YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ သက်သာလောနိတ် 4:1-8

၁ သက်သာလောနိတ် 4:1-8 JBMLE

ကြွင်း​သေး​သော စ​ကား​ဟူ​မူ​ကား၊ ညီ​အစ်​ကို​တို့၊ သင်​တို့​သည် အ​ဘယ်​သို့ ကျင့်​ရ​မည်၊ ဘု​ရား​သ​ခင်​ကို အ​ဘယ်​သို့​နှစ်​သက်​စေ​ရ​မည်​ကို ငါ​တို့​ထံ၌ နည်း​ခံ​ကြ​သည်​နှင့်​အ​ညီ တိုး​ပွား၍ ကြွယ်​ဝ​ပြည့်​စုံ​မည်​အ​ကြောင်း၊ သ​ခင်​ယေ​ရှု​ကို​အ​မှီ​ပြု​လျက်၊ ငါ​တို့​သည် တောင်း​ပန်၍ တိုက်​တွန်း​သွေး​ဆောင်​ကြ၏။- အ​ဘယ်​သို့​သော ပ​ညတ်​တို့​ကို သ​ခင်​ယေ​ရှု၏​အ​ခွင့်​တော်​နှင့် ငါ​တို့​သည် အပ်​ပေး​သည်​ကို သင်​တို့​သိ​ကြ၏။- ဘု​ရား​သ​ခင်၏ အ​လို​တော်​ဟူ​မူ​ကား၊ သင်​တို့​သည် မ​တ​ရား​သော​မေ​ထုန်​ကို ကြဉ်​ရှောင်၍ သန့်​ရှင်း​စေ​ခြင်း​ငှာ​လည်း​ကောင်း၊- ဘု​ရား​သ​ခင်​ကို​မ​သိ​သော သာ​သ​နာ​ပ​လူ​တို့​သည် ကိ​လေ​သာ တပ်​မက်​ခြင်း​ရှိ​သ​ကဲ့​သို့ မ​ရှိ၊- သင်​တို့​အ​ပေါင်း​သည် သန့်​ရှင်း​ခြင်း၊ အ​သ​ရေ​တင့်​တယ်​ခြင်း​နှင့် မိ​မိ​ကိုယ်​ကို​မိ​မိ ထိန်း​တတ်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊- ဤ​အ​မှု​အ​ရာ၌ လွန်​ကျူး၍ ညီ​အစ်​ကို​ကို ပ​ရိ​ယာယ်​အား​ဖြင့် မ​ပြစ်​မှား​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ အ​လို​တော်​ရှိ၏။ ငါ​တို့​သည် အ​ထက်​က ဟော​ပြော၍ သ​စ္စာ​ပေး​နှင့်​သည်​အ​တိုင်း၊ သ​ခင်​ဘု​ရား​သည် ထို​သို့​သော ပြစ်​မှား​ခြင်း​ကို ခံ​သော​သူ​အ​ပေါင်း​တို့​ဘက်၌ တ​ရား​စီ​ရင်​တော်​မူ​လိမ့်​မည်။- ဘု​ရား​သ​ခင်​သည် ညစ်​ညူး​စေ​ခြင်း​ငှာ ငါ​တို့​ကို ခေါ်​တော်​မူ​သည်​မ​ဟုတ်၊ သန့်​ရှင်း​စေ​ခြင်း​ငှာ ခေါ်​တော်​မူ၏။- ထို​ကြောင့်၊ ငါ​တို့​ကို​ငြင်း​ပယ်​သော​သူ​သည် လူ​ကို​သာ ငြင်း​ပယ်​သည်​မ​ဟုတ်၊ ကိုယ်​တော်၏ သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​ကို ငါ​တို့​အား ပေး​တော်​မူ​သော ဘု​ရား​သ​ခင်​ကို ငြင်း​ပယ်၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။