YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ တိမောသေ 6:17-21

၁ တိမောသေ 6:17-21 JBMLE

ဤ​ဘ​ဝ၌ ငွေ​ရ​တတ်​သော​သူ​တို့​သည် မာန်​မာ​န စိတ်​နှင့် ကင်း​လွတ်၍၊ မ​မြဲ​သော​စည်း​စိမ်​ကို မ​ကိုး​စား​ဘဲ၊ ငါ​တို့​ခံ​စား​ဖို့​ရာ အ​လုံး​စုံ​တို့​ကို​ကြွယ်​ဝ​စွာ ပေး​သ​နား​တော်​မူ​သော၊ အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်​ကို ကိုး​စား​ရ​မည်​အ​ကြောင်း​နှင့်၊- သူ​တစ်​ပါး​အား​ကျေး​ဇူး​ပြု​ခြင်း၊ ကောင်း​သော​အ​ကျင့်၌ ကြွယ်​ဝ​ပြည့်​စုံ​ခြင်း၊ စွန့်​ကြဲ​ချင်​သော စေ​တ​နာ​စိတ်​ရှိ​ခြင်း၊ အ​ချင်း​ချင်း ဆက်​ဆံ​ခြင်း၊- မှန်​သော​အ​သက်​ကို ဝင်​စား​လို​သော​ငှာ၊ နောင်​ဘ​ဝ၌ ကောင်း​သော​ဘ​ဏ္ဍာ​ကို မိ​မိ​တို့​အ​ဖို့ ဆည်း​ပူးခြင်း​တို့​ကို ပြု​ရ​မည်​အ​ကြောင်း ပ​ညတ်​ထား​လော့။ အို တိ​မော​သေ၊ သင်၌​အပ်​ထား​သော အ​ရာ​ကို စောင့်​ရှောက်​လော့။ တ​ရား​မဲ့​ဖြစ်​သော အ​ချည်း​နှီး စ​ကား​ပြော​ခြင်း​ကို​လည်း​ကောင်း၊ သိ​ပ္ပံ​အ​တတ်​ဟူ၍ အ​လွဲ​ခေါ်​ဝေါ်​သော သိ​ပ္ပံ​အ​တတ် ဆီး​တား​နှောင့်​ယှက်​ခြင်း​ကို​လည်း​ကောင်း ရှောင်​လော့။- ထို​သိ​ပ္ပံ​အ​တတ်​ကို လူ​အ​ချို့​တို့​သည် ဝန်​ခံ​ပြု​စု​သော​အား​ဖြင့်၊ ယုံ​ကြည်​ခြင်း​တ​ရား​လမ်း​မှ လွဲ​ကြ​ပြီ။ သင်၌​ကျေး​ဇူး​တော် ရှိ​စေ​သ​တည်း။ အာ​မင်။ တိ​မော​သေ​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင်​ပြီး၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။