YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ ရာဇဝင်ချုပ် 22:7-9

၂ ရာဇဝင်ချုပ် 22:7-9 JBMLE

ဘု​ရား​သ​ခင် စီ​ရင်​တော်​မူ​သည်​အ​တိုင်း၊ အာ​ခ​ဇိ​သည် ယော​ရံ​ထံ​သို့​ရောက်​သော​အား​ဖြင့်၊ ဆုံး​ရှုံး​လေ​သည် အ​ကြောင်း​အ​ရာ​ဟူ​မူ​ကား၊ အာ​ဟပ်​အ​မျိုး​ကို သုတ်​သင်​ပယ်​ရှင်း​စေ​ခြင်း​ငှာ၊ ထာ​ဝ​ရ​ဘု​ရား ဘိ​သိက်​ပေး​တော်​မူ​သော​နိမ်​ရှိ​သား​ယေ​ဟု​ကို ဆီး​ကြို​ခြင်း​ငှာ၊ ယော​ရံ​နှင့် အာ​ခ​ဇိ​တို့​သည် ထွက်​သွား၏။ ယေ​ဟု​သည် အာ​ဟပ်​အ​မျိုး​ကို တ​ရား​စီ​ရင်​သော​အ​ခါ၊ ယု​ဒ​မှူး​မတ်​တို့​ကို​လည်း​ကောင်း၊ အာ​ခ​ဇိ​မင်း၌ ခ​စား​သော နောင်​တော်၏​သား​တို့​ကို​လည်း​ကောင်း၊ တွေ့၍​သတ်​လေ၏။ ရှ​မာ​ရိ​ပြည်၌ ပုန်း​လျက်​နေ​သော အာ​ခ​ဇိ​ကို​ရှာ၍ ဖမ်း​မိ​သော​အ​ခါ၊ ယေ​ဟု​ထံ​သို့​ဆောင်​ခဲ့​ပြီး​မှ သတ်၍ သင်္ဂြိုဟ်​ကြ၏။ အ​ကြောင်း​မူ​ကား၊ သူ​သည် ထာ​ဝ​ရ​ဘု​ရား​ကို စိတ်​နှ​လုံး​အ​ကြွင်း​မဲ့​ရှာ​သော ယော​ရှ​ဖတ်၏​အ​မျိုး​ဖြစ်​သည်​ဟု ဆို​ကြ၏။ ထို​သို့​အာ​ခ​ဇိ​အ​မျိုး သည် နိုင်​ငံ​ကို​အုပ်​စိုး​ခြင်း​ငှာ မ​တတ်​နိုင်။