YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ သက်သာလောနိတ် 5:1-11

၁ သက်သာလောနိတ် 5:1-11 JBMLE

ညီ​အစ်​ကို​တို့၊ ကပ်​ကာ​လ​အ​ချိန်​များ​ကို သင်​တို့​အား​ရေး၍ ပေး​လိုက်​စ​ရာ​အ​ကြောင်း မ​ရှိ။- အ​ဘယ်​ကြောင့်​နည်း​ဟူ​မူ​ကား၊ သူ​ခိုး​သည် ည​အ​ခါ​လာ​သ​ကဲ့​သို့၊ သ​ခင်​ဘု​ရား၏​နေ့​ရက်​သည် လာ​လိမ့်​မည်​ကို သင်​တို့​သည် သေ​ချာ​စွာ​သိ​ကြ၏။- ငြိမ်​ဝပ်​ခြင်း​ရှိ၏၊ ဘေး​အ​န္တ​ရာယ်​နှင့် ကင်း​လွတ်၏​ဟု ဆို​စဉ်​တွင်၊ ကိုယ်​ဝန်​ဆောင်​သော​မိန်း​မ၌ သား​ဖွား​ခြင်း​ဝေ​ဒ​နာ​ရောက်​သ​ကဲ့​သို့၊ သူ​တို့​အ​ပေါ်၌ လျင်​မြန်​စွာ​သော ပျက်​စီး​ခြင်း​ရောက်၍ လွတ်​ခြင်း​အ​ခွင့် မ​ရှိ​ရ​ကြ။- သို့​သော်​လည်း၊ ညီ​အစ်​ကို​တို့၊ ထို​နေ့​ရက်​သည် သူ​ခိုး​ကဲ့​သို့ သင်​တို့​အ​ပေါ်​သို့ ရောက်​လာ​မည်​အ​ကြောင်း၊ သင်​တို့​သည် မှောင်​မိုက်၌ နေ​ကြ​သည်​မ​ဟုတ်။- သင်​တို့​အ​ပေါင်း​သည် အ​လင်း၏​သား၊ နေ့၏​သား​ဖြစ်​ကြ၏။ ည၏​သား၊ မှောင်​မိုက်၏​သား မ​ဟုတ်။- သို့​ဖြစ်၍၊ အ​ခြား​သော​သူ​တို့​သည် အိပ်​ပျော်​သ​ကဲ့​သို့၊ ငါ​တို့​သည် အိပ်​မ​ပျော်​ဘဲ သ​မ္မာ​သ​တိ​ရှိ၍ စောင့်​ကြ​ကုန်​အံ့။- အ​ကြောင်း​မူ​ကား၊ အိပ်​ပျော်​သော​သူ​တို့​သည် ည​အ​ခါ အိပ်​ပျော်​တတ်​ကြ၏။ သေ​ရည်​သေ​ရက်​နှင့် ယစ်​မူး​သော​သူ​တို့​သည်​လည်း ည​အ​ခါ ယစ်​မူး​တတ်​ကြ၏။- နေ့၏​သား​ဖြစ်​သော ငါ​တို့​မူ​ကား၊ သ​မ္မာ​သ​တိ​ရှိ​ကြ​ကုန်​အံ့။ ယုံ​ကြည်​ခြင်း၊ ချစ်​ခြင်း​တည်း​ဟူ​သော ရင်​အုပ်​တန်​ဆာ​ကို​လည်း​ကောင်း၊ ကယ်​တင်​ခြင်း​သို့ ရောက်​မည်​ဟု မျှော်​လင့်​ခြင်း​တည်း​ဟူ​သော သံ​ခ​မောက်​လုံး​ကို​လည်း​ကောင်း၊ ဝတ်​ဆောင်​ကြ​ကုန်​အံ့။- အ​မျက်​တော်​ကို​ခံ​စေ​ခြင်း​ငှာ ဘု​ရား​သ​ခင်​သည် ငါ​တို့​ကို ခန့်​ထား​တော်​မူ​သည်​မ​ဟုတ်။ ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​အား​ဖြင့် ကယ်​တင်​ခြင်း​ကို ပိုင်​ရ​စေ​ခြင်း​ငှာ ခန့်​ထား​တော်​မူ၏။- ငါ​တို့​သည် နိုး​လျက်​ရှိ​သည်​ဖြစ်​စေ၊ အိပ်​ပျော်​သည်​ဖြစ်​စေ၊ ထို​သ​ခင်​နှင့်​အ​တူ အ​သက်​ရှင်​မည်​အ​ကြောင်း၊ ငါ​တို့​အ​ဖို့ အ​သေ​ခံ​တော်​မူ​ပြီ။- ထို​ကြောင့်၊ သင်​တို့​သည် ယ​ခု​ပင်​ပြု​သည်​နည်း​တူ၊ အ​ချင်း​ချင်း​တိုက်​တွန်း၍ တစ်​ယောက်​ကို​တစ်​ယောက် တည်​ဆောက်​ကြ​လော့။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။