YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ ရာဇဝင်ချုပ် 22:1-6

၂ ရာဇဝင်ချုပ် 22:1-6 JBMLE

အာ​ရပ်​လူ​တို့​နှင့်​လိုက်​လာ​သော တပ်​သား​တို့​သည် တပ်​ထဲ​သို့​ဝင်၍၊ ယု​ဒ​ရှင်​ဘု​ရင် ယ​ဟော​ရံ၏ သား​တော်​အ​ကြီး​ရှိ​သ​မျှ​တို့​ကို သတ်​သော​ကြောင့်၊ ယေ​ရု​ရှ​လင်​မြို့​သား​တို့​သည် သား​ထွေး​အာ​ခ​ဇိ​ကို ခ​မည်း​တော်​အ​ရာ၌​ချီး​မြှောက်၍၊ အာ​ခ​ဇိ​သည် အ​သက်​နှစ်​ဆယ်​နှစ်​နှစ်​ရှိ​သော်၊ နန်း​ထိုင်၍ ယေ​ရု​ရှ​လင်​မြို့၌ တစ်​နှစ်​စိုး​စံ​လေ၏။ မယ်​တော်​ကား၊ ဩ​မ​ရိ​မြေး​အာ​သ​လိ အ​မည်​ရှိ၏။ မယ်​တော်​သည် မ​ကောင်း​သော​အ​ကြံ​ကို ပေး​သော​ကြောင့်၊ ထို​မင်း​သည် အာ​ဟပ်​အ​မျိုး​လိုက်​ရာ လမ်း​သို့​လိုက်၍၊ အာ​ဟပ်​အ​မျိုး​ကဲ့​သို့ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဒု​စ​ရိုက်​ကို​ပြု၏။ ခ​မည်း​တော်​သေ​သော​နောက်၊ အာ​ဟပ်​အ​မျိုး​သား​တို့​သည် အာ​ခ​ဇိ​ကို အ​ကျိုး​နည်း​စေ​ခြင်း​ငှာ မ​ကောင်း​သော​အ​ကြံ​ကို ပေး​ကြ၏။ အာ​ခ​ဇိ​သည် သူ​တို့​စ​ကား​ကို​နား​ထောင်​သ​ဖြင့်၊ ဣ​သ​ရေ​လ​ရှင် ဘု​ရင်​အာ​ဟပ်​သား ယော​ရံ​နှင့်​ဝိုင်း​လျက်၊ ဂိ​လဒ်​ပြည်​ရာ​မုတ်​မြို့​သို့​စစ်​ချီ၍၊ ရှု​ရိ​ရှင်​ဘု​ရင် ဟာ​ဇေ​လ​ကို တိုက်​ရာ​တွင်၊ ရှု​ရိ​လူ​တို့​သည်​ယော​ရံ​ကို ထိ​ခိုက်​ကြ၏။ ထို​သို့​ရာ​မုတ်​မြို့၌ ရှု​ရိ​ရှင်​ဘု​ရင်​ဟာ​ဇေ​လ​ကို​တိုက်၍၊ ရှု​ရိ​လူ​ထိ​ခိုက်​သော အ​နာ​ပျောက်​စေ​ခြင်း​ငှာ၊ ယော​ရံ​သည် ယေ​ဇ​ရေ​လ​မြို့​သို့ ပြန်​သွား၍ နာ​လျက်​နေ​စဉ်​တွင်၊ ယု​ဒ​ရှင်​ဘု​ရင် ယ​ဟော​ရံ​သား အာ​ခ​ဇိ​သည်​လည်း၊ အာ​ဟပ်​သား​ယော​ရံ​ကို ကြည့်​ရှု​ခြင်း​ငှာ ထို​မြို့​သို့ ဆင်း​သွား​လေ၏။