YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ သက်သာလောနိတ် 2:4-8

၁ သက်သာလောနိတ် 2:4-8 JBMLE

ဧ​ဝံ​ဂေ​လိ​တ​ရား​ကို စောင့်​ထိုက်​သော​သူ​ဟု ငါ​တို့​ကို ဘု​ရား​သ​ခင် လက်​ခံ​တော်​မူ​သည်​နှင့်​အ​ညီ၊ လူ​ကို နှစ်​သက်​စေ​သ​ကဲ့​သို့ မ​ဟုတ်၊ ငါ​တို့​စိတ်​နှ​လုံး​ကို စစ်​ကြော​စုံ​စမ်း​တော်​မူ​သော ဘု​ရား​သ​ခင်​ကို နှစ်​သက်​စေ​သ​ကဲ့​သို့ ဟော​ပြော​ကြ၏။- အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ သင်​တို့​သိ​ကြ​သည်​နှင့်​အ​ညီ၊ ငါ​တို့​သည် ချော့​မော့​သော​စ​ကား​ကို တစ်​ခါ​မျှ​မ​သုံး၊ ဝှက်​ထား​သော လော​ဘ​စိတ်​အ​လျှင်း​မ​ရှိ​ကြောင်း​ကို ဘု​ရား​သ​ခင်​သည် ငါ​တို့​သက်​သေ ဖြစ်​တော်​မူ၏။- ထို​မှ​တစ်​ပါး၊ ခ​ရစ်​တော်၏​တ​မန်​တော်​ဖြစ်၍၊ လေး​သော​ဝန်​ကို တင်​ပိုင်​သော်​လည်း၊ လူ​ပေး​သော ဘုန်း​အ​သ​ရေ​ကို သင်​တို့​တွင်​မ​ရှာ၊ အ​ခြား​သူ​တို့​တွင်​လည်း မ​ရှာ​ဘဲ၊- သင်​တို့​တွင် ဖြည်း​ညင်း​စွာ​ပြု​ကြ၏။ သင်​တို့​ကို ချစ်​သော​ကြောင့် နို့​ထိန်း​သည် မိ​မိ​သူ​ငယ်​ကို ကျွေး​မွေး​ပြု​စု​သ​ကဲ့​သို့၊ ငါ​တို့​သည် သင်​တို့​ကို နှ​မြော​စုံ​မက်​ခြင်း​နှင့်​တ​ကွ၊ ဘု​ရား​သ​ခင်၏ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို​မျှ​မ​က၊ ကိုယ်​အ​သက်​ကို​ပင် ပေး​ချင်​သော စေ​တ​နာ​စိတ်​ရှိ​ကြ၏။