဝိုင်း၍ အိမ်​တော်​ထဲ​သို့ ဝင်​သ​မျှ​သော​သူ​တို့​ကို သတ်​ရ​မည်။ ရှင်​ဘု​ရင်​ထွက်​ဝင်​တော်​မူ​သော အ​ခါ၊ နောက်​တော်​သို့​လိုက်​ရ​မည်​ဟု မှာ​ထား​လေ၏။ 8ထို​သို့ ယဇ်​ပု​ရော​ဟိတ်​ယော​ယ​ဒ မှာ​ထား​သ​မျှ​အ​တိုင်း၊ လေ​ဝိ​သား​များ​နှင့် ယု​ဒ​အ​မျိုး​သား အ​ပေါင်း​တို့​သည်​ပြု၍၊ ယဇ်​ပု​ရော​ဟိတ်​ယော​ယ​ဒ​သည် ဖွဲ့​မြဲ​ဖွဲ့​သော အ​သင်း​တို့​ကို မ​ဖျက်​သော​ကြောင့်၊ ဥ​ပုသ်​နေ့၌ ထွက်​ရ​သော​သူ​နှင့် ဝင်​ရ​သော​သူ အ​သီး​အ​သီး​တို့​ကို ခေါ်​ထား​ကြ၏။ 9ဗိ​မာန်​တော်၌​ရှိ​သော ဒါ​ဝိဒ်​မင်း​ကြီး၏ လှံ​များ​နှင့်​ဒိုင်း​လွှား​များ​ကို၊ ယဇ်​ပု​ရော​ဟိတ်​ယော​ယ​ဒ​သည် ထုတ်၍၊ လူ​တစ်​ရာ​အုပ်​တို့​အား အပ်​လေ၏။ 10အ​သီး​အ​သီး လက်​နက်​ကိုင်​သော သူ​အ​ပေါင်း​တို့​ကို ရှင်​ဘု​ရင်​ပတ်​လည်၊ ယဇ်​ပ​လ္လင်​အ​နား​နှင့် ဗိ​မာန်​တော်​အ​နား၌၊ လက်​ယာ​ထောင့်​မှ​စ၍ လက်​ဝဲ​ထောင့်​တိုင်​အောင် နေ​ရာ​ချ​ထား​လေ၏။ 11ထို​အ​ခါ ရှင်​ဘု​ရင်​သား​တော်​ကို ပြင်​သို့​ထုတ်၍၊ ရာ​ဇ​သ​ရ​ဖူ​နှင့် ပ​ည​တ္တိ​ကျမ်း​ကို​တင်​လျက်၊ ရှင်​ဘု​ရင်​အ​ရာ၌ ချီး​မြှောက်​ကြ၏။ ယော​ယ​ဒ​နှင့် သူ၏​သား​တို့​သည် ဘိ​သိက်​ပေး၍၊ ရှင်​ဘု​ရင်​အ​သက်​တော်​ရှင်​စေ​သ​တည်း​ဟု ကြွေး​ကြော်​ကြ၏။
12အာ​သ​လိ​သည် လူ​များ​ပြေး၍၊ ရှင်​ဘု​ရင်​ထံ၌ ချီး​မွမ်း​သံ​ကို​ကြား​လျှင်၊ လူ​များ​ရှိ​ရာ ဗိ​မာန်​တော်​သို့​သွား၍၊ 13ရှင်​ဘု​ရင်​သည် ဗိ​မာန်​တော်​ဝင်​ဝ၊ တိုင်​နား​မှာ​ရပ်​လျက်၊ မှူး​တော်​မတ်​တော်​များ​နှင့် တံ​ပိုး​မှုတ်​သော​သူ​များ​တို့​သည် ရှင်​ဘု​ရင်​အ​နား​တော်၌ ရပ်​လျက်၊ ပြည်​သူ​ပြည်​သား​များ​တို့​သည် ဝမ်း​မြောက်၍၊ တံ​ပိုး​မှုတ်​လျက် သီ​ချင်း​သည်​တို့​သည် တူ​ရိ​ယာ​အ​မျိုး​မျိုး​ကို ကိုင်၍၊ ထော​မ​နာ​သီ​ချင်း​ကို ဆို​လျက်​ရှိ​ကြ​သည်​ကို မြင်​လျှင်၊ မိ​မိ​အ​ဝတ်​ကို​ဆုတ်၍ ပုန်​ကုန်​မှု​ပါ​တ​ကား၊ ပုန်​ကန်​မှု​ပါ​တ​ကား​ဟု အော်​ဟစ်​လေ၏။ 14ယဇ်​ပု​ရော​ဟိတ်​ယော​ယ​ဒ​က​လည်း၊ ဗိ​မာန်​တော်​ထဲ​မှာ မ​သေ​စေ​နှင့်။ တပ်​ပြင်​သို့​ထုတ်​ကြ။ သူ့​ဘက်​မှာ​နေ​သော​သူ​ကို ဓား​နှင့်​သတ်​ကြ​ဟု လူ​တစ်​ရာ​အုပ်​တပ်​မှူး​တို့​ကို မှာ​ထား​နှင့်​သည်​အ​တိုင်း၊ 15အာ​သ​လိ​ကို​ဖမ်း​ဆီး​လျက်၊ နန်း​တော်​သို့​သွား​သော မြင်း​လမ်း​ဝ​သို့ ရောက်​သော​အ​ခါ သတ်​ကြ၏။
ယော​ယ​ဒ၏​ပြု​ပြင်​ပြောင်း​လဲ​မှု​များ
(၄​ရာ၊ ၁၁:၁၇-၂၀)
16ရှင်​ဘု​ရင်​နှင့် လူ​အ​ပေါင်း​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏​လူ​ဖြစ်​ရ​မည်​အ​ကြောင်း၊ ယော​ယ​ဒ​သည် မိ​မိ​ထံ၌ ပ​ဋိ​ညာဉ်​ဖွဲ့​စေ၏။ 17လူ​အ​ပေါင်း​တို့​သည် ဗာ​လ​ကျောင်း​သို့​သွား၍ ဖြို​ဖျက်​ကြ၏။ ယဇ်​ပ​လ္လင်​များ​နှင့် ရုပ်​တု​များ​ကို ချိုး​ဖဲ့၍၊ ယဇ်​ပ​လ္လင်​တို့​ရှေ့​မှာ ဗာ​လ​ယဇ်​ပု​ရော​ဟိတ် မဿန်​ကို​သတ်​ကြ၏။ 18မော​ရှေ​ပ​ည​တ္တိ​ကျမ်း၌​ပါ​သည်​အ​တိုင်း၊ ထာ​ဝ​ရ​ဘု​ရား​အား မီး​ရှို့​ရာ​ယဇ်​တို့​ကို ပူ​ဇော်​ခြင်း၊ ဒါ​ဝိဒ်​စီ​ရင်​သည်​အ​တိုင်း၊ ရွှင်​လန်း​စွာ​သီ​ချင်း​ဆို​ခြင်း​အ​မှု​ကို ပြု​စေ​ခြင်း​ငှာ၊ ဗိ​မာန်​တော်၌ ဒါ​ဝိဒ်​ခွဲ​ထား​သော ယဇ်​ပု​ရော​ဟိတ်​လေ​ဝိ​သား​တို့​သည် ဗိ​မာန်​တော်​မှု​များ​ကို ဆောင်​ရွက်​မည်​အ​ကြောင်း၊ ယော​ယ​ဒ​စီ​ရင်​လေ၏။ 19မ​သန့်​ရှင်း​သော​လ​က္ခ​ဏာ တစ်​စုံ​တစ်​ခု​ရှိ​သော​သူ​ကို မ​ဝင်​စေ​ခြင်း​ငှာ၊ ဗိ​မာန်​တော် တံ​ခါး​စောင့်​တို့​ကို​လည်း ခန့်​ထား​လေ၏။ 20လူ​တစ်​ရာ​အုပ်၊ မှူး​မတ်၊ အ​ကြီး​အ​ကဲ၊ ပြည်​သူ​ပြည်​သား​အ​ပေါင်း​တို့​ကို ခေါ်​လျက်၊ မြင့်​သော​တံ​ခါး​လမ်း​ဖြင့်၊ ရှင်​ဘု​ရင်​ကို ဗိ​မာန်​တော်​မှ နန်း​တော်​သို့​ပို့​ဆောင်၍၊ ရာ​ဇ​ပ​လ္လင်​တော်​ပေါ်​မှာ တင်​ကြ၏။ 21နန်း​တော်​နား​မှာ အာ​သ​လိ​ကို သတ်​ပြီး​မှ၊ ပြည်​သူ​ပြည်​သား​အ​ပေါင်း​တို့​သည် ဝမ်း​မြောက်၍၊ တစ်​မြို့​လုံး၌​လည်း ငြိမ်​ဝပ်​ခြင်း​ရှိ၏။

လက်ရှိရွေးချယ်ထားမှု

၂ ရာဇဝင်ချုပ် 23: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ