YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ဓမ္မရာဇဝင် 26:7-11

၁ ဓမ္မရာဇဝင် 26:7-11 JBMLE

ဒါ​ဝိဒ်​နှင့် အ​ဘိ​ရှဲ​တို့​သည် ည​အ​ခါ တပ်​သား​များ​ရှိ​ရာ​သို့​သွား၍ ရှော​လု​သည် ရ​ထား​တပ်​အ​လယ်၌ အိပ်​ပျော်​လျက်၊ လှံ​တော်​သည် ခေါင်း​ရင်း​အ​နား မြေ၌​စိုက်​လျက်၊ အာ​ဗ​နာ​နှင့် တပ်​သား​များ​တို့​သည် ပတ်​လည်၌​အိပ်​လျက်​ရှိ​ကြ၏။ အ​ဘိ​ရှဲ​က​လည်း၊ ဘု​ရား​သ​ခင်​သည် ကိုယ်​တော်၏​ရန်​သူ​ကို ကိုယ်​တော်​လက်၌ ယ​နေ့​အပ်​တော်​မူ​ပြီ။ ထို​ကြောင့် ကျွန်​တော်​သည် မြေ​တိုင်​အောင် လှံ​နှင့် တစ်​ချက်​တည်း​ထိုး​ပါ​ရ​စေ​ဟု ကျွန်​တော်​တောင်း​ပန်​ပါ၏။ နှစ်​ချက်​တိုင်​အောင် မ​ထိုး​ပါ​ဟု ဒါ​ဝိဒ်​ကို​လျှောက်​သော်​လည်း၊ ဒါ​ဝိဒ်​က​သူ့​ကို မ​ပြု​နှင့်။ ထာ​ဝ​ရ​ဘု​ရား​အ​ခွင့်​နှင့် ဘိ​သိက်​ခံ​သော​သူ​ကို အ​ဘယ်​သူ​အ​ပြစ်​လွှတ်​လျက် ထိ​ခိုက်​နိုင်​သ​နည်း​ဟု အ​ဘိ​ရှဲ​အား​ပြန်​ဆို၏။ တစ်​ဖန် ဒါ​ဝိဒ်​က၊ ထာ​ဝ​ရ​ဘု​ရား အ​သက်​ရှင်​တော်​မူ​သည်​အ​တိုင်း၊ ဒဏ်​ခတ်​တော်​မူ​မည်။ သို့​မ​ဟုတ် သူ​သေ​ချိန်​ရောက်​လိမ့်​မည်။ သို့​မ​ဟုတ် စစ်​တိုက်​ရာ၌ အ​သက်​ဆုံး​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော ဘိ​သိက်​ခံ​သူ​ကို ငါ​မ​ထိ​ခိုက်​မည်​အ​ကြောင်း ထာ​ဝ​ရ​ဘု​ရား ဆီး​တား​တော်​မူ​ပါ​စေ​သော။ သို့​ရာ​တွင် ခေါင်း​ရင်း​တော်​နား​မှာ​ရှိ​သော လှံ​တော်​နှင့်​ရေ​ဘူး​ကို ယူ၍ သွား​ကြ​ကုန်​အံ့​ဟု ဆို​လျက်၊