YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ဓမ္မရာဇဝင် 25:23-38

၁ ဓမ္မရာဇဝင် 25:23-38 JBMLE

အ​ဘိ​ဂဲ​လ​သည် ဒါ​ဝိဒ်​ကို မြင်​သော​အ​ခါ၊ မြည်း​ပေါ်​က အ​လျင်​အ​မြန်​ဆင်း​ပြီး​လျှင် ဒါ​ဝိဒ်​ရှေ့​တွင် မြေ​ပေါ်​မှာ ဦး​ညွှတ်​ချ၍၊ သူ၏​ခြေ​ရင်း၌ ဝပ်​တွား​လျက်၊ ကျွန်​မ​သ​ခင်၊ အ​ပြစ်​ရှိ​သ​မျှ​ကို ကျွန်​မ​ခံ​ပါ​မည်။ ကိုယ်​တော်၏​ကျွန်​မ​သည် နား​တော်​လျှောက်​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ​ပါ။ ကိုယ်​တော်၏​ကျွန်​မ​စ​ကား​ကို နား​ညောင်း​တော်​မူ​ပါ။ ထို​အ​ဓ​မ္မ​လူ နာ​ဗ​လ​ကို ကျွန်​မ​သ​ခင် မှတ်​တော်​မ​မူ​ပါ​နှင့်။ သူ၏​အ​မည်​သည် သူ၏​သ​ဘော​နှင့် ညီ​ညွတ်​ပါ၏။ သူ၏​အ​မည်​ကား နာ​ဗ​လ။ သူ၏​သ​ဘော​ကား မိုက်​ခြင်း​ဖြစ်​သ​တည်း။ သ​ခင်​စေ​လွှတ်​တော်​မူ​သော လု​လင်​တို့​ကို ကိုယ်​တော်​ကျွန်​မ​သည် မ​မြင်​ရ​ပါ။ ယ​ခု​မှာ ကျွန်​မ​သ​ခင်၊ ကိုယ်​တော်​သည် လူ​အ​သက်​ကို​သတ်​ခြင်း​ငှာ မ​သွား​မည်​အ​ကြောင်း ကိုယ်​လက်​နှင့် ကိုယ်​အ​မှု​ကို​စောင့်၍ အ​ပြစ်​ဒဏ်​မ​ပေး​မည်​အ​ကြောင်း၊ ထာ​ဝ​ရ​ဘု​ရား​ဆီး​တား​တော်​မူ​သည်​ဖြစ်၍၊ ထာ​ဝ​ရ​ဘု​ရား အ​သက်​တော် ကိုယ်​တော်​အ​သက်​လည်း ရှင်​တော်​မူ​သည်​အ​တိုင်း၊ အ​ကျိုး​တော်​ကို ဖျက်​ဆီး​လို​သော ကိုယ်​တော်၏​ရန်​သူ​တို့​သည် နာ​ဗ​လ​ကဲ့​သို့ ဖြစ်​ကြ​ပါ​စေ​သော။ ယ​ခု​မှာ ကိုယ်​တော်၏​ကျွန်​မ​သည် သ​ခင့်​ထံ​သို့ ဆောင်​ခဲ့​သော လက်​ဆောင်​ကို ကျွန်​မ​သ​ခင်​နောက်​တော်​သို့ လိုက်​သော​လု​လင်​တို့​အား ပေး​စေ​တော်​မူ​ပါ။ ကိုယ်​တော်၏​ကျွန်​မ​အ​ပြစ်​ကို သည်း​ခံ​တော်​မူ​ပါ။ ကျွန်​မ​သ​ခင်​သည် ထာ​ဝ​ရ​ဘု​ရား​ဘက်​မှာ စစ်​တိုက်​သော​ကြောင့်​လည်း​ကောင်း၊ တစ်​သက်​လုံး ကိုယ်​တော်၌​အ​ပြစ်​တင်​စ​ရာ အ​ခွင့်​မ​ရှိ​သော​ကြောင့်​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​သည် ကျွန်​မ၏​သ​ခင်​အ​ဖို့ ခိုင်​ခံ့​မြဲ​မြံ​သော​အိမ်​ကို တည်​ဆောက်​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်၏​အ​သက်​ကို သတ်​အံ့​သော​ငှာ လူ​အ​ချို့​တို့​သည် ထ၍​ရှာ​သော်​လည်း၊ ကိုယ်​တော်၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ကျွန်​မ​သ​ခင်၏​အ​သက်​ကို အ​သက်​ထုပ်၌ နှောင်​ဖွဲ့​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်၏ ရန်​သူ​တို့​အ​သက်​ကို​မူ​ကား၊ လောက်​လွှဲ​ထဲ​က ပစ်​သ​ကဲ့​သို့ ပစ်​တော်​မူ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား က​တိ​ထား​တော်​မူ​သည်​အ​တိုင်း၊ ကိုယ်​တော်၌ ကျေး​ဇူး​ပြု၍ ဣ​သ​ရေ​လ​အ​မျိုး​ကို အုပ်​စိုး​စေ​ခြင်း​ငှာ ခန့်​ထား​တော်​မူ​သော​အ​ခါ၊ ကျွန်​မ၏​သ​ခင်​ကိုယ်​တော်​သည် အ​ကြောင်း​မ​ရှိ​ဘဲ လူ​အ​သက်​ကို သတ်​မိ​သော​ကြောင့်​လည်း​ကောင်း၊ ကိုယ်​အ​မှု​ကို စောင့်၍၊ အ​ပြစ်​ဒဏ်​ပေး​မိ​သော​ကြောင့်​လည်း​ကောင်း ကျွန်​မ၏​သ​ခင် ကိုယ်​တော်​သည် စိတ်​ညှိုး​ငယ်​ခြင်း၊ ကိုယ်​တိုင်​ကိုယ် အ​ပြစ်​တင်​ခြင်း​နှင့် ကင်း​လွတ်​တော်​မူ​ပါ​စေ​သော။ ထာ​ဝ​ရ​ဘု​ရား​သည် ကျွန်​မ၏​သ​ခင်၌ ကျေး​ဇူး​ပြု​တော်​မူ​ပြီး​မှ၊ ကိုယ်​တော်၏​ကျွန်​မ​ကို အောက်​မေ့​တော်​မူ​ပါ​ဟု လျှောက်​လေ၏။ ဒါ​ဝိဒ်​က​လည်း၊ ယ​နေ့​ငါ​နှင့် တွေ့​စေ​ခြင်း​ငှာ၊ သင့်​ကို စေ​လွှတ်​တော်​မူ​သော ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း။ သင်​ပေး​သော​အ​ကြံ​လည်း မင်္ဂ​လာ​ရှိ​စေ​သ​တည်း။ ယ​နေ့​ငါ​သည် လူ​အ​သက်​ကို သတ်​အံ့​သော​ငှာ၊ မ​သွား​ရ​မည်​အ​ကြောင်း၊ ကိုယ်​လက်​နှင့် ကိုယ်​အ​မှု​ကို​စောင့်၍ အ​ပြစ်​ဒဏ်​မ​ပေး​ရ​မည်​အ​ကြောင်း ဆီး​တား​သော​သင်​သည်​လည်း မင်္ဂ​လာ​ရှိ​စေ​သ​တည်း။ အ​ကယ်​စင်​စစ် သင့်​ကို ငါ​မ​ညှဥ်း​ဆဲ​ရ​မည်​အ​ကြောင်း၊ ဆီး​တား​တော်​မူ​သော ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား အ​သက်​ရှင်​တော်​မူ​သည်​အ​တိုင်း၊ သင်​သည်​ငါ​နှင့် တွေ့​ခြင်း​ငှာ အ​လျင်​အ​မြန်​မ​လာ​လျှင်၊ အ​ကယ်​စင်​စစ် နက်​ဖြန်​မိုး​လင်း​သော​အ​ခါ၊ နာ​ဗ​လ၏ လူ​ယောက်ျား တစ်​စုံ​တစ်​ယောက်​ကို​မျှ ငါ​ချန်၍​မ​ထား​ဟု အ​ဘိ​ဂဲ​လ​အား ပြော​ဆို​လျက်၊ သူ​ဆောင်​ခဲ့​သော လက်​ဆောင်​ကို သူ၏​လက်​မှ​ခံ​ယူ၍၊ သင်​သည် နေ​ရာ​အိမ်​သို့ ငြိမ်​ဝပ်​စွာ​သွား​လော့။ သင်၏​စ​ကား​ကို ငါ​နား​ထောင်​ပြီ။ သင်၏​မျက်​နှာ​ကို​လည်း ထောက်၍ နေ​မည်​ဟု​ဆို​လေ၏။ အ​ဘိ​ဂဲ​လ​သည်​လည်း နာ​ဗ​လ​ထံ​သို့ ပြန်​သွား၍၊ သူ​သည် ရှင်​ဘု​ရင်၏ ပွဲ​ကဲ့​သို့​သော​ပွဲ​ကို မိ​မိ​အိမ်၌​ခံ​သ​ဖြင့်၊ ယစ်​မူး၍ စိတ်​ရွှင်​လန်း​လျက် နေ​သော​ကြောင့်၊ မိုး​မ​လင်း​မီ မ​ယား​သည် အ​လျှင်း​မ​ပြော။ မိုး​လင်း၍ နာ​ဗ​လ​သောက်​သော စ​ပျစ်​ရည်​အ​ရှိန်​ကုန်​သော​အ​ခါ၊ ထို​အ​မှု​များ​ကို မ​ယား​ပြော​သ​ဖြင့် သူ​သည်​နှ​လုံး​သေ၍ ကျောက်​ကဲ့​သို့​ဖြစ်၏။ ဆယ်​ရက်​လောက်​လွန်​မှ ထာ​ဝ​ရ​ဘု​ရား​သည် ဒဏ်​ခတ်​တော်​မူ​သ​ဖြင့် နာ​ဗ​လ​သေ၏။