YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ ရာဇဝင်ချုပ် 22:10-12

၂ ရာဇဝင်ချုပ် 22:10-12 JBMLE

အာ​ခ​ဇိ၏​မယ်​တော်​အာ​သ​လိ​သည် မိ​မိ​သား​သေ​ကြောင်း​ကို သိ​မြင်​သော်၊ ထ၍​ယု​ဒ​ပြည်၏​ဆွေ​တော်​မျိုး​တော်​အ​ပေါင်း​တို့​ကို သုတ်​သင်​ပယ်​ရှင်း​လေ၏။ သို့​ရာ​တွင်၊ ရှင်​ဘု​ရင်​သ​မီး ယော​ရှေ​ဘ​သည်၊ အာ​ခ​ဇိ၏​သား ယော​ရှ​ကို​အ​သေ​ခံ​ရ​သော ဆွေ​တော်​မျိုး​တော်​ထဲ​က ခိုး​ယူ၍၊ သူ​နှင့်​သူ၏ နို့​ထိန်း​ကို အိပ်​ခန်း​ထဲ၌ ဝှက်​ထား၏။ ထို​သို့​ယ​ဟော​ရံ​မင်း​ကြီး​သ​မီး၊ ယဇ်​ပု​ရော​ဟိတ်​ယော​ယဒ၏​မ​ယား​ဖြစ်​သော အာ​ခ​ဇိ၏​နှ​မ​ယော​ရှေ​ဘ​သည်၊ အာ​သ​လိ​လက်​မှ ယော​ရှ၏​အ​သက် လွတ်​စေ​ခြင်း​ငှာ​ဝှက်​ထား​သ​ဖြင့်၊ ခြောက်​နှစ်​ပတ်​လုံး ယော​ရှ​သည် သူ​တို့​နှင့်​အ​တူ၊ ဗိ​မာန်​တော်၌ ပုန်း​ရှောင်​လျက်​နေ၍ အာ​သ​လိ​သည် စိုး​စံ​လေ၏။