YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ တိမောသေ 6:6-10

၁ တိမောသေ 6:6-10 JBMLE

ရောင့်​ရဲ​သော​စိတ်​ပါ​လျှင်၊ ဘု​ရား​ဝတ်၌ မွေ့​လျော်​ခြင်း​သည် ကြီး​စွာ​သော အ​ကျိုး​စီး​ပွား​မှန်၏။- အ​ကြောင်း​မူ​ကား၊ ငါ​တို့​သည် ဤ​လော​က​ထဲ​သို့ အ​ဘယ်​အ​ရာ​မျှ​မ​ပါ​ဘဲ လာ​သည်​ဖြစ်၍၊ ထွက်​သွား​လျှင်​လည်း၊ အ​ဘယ်​အ​ရာ​ကို​မျှ ယူ၍ မ​သွား​နိုင်​ဟု ထင်​ရှား​လျက်​ရှိ၏။- သို့​ဖြစ်၍၊ စား​ရန်၊ ဝတ်​ရန်​ရှိ​သ​မျှ​နှင့် ရောင့်​ရဲ​လျက်​နေ​ကြ​ကုန်​အံ့။- ငွေ​ရ​တတ်​ခြင်း​ငှာ အ​လို​ရှိ​သော​သူ​တို့​သည် အ​ပြစ်​သွေး​ဆောင်​ခြင်း၊ ဖမ်း​မိ​ခြင်း၊ မိုက်​မဲ​ဖျက်​ဆီး​တတ်​သော တပ်​မက်​ခြင်း​များ​ထဲ​သို့ ကျ​ရောက်​တတ်​ကြ၏။ ထို​သို့​သော​အား​ဖြင့် လူ​တို့​သည် အ​ကျိုး​နည်း​ခြင်း၊ ပျက်​စီး​ခြင်း၌ နစ်​မွန်း​တတ်​ကြ၏။- အ​ကြောင်း​မူ​ကား၊ ငွေ​ကို​တပ်​မက်​ခြင်း​သည် မ​ကောင်း​သော အ​မှု​အ​ပေါင်း​တို့​တွင် မူ​လ​အ​မြစ်​ဖြစ်​သ​တည်း။ လူ​အ​ချို့​တို့​သည် ငွေ​ကို တပ်​မက်​သော​ကြောင့် ယုံ​ကြည်​ခြင်း​တ​ရား​လမ်း​မှ လွှဲ​သွား၍၊ ပူ​ပန်​ခြင်း​ဝေ​ဒ​နာ​များ​နှင့် ကိုယ်​ကို​ကိုယ် ထုတ်​ချင်း​ခပ်​အောင် ထိုး​ကြ​ပြီ။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။