YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ဓမ္မရာဇဝင် 28:11-16

၁ ဓမ္မရာဇဝင် 28:11-16 JBMLE

မိန်း​မ​က​လည်း၊ အ​ဘယ်​သူ​ကို ငါ​ဖော်​ရ​မည်​နည်း​ဟု မေး​လျှင်၊ ရှော​လု​က၊ ရှ​မွေ​လ​ကို​ဖော်​ပါ​ဟု ဆို၏။ မိန်း​မ​သည် ရှ​မွေ​လ​ကို​မြင်​သော​အ​ခါ ကြီး​သော​အ​သံ​နှင့် အော်​ဟစ်၍၊ ကိုယ်​တော်​သည် ကျွန်​မ​ကို အ​ဘယ်​ကြောင့် လှည့်​စား​သ​နည်း။ ကိုယ်​တော်​သည် ရှော​လု​ဖြစ်​ပါ၏​ဟု ရှော​လု​အား​ဆို​လျှင်၊ ရှင်​ဘု​ရင်​က မ​စိုး​ရိမ်​နှင့်။ အ​ဘယ်​အ​ရာ​ကို မြင်​သ​နည်း​ဟု မေး​သော်၊ မိန်း​မ​က၊ မြေ​ကြီး​ထဲ​က ဘု​ရား​တက်​လာ​သည်​ကို ကျွန်​မ​မြင်​ပါ​သည်​ဟု လျှောက်၏။ အ​ဘယ်​သို့​သော အ​ယောင်​ဆောင်​သ​နည်း​ဟု မေး​ပြန်​သော်၊ လူ​အို​တက်​လာ​ပါ၏။ ဝတ်​လုံ​ခြုံ​လျက်​ရှိ​ပါ၏​ဟု လျှောက်​ပြန်​လျှင်၊ ရှ​မွေ​လ​ဖြစ်​ကြောင်း​ကို ရှော​လု​သည်​ရိပ်​မိ၍ မြေ​ပေါ်​မှာ ဦး​ညွှတ်​ပျပ်​ဝပ်​လျက်​နေ၏။ ရှ​မွေ​လ​က​လည်း၊ သင်​သည် ငါ့​ကို​နှောင့်​ယှက်​လျက် အ​ဘယ်​ကြောင့်​ဖော်​သ​နည်း​ဟု ရှော​လု​ကို မေး​သော်၊ ရှော​လု​က၊ အ​ကျွန်ုပ်​သည် အ​လွန်​ဆင်း​ရဲ​ခြင်း​သို့ ရောက်​ပါ​ပြီ။ ဖိ​လိ​တ္တိ​လူ​တို့​သည် စစ်​တိုက်​ကြ​ပါ၏။ ဘု​ရား​သ​ခင်​သည် အ​ကျွန်ုပ်​ကို စွန့်​တော်​မူ​ပြီ။ ပ​ရော​ဖက်​အား​ဖြင့် ထူး​တော်​မ​မူ။ အိပ်​မက်​အား​ဖြင့် ထူး​တော်​မ​မူ။ အ​ကျွန်ုပ်​သည် အ​ဘယ်​သို့​ပြု​ရ​မည်​ကို၊ ကိုယ်​တော်​ပြ​စေ​ခြင်း​ငှာ ကိုယ်​တော်​ကို အ​ကျွန်ုပ်​ခေါ်​ပါ​ပြီ​ဟု ပြော​ဆို၏။ ရှ​မွေ​လ​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို​စွန့်၍ သင့်​ရန်​ဘက်​ဖြစ်​တော်​မူ​သည်​မှန်​လျှင်၊ ငါ့​ကို အ​ဘယ်​ကြောင့် မေး​မြန်း​သေး​သ​နည်း။