YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ သက်သာလောနိတ် 5:12-22

၁ သက်သာလောနိတ် 5:12-22 JBMLE

ထို​မှ​တစ်​ပါး၊ ညီ​အစ်​ကို​တို့၊ သင်​တို့​တွင် အ​မှု​တော်​ကို​ဆောင်​ရွက်​ခြင်း၊ သ​ခင်​ဘု​ရား​အ​ခွင့်​နှင့် အုပ်​စိုး​ခြင်း၊ သ​တိ​ပေး​ခြင်း အ​မှု​ကို​ပြု​သော​သူ​တို့​ကို သိ​မှတ်၍၊- သူ​တို့​ပြု​သော​အ​မှု​ကြောင့် မေ​တ္တာ​စိတ်​နှင့် အ​လွန်​ချစ်​ခင်​လေး​မြတ်​မည်​အ​ကြောင်း၊ ငါ​တို့​သည် တောင်း​ပန်​ကြ၏။ အ​ချင်း​ချင်း အ​သင့်​အ​တင့်​နေ​ကြ​လော့။ တစ်​ဖန်​တုံ၊ ညီ​အစ်​ကို​တို့၊ မ​တ​ရား​စွာ​ပြု​သော​သူ​တို့​ကို သ​တိ​ပေး​ကြ​လော့။ စိတ်​ငယ်​သော​သူ​တို့​ကို အား​ပေး​ကြ​လော့။ အား​နည်း​သော သူ​တို့​ကို ထောက်​မ​ကြ​လော့။ ခပ်​သိမ်း​သော​သူ​တို့​အား ရှည်​သော​စိတ် ရှိ​စေ​ကြ​လော့။- သူ​တစ်​ပါး၌ အ​ဘယ်​သူ​မျှ ရန်​တုံ့​မ​မူ​စေ​ခြင်း​ငှာ သ​တိ​ပြု၍၊ အ​ချင်း​ချင်း​တို့၌​လည်း​ကောင်း၊ ခပ်​သိမ်း​သော​သူ​တို့၌ လည်း​ကောင်း၊ ကာ​လ​အ​စဉ်​ကြိုး​စား၍ ကျေး​ဇူး​ပြု​ကြ​လော့။- အ​စဉ်​မ​ပြတ် ဝမ်း​မြောက်​ခြင်း​ရှိ​ကြ​လော့။- မ​ခြား​မ​လပ် ဆု​တောင်း​ပ​တ္ထ​နာ​ပြု​ကြ​လော့။- အ​ရာ​ရာ၌ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် ထို​သို့​ကျင့်​စေ​ခြင်း​ငှာ၊ ယေ​ရှု​ခ​ရစ်၌ ဘု​ရား​သ​ခင်​အ​လို​တော်​ရှိ၏။- ဝိ​ညာဉ်​တော်၏​အ​ရှိန်​ကို မ​ငြိမ်း​စေ​ကြ​နှင့်။- ပ​ရော​ဖက်​ပြု​ခြင်း​ကို မ​ထီ​မဲ့​မြင်​မ​မှတ်​ကြ​နှင့်။- ခပ်​သိမ်း​သော​အ​ရာ​ကို စုံ​စမ်း၍၊ ကောင်း​သော​အ​ရာ​ကို အ​မြဲ​ကိုင်​စွဲ​ကြ​လော့။- မ​ကောင်း​သော​အ​မှု အ​မျိုး​မျိုး​ရှိ​သ​မျှ​ကို ရှောင်​ကြ​လော့။