YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ဓမ္မရာဇဝင် 8:4-9

၁ ဓမ္မရာဇဝင် 8:4-9 JBMLE

ထို​အ​ခါ ဣ​သ​ရေ​လ​အ​မျိုး အ​သက်​ကြီး​သူ​အ​ပေါင်း​တို့​သည် စည်း​ဝေး၍၊ ရှ​မွေ​လ​ရှိ​ရာ​အ​ရပ် ရာ​မ​မြို့​သို့​လာ​ပြီး​လျှင်၊ ကိုယ်​တော်​သည် အ​သက်​ကြီး​ပါ၏။ ကိုယ်​တော်၏​သား​တို့​သည် ကိုယ်​တော်​လမ်း​သို့ မ​လိုက်​ကြ​ပါ။ လူ​မျိုး​အ​ပေါင်း​တို့၏ ထုံး​စံ​ရှိ​သည်​အ​တိုင်း အ​ကျွန်ုပ်​တို့​ကို အုပ်​စိုး​ရ​သော​ရှင်​ဘု​ရင်​ကို ချီး​မြှောက်​ပါ​လော့​ဟု လျှောက်​ကြ၏။ ထို​သို့ အ​ကျွန်ုပ်​တို့​ကို အုပ်​စိုး​ရ​သော ရှင်​ဘု​ရင်​ကို ပေး​ပါ​လော့​ဟု လျှောက်​သော​အ​မှု​ကို ရှ​မွေ​လ​သည် မ​နှစ်​သက်​သော​ကြောင့် ထာ​ဝ​ရ​ဘု​ရား​အား​ဆု​တောင်း​လေ၏။ ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သင့်​အား လူ​များ​တို့​ပြော​ဆို​သ​မျှ​သော စ​ကား​ကို နား​ထောင်​လော့။ သူ​တို့​သည် သင့်​ကို​သာ​မ​ပယ်၊ ငါ​သည် သူ​တို့​ကို​မ​အုပ်​စိုး​စေ​ခြင်း​ငှာ ငါ့​ကို​လည်း​ပယ်​ကြ​ပြီ။ သူ​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ ငါ​ဆောင်​ခဲ့​သော​နေ့​မှ​စ၍ ယ​နေ့​တိုင်​အောင် ငါ့​ကို​စွန့်၍ အ​ခြား​တစ်​ပါး​သော ဘု​ရား​တို့​ကို ဝတ်​ပြု​သ​ဖြင့် ကျင့်​မိ​သ​မျှ​သော အ​ကျင့်​အ​တိုင်း သင်၌​လည်း​ပြု​ကြ၏။ ယ​ခု​မှာ သူ​တို့​စ​ကား​ကို နား​ထောင်​လော့။ သို့​ရာ​တွင် သ​တိ​ပေး၍ သူ​တို့​ကို​အုပ်​စိုး​သော ရှင်​ဘု​ရင်၏​ထုံး​စံ​ကို ပြ​လော့​ဟု မိန့်​တော်​မူ၏။