YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ ရာဇဝင်ချုပ် 15

15
အာ​သ​မင်း၏​ပြု​ပြင်​ပြောင်း​လဲ​မှု​များ
(၃​ရာ၊ ၁၅:၁၃-၁၅)
1ဘု​ရား​သ​ခင်၏​ဝိ​ညာဉ်​တော်​သည် ဩ​ဒက်​သား အာ​ဇ​ရိ​အ​ပေါ်​သို့ သက်​ရောက်၍၊#၃​ရာ၊ ၁၅း၁၃-၁၅။ 2အာ​ဇ​ရိ​သည် အာ​သ​မင်း​ကို ကြို​ဆို​ခြင်း​ငှာ သွား​လျက်၊ အို​အာ​သ​မင်း၊ အို​ယု​ဒ​အ​မျိုး​နှင့် ဗင်္ယာ​မိန် အ​မျိုး​သား​အ​ပေါင်း​တို့၊ ငါ့​စ​ကား​ကို နား​ထောင်​ကြ​လော့။ သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ဘက်၌​နေ​လျှင်၊ နေ​စဉ်​ကာ​လ၊ ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​နှင့်​အ​တူ ရှိ​တော်​မူ​မည်။ ထာ​ဝ​ရ​ဘု​ရား​ကို​ရှာ​လျှင် အ​တွေ့​ခံ​တော်​မူ​မည်။ စွန့်​လျှင်​သင်​တို့​ကို စွန့်​တော်​မူ​မည်။ 3ကြာ​မြင့်​သော​ကာ​လ​ပတ်​လုံး၊ ဣ​သ​ရေ​လ​အ​မျိုး၌ မှန်​သော​ဘု​ရား မ​ရှိ။ ဩ​ဝါ​ဒ​ပေး​တတ်​သော ယဇ်​ပု​ရော​ဟိတ် မ​ရှိ။ တ​ရား​လည်း​မ​ရှိ​ဘဲ နေ၍၊ 4ဘေး​ရောက်​သ​ဖြင့်၊ သူ​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ ပြန်​လာ၍၊ ရှာ​ကြ​သော​အ​ခါ အ​တွေ့​ခံ​တော်​မူ၏။ 5ရှေး​ကာ​လ၌ ထွက်​သော​သူ၊ ဝင်​သော​သူ​သည် ချမ်း​သာ​မ​ရ။ အ​တိုင်း​တိုင်း အ​ပြည်​ပြည်​သား အ​ပေါင်း​တို့​သည် အ​လွန်​ဆင်း​ရဲ​ခြင်း​ကို ခံ​ရ​ကြ၏။ 6တစ်​နိုင်​ငံ​နှင့်​တစ်​နိုင်​ငံ၊ တစ်​မြို့​နှင့်​တစ်​မြို့​ထ​ကြ၍၊ ဘေး​အ​မျိုး​မျိုး​အား​ဖြင့်၊ ဘု​ရား​သ​ခင် ဆုံး​မ​တော်​မူ၏။ 7သင်​တို့​မူ​ကား အား​ယူ​ကြ​လော့။ လက်​အား မ​လျော့​စေ​နှင့်။ သင်​တို့​ကျင့်​သည်​အ​တိုင်း အ​ကျိုး​ကို​ခံ​ရ​ကြ​မည်​ဟု မြွက်​ဆို၏။
8ထို​စ​ကား​နှင့် ပ​ရော​ဖက်​ဩ​ဒက်၏ အ​နာ​ဂ​တ္တိ​စ​ကား​ကို အာ​သ​မင်း​သည် ကြား​သော​အ​ခါ၊ ရဲ​ရင့်​ခြင်း​သို့​ရောက်၍၊ ယု​ဒ​ပြည်​နှင့် ဗင်္ယာ​မိန်​ပြည် အ​ရပ်​ရပ်​တို့၌​လည်း​ကောင်း၊ ဧ​ဖ​ရိမ်​တောင်​ပေါ်​မှာ တိုက်​ယူ​သော မြို့​တို့၌​လည်း​ကောင်း၊ စက်​ဆုပ်​ဖွယ်​သော အ​ရာ​ရှိ​သ​မျှ​တို့​ကို ပယ်​ရှား၍၊ ဗိ​မာန်​တော်​ဦး​ရှေ့​တွင်​ရှိ​သော ထာ​ဝ​ရ​ဘု​ရား၏ ယဇ်​ပ​လ္လင်​ကို ပြု​ပြင်​လေ၏။ 9ယု​ဒ​အ​မျိုး​နှင့် ဗင်္ယာ​မိန်​အ​မျိုး​သား အ​ပေါင်း​တို့​ကို​လည်း​ကောင်း၊ ဧ​ဖ​ရိမ်​ခ​ရိုင်၊ မ​နာ​ရှေ​ခ​ရိုင်၊ ရှိ​မောင်​ခ​ရိုင်​ထဲ​က​ထွက်​သော တစ်​ပါး​အ​မျိုး​သား​တို့​ကို​လည်း​ကောင်း စု​ဝေး​စေ၏။ အာ​သ​မင်း၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်၊ သူ​နှင့်​အ​တူ ရှိ​တော်​မူ​ကြောင်း​ကို၊ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​များ​တို့​သည် သိ​မြင်​လျှင်၊ ထို​မင်း​ဘက်​သို့ ဝင်​စား​ကြ၏။ 10အာ​သ​မင်း နန်း​စံ​ဆယ်​ငါး​နှစ်၊ တ​တိ​ယ​လ​တွင် ယေ​ရု​ရှ​လင်​မြို့၌ စု​ဝေး၍၊ 11ဆောင်​ခဲ့​သော လက်​ရ​ဥ​စ္စာ​ထဲ​က နွား​ခု​နစ်​ရာ၊ သိုး​ခု​နစ်​ထောင်​တို့​ကို ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​ကြ၏။ 12ဘိုး​ဘေး​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို စိတ်​နှ​လုံး​အ​ကြွင်း​မဲ့ ရှာ​ပါ​မည်​ဟူ၍​လည်း​ကောင်း၊ 13ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို မ​ရှာ​သော​သူ၊ ယောက်ျား​မိန်း​မ အ​ကြီး​အ​ငယ်​မည်​သည်​ကား၊ အ​သေ​သတ်​ခြင်း​ကို ခံ​ရ​မည်​ဟူ၍​လည်း​ကောင်း၊ 14ကြွေး​ကြော်​သံ၊ တံ​ပိုး​နှဲ​ခ​ရာ​မှုတ်​သံ​နှင့်​တ​ကွ၊ ကြီး​သော​အ​သံ​ဗ​လံ​ပြု​လျက်၊ ထာ​ဝ​ရ​ဘု​ရား​အား ကျိန်​ဆို၍ ဝန်​ခံ​ခြင်း​ပ​ဋိ​ညာဉ် ဖွဲ့​ကြ၏။ 15ယု​ဒ​လူ​အ​ပေါင်း​သည် ထို​သို့​ကျိန်​ဆို​ခြင်း​ကို ပြု​သော​အ​ခါ ဝမ်း​မြောက်​ကြ၏။ အ​ကြောင်း​မူ​ကား၊ စိတ်​နှ​လုံး​အ​ကြွင်း​မဲ့ ကျိန်​ဆို၍၊ အ​လို​ဆ​န္ဒ​အား​ကြီး​သည်​နှင့်၊ ထာ​ဝ​ရ​ဘု​ရား​ကို ရှာ​သော​ကြောင့် အ​တွေ့​ခံ​တော်​မူ၏။ အ​ရပ်​ရပ်၌ ငြိမ်​သက်​ခြင်း​အ​ခွင့်​ကို ပေး​တော်​မူ၏။
16အာ​သ​မင်း​ကြီး၏ အ​ဖွား​တော်​မာ​ခါ​သည်၊ အာ​ရှ​ရ​ပင်​အောက်​မှာ ရုပ်​တု​ကို​လုပ်​သော​ကြောင့်၊ မိ​ဖု​ရား​အ​ရာ​ကို​နုတ်၍၊ ရုပ်​တု​ကို ဖျက်​ဆီး​ကျော်​နင်း​ပြီး​လျှင်၊ ကေ​ဒြုန်​ချောင်း​နား​မှာ မီး​ရှို့​တော်​မူ၏။ 17မြင့်​သော​အ​ရပ်​တို့​ကို ဣ​သ​ရေ​လ​ပြည်၌ မ​ပယ်​ရှား​သော်​လည်း၊ လက်​ထက်​တော်​ကာ​လ​ပတ်​လုံး အာ​သ​စိတ်​နှ​လုံး​သည် စုံ​လင်​ခြင်း​ရှိ၏။ 18ခ​မည်း​တော်​လှူ​သော ဥ​စ္စာ၊ ကိုယ်​တိုင်​လှူ​သော ဥ​စ္စာ၊ ရွှေ၊ ငွေ​တန်​ဆာ​များ​ကို ဗိ​မာန်​တော်​ထဲ​သို့ သွင်း​ထား​တော်​မူ၏။ 19နောက်​တစ်​ဖန် နန်း​စံ သုံး​ဆယ်​ငါး​နှစ်​တိုင်​အောင် စစ်​တိုက်​ခြင်း​မ​ရှိ။

လက်ရှိရွေးချယ်ထားမှု

၂ ရာဇဝင်ချုပ် 15: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။