YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ သက်သာလောနိတ် 1

1
1ပေါ​လု၊ သိ​လွာ​နု၊ တိ​မော​သေ​တို့​သည် ခ​မည်း​တော်​ဘု​ရား​နှင့် သ​ခင်​ယေ​ရှု​ခ​ရစ်၌ တည်​ရှိ​သော သက်​သာ​လော​နိတ်​မြို့​သား အ​သင်း​တော်​ကို ကြား​လိုက်​ပါ၏။ သ​ခင်​ယေ​ရှု​ခ​ရစ်​နှင့် ငါ​တို့​အ​ဘ​တည်း​ဟူ​သော ဘု​ရား​သ​ခင့်​အ​ထံ​တော်​က ကျေး​ဇူး​တော်​နှင့် ငြိမ်​သက်​ခြင်း​သည် သင်​တို့၌ ရှိ​ပါ​စေ​သော။
သက်​သာ​လော​နိတ်​အ​သင်း​တော်​၏ယုံ​ကြည်​ခြင်း
2-4ငါ​တို့​အ​ဘ​တည်း​ဟူ​သော ဘု​ရား​သ​ခင့်​ရှေ့​တော်၌၊ သင်​တို့​သည် ယုံ​ကြည်​သော​စိတ်​နှင့် အ​ကျင့်​ကို​ကျင့်​ခြင်း၊ ချစ်​သော​စိတ်​နှင့် ကြိုး​စား​အား​ထုတ်​ခြင်း၊ ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​ကို မျှော်​လ​င့်​သော​စိတ်​နှင့် တည်​ကြည်​ခြင်း​တို့​ကို ငါ​တို့​သည် အ​စဉ်​မ​ပြတ် အောက်​မေ့​လျက်၊ ဘု​ရား​သ​ခင်​ချစ်​တော်​မူ​သော ညီ​အစ်​ကို​တို့၊ သင်​တို့​ခံ​ရ​သော ရွေး​ကောက်​တော်​မူ​ခြင်း​ကို သိ​လျက်၊ သင်​တို့​အ​ပေါင်း​ကို အ​ကြောင်း​ပြု​သ​ဖြင့်၊ ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​ကို ကာ​လ​အ​စဉ်​ချီး​မွမ်း၍၊ သင်​တို့​အ​ဖို့ အ​လို​ငှာ ဆု​တောင်း​ပ​တ္ထ​နာ​ပြု​လျက် နေ​ကြ၏။
5ငါ​တို့​သည် သင်​တို့​နှင့်​အ​တူ​နေ​သော​အ​ခါ သင်​တို့​အ​တွက် အ​ဘယ်​သို့​သော​သူ ဖြစ်​သည်​ကို သင်​တို့ သိ​ကြ​သည်​နှင့်​အ​ညီ၊ ငါ​တို့​ဟော​ပြော​သော ဧ​ဝံ​ဂေ​လိ​တ​ရား​သည်၊ သင်​တို့၌ စ​ကား​သက်​သက်​ဖြစ်​သည် မ​ဟုတ်။ တန်​ခိုး​နှင့်​လည်း​ကောင်း၊ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​နှင့် လည်း​ကောင်း၊ ဝိ​စိ​ကိ​စ္ဆာ​မ​ရှိ​ဘဲ အ​မှန်​သိ​ခြင်း​နှင့်​လည်း​ကောင်း ပြည့်​စုံ​သော​တ​ရား​ဖြစ်၏။- 6သင်​တို့​သည် ကြီး​စွာ​သော​ဆင်း​ရဲ​ခြင်း​ကို ခံ​ရ​သော်​လည်း၊ သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​နှင့်​ဆိုင်​သော ဝမ်း​မြောက်​ခြင်း​နှင့်​တ​ကွ နှုတ်​က​ပတ်​တ​ရား​တော်​ကို ခံ​ယူ၍၊ ငါ​တို့​ကဲ့​သို့​သော​သူ၊ သ​ခင်​ဘု​ရား​ကဲ့​သို့​သော​သူ ဖြစ်​ကြ၏။- 7သို့​ဖြစ်၍၊ မာ​ကေ​ဒေါ​နိ​ပြည်၊ အာ​ခါ​ယ​ပြည်၌ ယုံ​ကြည်​သော​သူ အ​ပေါင်း​တို့​အား သင်​တို့​သည် ပုံ​သက်​သေ​ပေး​သော​သူ ဖြစ်​ကြ၏။- 8အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ သင်​တို့​ထံ​က၊ သ​ခင်​ဘု​ရား၏ နှုတ်​က​ပတ်​တ​ရား​တော်​အ​သံ​သည်၊ မာ​ကေ​ဒေါ​နိ​ပြည်၊ အ​ခါ​ယ​ပြည်၌ ကျော်​စော​သည်​သာ​မ​က၊ ဘု​ရား​သ​ခင်​ကို သင်​တို့ ယုံ​ကြည်​ခြင်း၏ သ​တင်း​သည် အ​ရပ်​ရပ်​တို့၌ နှံ့​ပြား​လေ၏။ သို့​ဖြစ်၍ ငါ​တို့​သည် တစ်​စုံ​တစ်​ခု​ကို​မျှ ပြော​စ​ရာ​အ​ကြောင်း​မ​ရှိ။- 9ငါ​တို့​သည် သင်​တို့​အ​ထဲ​သို့ အ​ဘယ်​သို့ ဝင်​ကြ​သည် အ​ကြောင်း​အ​ရာ​ကို သူ​တို့​သည် ကိုယ်​တိုင်​ကြား​ပြော​ကြ၏။ အ​သက်​နှင့် ပြည့်​စုံ​လျက် မှန်​တော်​မူ​သော ဘု​ရား​သ​ခင်၏​အ​မှု​တော်​ကို သင်​တို့​သည် ဆောင်​ခြင်း​ငှာ​လည်း​ကောင်း၊- 10ရောက်​လ​တ္တံ့​သော ဘေး​ဒဏ်​မှ ငါ​တို့​ကို ကယ်​နုတ်​သော သ​ခင်​ယေ​ရှု​တည်း​ဟူ​သော သေ​ခြင်း​မှ ဘု​ရား​သ​ခင် ထ​မြောက်​စေ​တော်​မူ​သော သား​တော်​သည် ကောင်း​ကင်​ဘုံ​မှ ကြွ​လာ​တော်​မူ​မည်​အ​ရာ​ကို ငံ့​လင့်​ခြင်း​ငှာ​လည်း​ကောင်း၊ ရုပ်​တု​ဆင်း​တု​တို့​ကို ပစ်​ပယ်၍၊ ဘု​ရား​သ​ခင့်​အ​ထံ​တော်​သို့ ပြောင်း​လဲ​ကြ​သည် အ​ကြောင်း​အ​ရာ​ကို​လည်း ကြား​ပြော​ကြ၏။

လက်ရှိရွေးချယ်ထားမှု

၁ သက်သာလောနိတ် 1: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ