YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ ရာဇဝင်ချုပ် 15:1-7

၂ ရာဇဝင်ချုပ် 15:1-7 JBMLE

ဘု​ရား​သ​ခင်၏​ဝိ​ညာဉ်​တော်​သည် ဩ​ဒက်​သား အာ​ဇ​ရိ​အ​ပေါ်​သို့ သက်​ရောက်၍၊ အာ​ဇ​ရိ​သည် အာ​သ​မင်း​ကို ကြို​ဆို​ခြင်း​ငှာ သွား​လျက်၊ အို​အာ​သ​မင်း၊ အို​ယု​ဒ​အ​မျိုး​နှင့် ဗင်္ယာ​မိန် အ​မျိုး​သား​အ​ပေါင်း​တို့၊ ငါ့​စ​ကား​ကို နား​ထောင်​ကြ​လော့။ သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ဘက်၌​နေ​လျှင်၊ နေ​စဉ်​ကာ​လ၊ ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​နှင့်​အ​တူ ရှိ​တော်​မူ​မည်။ ထာ​ဝ​ရ​ဘု​ရား​ကို​ရှာ​လျှင် အ​တွေ့​ခံ​တော်​မူ​မည်။ စွန့်​လျှင်​သင်​တို့​ကို စွန့်​တော်​မူ​မည်။ ကြာ​မြင့်​သော​ကာ​လ​ပတ်​လုံး၊ ဣ​သ​ရေ​လ​အ​မျိုး၌ မှန်​သော​ဘု​ရား မ​ရှိ။ ဩ​ဝါ​ဒ​ပေး​တတ်​သော ယဇ်​ပု​ရော​ဟိတ် မ​ရှိ။ တ​ရား​လည်း​မ​ရှိ​ဘဲ နေ၍၊ ဘေး​ရောက်​သ​ဖြင့်၊ သူ​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ ပြန်​လာ၍၊ ရှာ​ကြ​သော​အ​ခါ အ​တွေ့​ခံ​တော်​မူ၏။ ရှေး​ကာ​လ၌ ထွက်​သော​သူ၊ ဝင်​သော​သူ​သည် ချမ်း​သာ​မ​ရ။ အ​တိုင်း​တိုင်း အ​ပြည်​ပြည်​သား အ​ပေါင်း​တို့​သည် အ​လွန်​ဆင်း​ရဲ​ခြင်း​ကို ခံ​ရ​ကြ၏။ တစ်​နိုင်​ငံ​နှင့်​တစ်​နိုင်​ငံ၊ တစ်​မြို့​နှင့်​တစ်​မြို့​ထ​ကြ၍၊ ဘေး​အ​မျိုး​မျိုး​အား​ဖြင့်၊ ဘု​ရား​သ​ခင် ဆုံး​မ​တော်​မူ၏။ သင်​တို့​မူ​ကား အား​ယူ​ကြ​လော့။ လက်​အား မ​လျော့​စေ​နှင့်။ သင်​တို့​ကျင့်​သည်​အ​တိုင်း အ​ကျိုး​ကို​ခံ​ရ​ကြ​မည်​ဟု မြွက်​ဆို၏။