YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ ရာဇဝင်ချုပ် 20:1-18

၂ ရာဇဝင်ချုပ် 20:1-18 JBMLE

ထို​နောက်​မှ၊ မော​ဘ​အ​မျိုး​သား​နှင့် အ​မ္မုန်​အ​မျိုး​သား​တို့​သည် ဧ​ဒုံ​အ​မျိုး​သား​အ​ချို့​နှင့်​တ​ကွ၊ ယော​ရှ​ဖတ်​ကို စစ်​တိုက်​မည်​ဟု ချီ​လာ​ကြ၏။ အိုင်​ကြီး​တစ်​ဖက်၊ ဧ​ဒုံ​ပြည်​ဘက်​က များ​စွာ​သော အ​လုံး​အ​ရင်း စစ်​ချီ​လာ၍၊ အင်္ဂေ​ဒိ​အ​မည်​ရှိ​သော ဟာ​ဇ​ဇု​န္တာ​မာ​မြို့​မှာ ရှိ​ကြ​ပါ​သည်​ဟု ယော​ရှ​ဖတ်​အား ကြား​လျှောက်​လျှင်၊ ယော​ရှ​ဖတ်​သည် ကြောက်၍၊ ထာ​ဝ​ရ​ဘု​ရား​ကို ရှာ​ခြင်း​ငှာ​သ​ဘော​ချ​လျက်၊ အ​စာ​ရှောင်​ရာ​အ​ချိန်​ကို၊ ယု​ဒ​ပြည်​တစ်​လျှောက်​လုံး၌ ကြော်​ငြာ​စေ​တော်​မူ၏။ ယု​ဒ​လူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို ဆု​တောင်း​မည်​ဟု​စု​ဝေး၍၊ ထာ​ဝ​ရ​ဘု​ရား​ကို​ရှာ​အံ့​သော​ငှာ၊ ယု​ဒ​မြို့​ရှိ​သ​မျှ​မှ ထွက်​လာ​ကြ၏။ ယော​ရှ​ဖတ်​သည် ဗိ​မာန်​တော်​တံ​တိုင်း​သစ်​ရှေ့၊ ယု​ဒ​ပြည်​သူ ယေ​ရု​ရှ​လင်​မြို့​သား​စည်း​ဝေး​ရာ ပ​ရိ​သတ်​အ​လယ်၌​ရပ်​လျက်၊ ဘိုး​ဘေး​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် ကောင်း​ကင်​ဘုံ၏​အ​ရှင် ဘု​ရား​သ​ခင် ဖြစ်​တော်​မူ​သည် မ​ဟုတ်​လော။ တစ်​ပါး​အ​မျိုး​သား​နေ​ရာ တိုင်း​နိုင်​ငံ​ရှိ​သ​မျှ​တို့​ကို အ​စိုး​ရ​တော်​မူ​သည် မ​ဟုတ်​လော။ အ​ဘယ်​သူ​မျှ မ​ဆီး​တား​နိုင်​အောင် ခွန်​အား​တန်​ခိုး ကြီး​တော်​မူ​သည် မ​ဟုတ်​လော။ ဤ​ပြည်၌​နေ​ဖူး​သော သူ​တို့​ကို ကိုယ်​တော်၏​လူ ဣ​သ​ရေ​လ​အ​မျိုး​ရှေ့​မှ နှင်​ထုတ်၍၊ ကိုယ်​တော်​အ​ဆွေ အာ​ဗြ​ဟံ၏​သား​မြေး​တို့​အား၊ ဤ​ပြည်​ကို အ​စဉ်​ပေး​တော်​မူ​သော အ​ကျွန်ုပ်​တို့၏​ဘု​ရား​သ​ခင် ဖြစ်​တော်​မူ​သည် မ​ဟုတ်​လော။ သူ​တို့​သည် နေ​ရာ​ကျ၍၊ နာ​မ​တော်​အ​ဖို့ သန့်​ရှင်း​ရာ​ဌာ​န​တော်​ကို တည်​ဆောက်​ကြ​သော​အ​ခါ၊ အ​ကျွန်ုပ်​တို့​အ​ပေါ်​မှာ ဓား​ဘေး၊ ဒဏ်​ခတ်​ခြင်း​ဘေး၊ ကာ​လ​နာ​ဘေး၊ မွတ်​သိပ်​ခြင်း​ဘေး​တစ်​စုံ​တစ်​ခု​ရောက်၍၊ နာ​မ​တော်​ဖြင့်​သ​မုတ်​သော ဤ​အိမ်​တော်၊ အ​ထံ​တော်​သို့ အ​ကျွန်ုပ်​တို့​သည် ချဉ်း​ကပ်၍၊ ဆင်း​ရဲ​ဒု​က္ခ​ကြောင့် အော်​ဟစ်​ကြ​သော​အ​ခါ၊ နား​ထောင်၍​ကယ်​မ​တော်​မူ​ပါ​ဟု လျှောက်​ထား​ကြ​ပါ​ပြီ။ ယ​ခု​တွင်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် အဲ​ဂု​တ္တု​ပြည်​မှ ထွက်​လာ​သော​အ​ခါ၊ တိုက်​ရ​သော​အ​ခွင့် ပေး​တော်​မ​မူ။ လွှဲ​ရှောင်၍ မ​ဖျက်​ဆီး​ဘဲ​ထား​ခဲ့​သော အ​မ္မုန်​အ​မျိုး​သား၊ မော​ဘ​အ​မျိုး​သား၊ စိ​ရ​တောင်​သား​တို့​သည်၊ အ​ကျွန်ုပ်​တို့​အား အ​ပိုင်​ပေး​တော်​မူ​သော အ​မွေ​ခံ​ရာ​မြေ​ထဲ​က၊ အ​ကျွန်ုပ်​တို့​ကို နှင်​ထုတ်​ခြင်း​ငှာ​လာ၍၊ အ​ဘယ်​သို့ ကျေး​ဇူး​ဆပ်​ကြ​ပါ​သည်​ကို ကြည့်​ရှု​တော်​မူ​ပါ။ အို​အ​ကျွန်ုပ်​တို့​ဘု​ရား​သ​ခင်၊ သူ​တို့​ကို မ​စီ​ရင်​ဘဲ​နေ​တော်​မူ​မည်​လော။ အ​ကျွန်ုပ်​တို့​ကို တိုက်​အံ့​သော​ငှာ လာ​သော ဤ​အ​လုံး​အ​ရင်း​ကြီး​ကို၊ အ​ကျွန်ုပ်​တို့​သည် ဆီး​တား​ခြင်​ငှာ မ​တတ်​နိုင်​ပါ။ အ​ဘယ်​သို့​ပြု​ရ​မည်​ကို မ​သိ​ပါ။ ကိုယ်​တော်​ကို​သာ မျှော်​ကြည့်​လျက်​နေ​ကြ​ပါ​သည်​ဟု ဆု​တောင်း၍၊ ယု​ဒ​လူ​အ​ပေါင်း​တို့​သည် သား​မ​ယား သူ​ငယ်​တို့​နှင့်​တ​ကွ၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ရပ်​နေ​ကြ၏။ ထို​အ​ခါ ပ​ရိ​သတ်​အ​လယ်၌​ရှိ​သော လေ​ဝိ​အ​မျိုး၊ အာ​သပ်​အ​နွယ်၊ မ​တ္တ​နိ၊ ယေ​ယေ​လ၊ ဗေ​နာ​ယ၊ ဇာ​ခ​ရိ​တို့​မှ ဆင်း​သက်​သော ယ​ဟာ​ဇေ​လ​အ​ပေါ်​သို့၊ ထာ​ဝ​ရ​ဘု​ရား၏ ဝိ​ညာဉ်​တော်​သည် သက်​ရောက်၍၊ ထို​သူ​က၊ အို​ယော​ရှ​ဖတ်​မင်း​ကြီး​နှင့် ယု​ဒ​ပြည်​သူ၊ ယေ​ရု​ရှ​လင်​မြို့​သား​အ​ပေါင်း​တို့၊ နား​ထောင်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ထို​အ​လုံး​အ​ရင်း​ကြီး​ကြောင့် မ​ကြောက်​ကြ​နှင့်။ စိတ်​မ​ပျက်​ကြ​နှင့်။ စစ်​မှု​သည် သင်​တို့​တာ​မ​ဟုတ်၊ ဘု​ရား​သ​ခင့်​တာ ဖြစ်၏။ နက်​ဖြန်​နေ့ သူ​တို့​ရှိ​ရာ​သို့ ချီ​သွား​ကြ​လော့။ သူ​တို့​သည် ဇိ​ဇ​မြို့​သို့ တက်​ရာ​လမ်း​ဖြင့် လာ​ကြ​စဉ်၊ ယေ​ရွေ​လ​တော​စပ်​နား၊ ချိုင့်​ဝ​မှာ သင်​တို့​တွေ့​ကြ​လိမ့်​မည်။ သို့​ရာ​တွင်၊ အို​ယု​ဒ​ပြည်​သူ ယေ​ရု​ရှ​လင်​မြို့​သား​တို့၊ သင်​တို့​သည် စစ်​တိုက်​စ​ရာ​အ​ကြောင်း မ​ရှိ​သည်​ဖြစ်၍၊ တည်​ကြည်​စွာ မတ်​တတ်​နေ​လျက်၊ ထာ​ဝ​ရ​ဘု​ရား ကယ်​တင်​တော်​မူ​ခြင်း​ကျေး​ဇူး​ကို ကြည့်​ရှု​ကြ​လော့။ မ​ကြောက်​ကြ​နှင့်။ စိတ်​မ​ပျက်​ကြ​နှင့်။ နက်​ဖြန်​နေ့ ချီ​သွား​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​နှင်​အ​တူ ရှိ​တော်​မူ​လိမ့်​မည်​ဟု မြွက်​ဆို၏။ ယော​ရှ​ဖတ်​သည် မြေ​ပေါ်​မှာ​ဦး​ချ၍ ယု​ဒ​ပြည်​သူ ယေ​ရု​ရှ​လင်​မြို့​သား​အ​ပေါင်း​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ပျပ်​ဝပ်​လျက်၊ ထာ​ဝ​ရ​ဘု​ရား​ကို ကိုး​ကွယ်​ကြ၏။

​၂ ရာဇဝင်ချုပ် 20:1-18 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။