YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ဓမ္မရာဇဝင် 25:1-39

၁ ဓမ္မရာဇဝင် 25:1-39 JBMLE

ထို​နောက် ရှ​မွေ​လ​သေ​သော​အ​ခါ၊ ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​သည် စည်း​ဝေး၍ ငို​ကြွေး​မြည်​တမ်း​ခြင်း​ကို ပြု​သ​ဖြင့်၊ ရာ​မ​မြို့​တွင် သူ၏​အိမ်၌ သင်္ဂြိုဟ်​ကြ၏။ ဒါ​ဝိဒ်​သည် ထ၍ ပါ​ရန်​တော​သို့ သွား​လေ၏။ ထို​အ​ခါ မော​န​အ​ရပ်၌​နေ၍ က​ရ​မေ​လ​မြို့၌ ဥ​စ္စာ​များ​သော သူ​တစ်​ဦး​ရှိ၏။ ထို​သူ​သည် လူ​ကြီး​ဖြစ်၍၊ သိုး​သုံး​ထောင်၊ ဆိတ်​တစ်​ထောင်​ကို ရ​တတ်၏။ က​ရ​မေ​လ​မြို့​မှာ သိုး​မွေး​ကို​ညှပ်၍​နေ၏။ ထို​သူ၏​အ​မည်​ကား နာ​ဗ​လ၊ သူ၏​မ​ယား​အ​မည်​ကား အ​ဘိ​ဂဲ​လ​တည်း။ ထို​မိန်း​မ​သည် ဉာဏ်​ကောင်း၍ အ​ဆင်း​လည်း​လှ၏။ ယောက်ျား​မူ​ကား ခက်​ထန်​သော သ​ဘော​ရှိ၏။ ဆိုး​သော​အ​မှု​ကို​လည်း ပြု​တတ်၏။ ကာ​လက်​အ​ဆွေ​အ​မျိုး ဖြစ်၏။ နာ​ဗ​လ​သည် သိုး​မွေး​ညှပ်၍​နေ​ကြောင်း​ကို ဒါ​ဝိဒ်​သည် တော၌​ကြား​လျှင်၊ လု​လင်​တစ်​ကျိပ်​တို့​ကို​ခေါ်၍ နာ​ဗ​လ​ရှိ​ရာ က​ရ​မေ​လ​မြို့​သို့ သွား​ကြ​တော့။ စည်း​စိမ်​ကြီး​သော ထို​သူ​ကို ငါ့​ကိုယ်​စား နှုတ်​ဆက်၍​ပြော​ရ​မည်​မှာ၊ ကိုယ်​တော်​မှ​စ၍ ကိုယ်​တော်၏​အိမ်၊ ကိုယ်​တော်​နှင့် ဆိုင်​သ​မျှ​တို့၌ ချမ်း​သာ​ရှိ​ပါ​စေ​သော။ ကိုယ်​တော်၌ သိုး​မွေး​ညှပ်​သော သူ​များ​ရှိ​ကြောင်း​ကို အ​ကျွန်ုပ်​ကြား​ပါ၏။ အ​ကျွန်ုပ်​တို့​နှင့်​အ​တူ​နေ​သော ကိုယ်​တော်၏​သိုး​ထိန်း​တို့​ကို အ​ကျွန်ုပ်​တို့​သည် မ​ပြစ်​မှား​ပါ။ သူ​တို့​သည် က​ရ​မေ​လ​မြို့​မှာ နေ​သော​ကာ​လ​ပတ်​လုံး၊ သူ​တို့​ဥ​စ္စာ တစ်​စုံ​တစ်​ခု​မျှ မ​ပျောက်​ပါ။ ကိုယ်​တော်၏ လု​လင်​တို့​ကို မေး​မြန်း​ပါ​တော့။ သူ​တို့​သည် ပြော​ကြ​လိမ့်​မည်။ ထို​ကြောင့် ကျွန်ုပ်၏​လု​လင်​တို့​သည် ရှေ့​တော်၌​မျက်​နှာ​ရ​ကြ​ပါ​စေ။ အ​ကျွန်ုပ်​တို့​သည် မင်္ဂ​လာ​နေ့၌ ရောက်​ပါ၏။ လက်​တော်၌​ရှိ​သ​မျှ​ကို ကိုယ်​တော်​ကျွန်​များ၊ ကိုယ်​တော်၏​သား​ဒါ​ဝိဒ်​အား သ​နား​တော်​မူ​ပါ​ဟု နှုတ်​ဆက်​ရ​မည်​အ​ကြောင်း​မှာ​ထား၍ လွှတ်​လိုက်၏။ ဒါ​ဝိဒ်၏​လု​လင်​တို့​သည် နာ​ဗ​လ​ထံ​သို့ ရောက်​သော​အ​ခါ၊ ဒါ​ဝိဒ်​မှာ​ထား​သ​မျှ​သော စ​ကား​တို့​ကို ပြန်​ပြော​ပြီး​လျှင် တိတ်​ဆိတ်​စွာ နေ​ကြ၏။ နာ​ဗ​လ​က​လည်း၊ ဒါ​ဝိဒ်​ကား အ​ဘယ်​သူ​နည်း။ ယေ​ရှဲ၏​သား​ကား အ​ဘယ်​သူ​နည်း။ ယ​ခု​ကာ​လ သ​ခင်​ကို ပုန်​ကန်​သော ကျွန်​များ​ပါ​တ​ကား။ ငါ​သည် ငါ့​သိုး​မွေး​ကို ညှပ်​သော​သူ​တို့​အ​ဖို့ ပြင်​ဆင်​သော ငါ့​မုန့်၊ ငါ့​ရေ၊ ငါ့​အ​မဲ​သား​ကို​ယူ၍ ငါ​မ​သိ​သော လူ​တို့​အား​ပေး​ရ​မည်​လော​ဟု ဒါ​ဝိဒ်၏​လု​လင်​တို့​အား​ပြော​ဆို၏။ ဒါ​ဝိဒ်၏ လု​လင်​တို့​သည် လှည့်​သွား၍ ထို​စ​ကား​အ​လုံး​စုံ​တို့​ကို ဒါ​ဝိဒ်​အား​ပြန်​လျှောက်​ကြ၏။ ဒါ​ဝိဒ်​က​လည်း လူ​တိုင်း မိ​မိ​ဓား​ကို ခါး၌​စည်း​စေ​ဟု မိ​မိ​လူ​တို့​အား​ဆို​လျက် မိ​မိ​ဓား​ကို စည်း​လေ၏။ လူ​လေး​ရာ​တို့​သည် ဒါ​ဝိဒ်​နောက်​သို့ လိုက်​ကြ၏။ နှစ်​ရာ​တို့​သည် ဥ​စ္စာ​ပ​စ္စည်း​များ​ကို စောင့်၍ နေ​ကြ၏။ လု​လင်​တစ်​ယောက်​သည် နာ​ဗ​လ​မ​ယား​အ​ဘိ​ဂဲ​လ​ထံ​သို့​သွား၍၊ ဒါ​ဝိဒ်​သည် အ​ကျွန်ုပ်​တို့​သ​ခင်​ကို နှုတ်​ဆက်​အံ့​သော​ငှာ တ​မန်​တို့​ကို​တော​မှ​စေ​လွှတ်၍၊ အ​ကျွန်ုပ်​တို့​သ​ခင်​သည် သူ​တို့​ကို​ဆဲ​ပါ၏။ ထို​သူ​တို့​သည် ကျွန်​တော်​တို့၌ အ​လွန်​ကျေး​ဇူး​ပြု​ပါ​ပြီ။ ကျွန်​တော်​တို့​သည် တော​မှာ​နေ၍ သူ​တို့​နှင့် ပေါင်း​ဖော်​သော​ကာ​လ​ပတ်​လုံး အ​ရှုံး​မ​ခံ၊ ဥ​စ္စာ​တစ်​စုံ​တစ်​ခု​မျှ မ​ပျောက်​ပါ။ ကျွန်​တော်​တို့​သည် သိုး​ထိန်း၍ သူ​တို့​နှင့်​ပေါင်း​ဖော်​သော ကာ​လ​ပတ်​လုံး၊ သူ​တို့​သည် နေ့​ည​အ​စဉ်​ကွယ်​ကာ​လျက် နေ​ကြ​ပါ၏။ သို့​ဖြစ်၍ သ​ခင်​မ​သည် အ​ဘယ်​သို့​ပြု​သင့်​သည်​ကို ကြည့်​ရှု​ဆင်​ခြင်​ပါ​တော့။ အ​ကျွန်ုပ်​တို့​သ​ခင်​နှင့် အိမ်​သူ​အိမ်​သား​အ​ပေါင်း​တို့၌ ဘေး​ပြု​မည်​ဟု စီ​ရင်​ပါ​ပြီ။ သ​ခင်​သည် အ​ဓ​မ္မ​လူ​ဖြစ်​သော​ကြောင့်၊ အ​ဘယ်​သူ​မှ၊ မ​ပြော​မ​လျှောက်​ဝံ့​ပါ​ဟု ဆို​လေ​သော်၊ အ​ဘိ​ဂဲ​လ​သည် မုန့်​လုံး​နှစ်​ရာ၊ စ​ပျစ်​ရည်​ဘူး​နှစ်​လုံး၊ ချက်​ပြီး​သော သိုး​ငါး​ကောင်၊ ပေါက်​ပေါက်​ငါး​ဧ​ဖာ၊ စ​ပျစ်​သီး​ခြောက် အ​ပြွတ်​တစ်​ရာ၊ သင်္ဘော​သ​ဖန်း​သီး ပျဉ်​အ​ပြား​နှစ်​ရာ​တို့​ကို အ​လျင်​အ​မြန်​ယူ၍ မြည်း​တို့​အ​ပေါ်၌​တင်​ပြီး​လျှင်၊ ငါ့​ရှေ့​မှာ သွား​ကြ။ ငါ​လိုက်​မည်​ဟု ကျွန်​တို့​အား​ဆို၏။ လင်​နာ​ဗ​လ​ကို အ​လျှင်း​မ​ပြော။ မြည်း​ကို​စီး​လျက်​သွား၍ တောင်​ခြေ​ရင်း၌ ဆင်း​လှည့်​စဉ်​တွင်၊ ဒါ​ဝိဒ်​နှင့် သူ၏​လူ​တို့​သည် တစ်​ဖက်​တစ်​ချက် ဆင်း​လာ၍ တစ်​ယောက်​နှင့်​တစ်​ယောက် တွေ့​ကြုံ​ကြ၏။ ထို​သို့​မ​တွေ့​မီ ဒါ​ဝိဒ်​က၊ အ​ကယ်​စင်​စစ် ထို​သူ၏​ဥ​စ္စာ တစ်​စုံ​တစ်​ခု​ကို​မျှ မ​ပျောက်​စေ​ခြင်း​ငှာ၊ တော၌​သူ​ပိုင်​သ​မျှ​တို့​ကို ငါ​သည် အ​ချည်း​နှီး​စောင့်​ပါ​ပြီ​တ​ကား။ ငါ​ကောင်း​သော​အ​မှု​အ​တွက်၊ မ​ကောင်း​သော​အ​မှု​ကို သူ​ပြု​ပါ​ပြီ​တ​ကား။ နက်​ဖြန် မိုး​လင်း​သော​အ​ခါ၊ နာ​ဗ​လ​နှင့်​ဆိုင်​သော သူ​အ​ပေါင်း​တို့​တွင် ယောက်ျား​တစ်​စုံ​တစ်​ယောက်​ကို ငါ​ချန်​ထား​လျှင်၊ ထို​မျှ​မ​က ထာ​ဝ​ရ​ဘု​ရား​သည် ဒါ​ဝိဒ်၏​ရန်​သူ​တို့​အား​ပြု​တော်​မူ​စေ​သ​တည်း​ဟု ဆို​နှင့်​ပြီ။ အ​ဘိ​ဂဲ​လ​သည် ဒါ​ဝိဒ်​ကို မြင်​သော​အ​ခါ၊ မြည်း​ပေါ်​က အ​လျင်​အ​မြန်​ဆင်း​ပြီး​လျှင် ဒါ​ဝိဒ်​ရှေ့​တွင် မြေ​ပေါ်​မှာ ဦး​ညွှတ်​ချ၍၊ သူ၏​ခြေ​ရင်း၌ ဝပ်​တွား​လျက်၊ ကျွန်​မ​သ​ခင်၊ အ​ပြစ်​ရှိ​သ​မျှ​ကို ကျွန်​မ​ခံ​ပါ​မည်။ ကိုယ်​တော်၏​ကျွန်​မ​သည် နား​တော်​လျှောက်​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ​ပါ။ ကိုယ်​တော်၏​ကျွန်​မ​စ​ကား​ကို နား​ညောင်း​တော်​မူ​ပါ။ ထို​အ​ဓ​မ္မ​လူ နာ​ဗ​လ​ကို ကျွန်​မ​သ​ခင် မှတ်​တော်​မ​မူ​ပါ​နှင့်။ သူ၏​အ​မည်​သည် သူ၏​သ​ဘော​နှင့် ညီ​ညွတ်​ပါ၏။ သူ၏​အ​မည်​ကား နာ​ဗ​လ။ သူ၏​သ​ဘော​ကား မိုက်​ခြင်း​ဖြစ်​သ​တည်း။ သ​ခင်​စေ​လွှတ်​တော်​မူ​သော လု​လင်​တို့​ကို ကိုယ်​တော်​ကျွန်​မ​သည် မ​မြင်​ရ​ပါ။ ယ​ခု​မှာ ကျွန်​မ​သ​ခင်၊ ကိုယ်​တော်​သည် လူ​အ​သက်​ကို​သတ်​ခြင်း​ငှာ မ​သွား​မည်​အ​ကြောင်း ကိုယ်​လက်​နှင့် ကိုယ်​အ​မှု​ကို​စောင့်၍ အ​ပြစ်​ဒဏ်​မ​ပေး​မည်​အ​ကြောင်း၊ ထာ​ဝ​ရ​ဘု​ရား​ဆီး​တား​တော်​မူ​သည်​ဖြစ်၍၊ ထာ​ဝ​ရ​ဘု​ရား အ​သက်​တော် ကိုယ်​တော်​အ​သက်​လည်း ရှင်​တော်​မူ​သည်​အ​တိုင်း၊ အ​ကျိုး​တော်​ကို ဖျက်​ဆီး​လို​သော ကိုယ်​တော်၏​ရန်​သူ​တို့​သည် နာ​ဗ​လ​ကဲ့​သို့ ဖြစ်​ကြ​ပါ​စေ​သော။ ယ​ခု​မှာ ကိုယ်​တော်၏​ကျွန်​မ​သည် သ​ခင့်​ထံ​သို့ ဆောင်​ခဲ့​သော လက်​ဆောင်​ကို ကျွန်​မ​သ​ခင်​နောက်​တော်​သို့ လိုက်​သော​လု​လင်​တို့​အား ပေး​စေ​တော်​မူ​ပါ။ ကိုယ်​တော်၏​ကျွန်​မ​အ​ပြစ်​ကို သည်း​ခံ​တော်​မူ​ပါ။ ကျွန်​မ​သ​ခင်​သည် ထာ​ဝ​ရ​ဘု​ရား​ဘက်​မှာ စစ်​တိုက်​သော​ကြောင့်​လည်း​ကောင်း၊ တစ်​သက်​လုံး ကိုယ်​တော်၌​အ​ပြစ်​တင်​စ​ရာ အ​ခွင့်​မ​ရှိ​သော​ကြောင့်​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​သည် ကျွန်​မ၏​သ​ခင်​အ​ဖို့ ခိုင်​ခံ့​မြဲ​မြံ​သော​အိမ်​ကို တည်​ဆောက်​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်၏​အ​သက်​ကို သတ်​အံ့​သော​ငှာ လူ​အ​ချို့​တို့​သည် ထ၍​ရှာ​သော်​လည်း၊ ကိုယ်​တော်၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ကျွန်​မ​သ​ခင်၏​အ​သက်​ကို အ​သက်​ထုပ်၌ နှောင်​ဖွဲ့​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်၏ ရန်​သူ​တို့​အ​သက်​ကို​မူ​ကား၊ လောက်​လွှဲ​ထဲ​က ပစ်​သ​ကဲ့​သို့ ပစ်​တော်​မူ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား က​တိ​ထား​တော်​မူ​သည်​အ​တိုင်း၊ ကိုယ်​တော်၌ ကျေး​ဇူး​ပြု၍ ဣ​သ​ရေ​လ​အ​မျိုး​ကို အုပ်​စိုး​စေ​ခြင်း​ငှာ ခန့်​ထား​တော်​မူ​သော​အ​ခါ၊ ကျွန်​မ၏​သ​ခင်​ကိုယ်​တော်​သည် အ​ကြောင်း​မ​ရှိ​ဘဲ လူ​အ​သက်​ကို သတ်​မိ​သော​ကြောင့်​လည်း​ကောင်း၊ ကိုယ်​အ​မှု​ကို စောင့်၍၊ အ​ပြစ်​ဒဏ်​ပေး​မိ​သော​ကြောင့်​လည်း​ကောင်း ကျွန်​မ၏​သ​ခင် ကိုယ်​တော်​သည် စိတ်​ညှိုး​ငယ်​ခြင်း၊ ကိုယ်​တိုင်​ကိုယ် အ​ပြစ်​တင်​ခြင်း​နှင့် ကင်း​လွတ်​တော်​မူ​ပါ​စေ​သော။ ထာ​ဝ​ရ​ဘု​ရား​သည် ကျွန်​မ၏​သ​ခင်၌ ကျေး​ဇူး​ပြု​တော်​မူ​ပြီး​မှ၊ ကိုယ်​တော်၏​ကျွန်​မ​ကို အောက်​မေ့​တော်​မူ​ပါ​ဟု လျှောက်​လေ၏။ ဒါ​ဝိဒ်​က​လည်း၊ ယ​နေ့​ငါ​နှင့် တွေ့​စေ​ခြင်း​ငှာ၊ သင့်​ကို စေ​လွှတ်​တော်​မူ​သော ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း။ သင်​ပေး​သော​အ​ကြံ​လည်း မင်္ဂ​လာ​ရှိ​စေ​သ​တည်း။ ယ​နေ့​ငါ​သည် လူ​အ​သက်​ကို သတ်​အံ့​သော​ငှာ၊ မ​သွား​ရ​မည်​အ​ကြောင်း၊ ကိုယ်​လက်​နှင့် ကိုယ်​အ​မှု​ကို​စောင့်၍ အ​ပြစ်​ဒဏ်​မ​ပေး​ရ​မည်​အ​ကြောင်း ဆီး​တား​သော​သင်​သည်​လည်း မင်္ဂ​လာ​ရှိ​စေ​သ​တည်း။ အ​ကယ်​စင်​စစ် သင့်​ကို ငါ​မ​ညှဥ်း​ဆဲ​ရ​မည်​အ​ကြောင်း၊ ဆီး​တား​တော်​မူ​သော ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား အ​သက်​ရှင်​တော်​မူ​သည်​အ​တိုင်း၊ သင်​သည်​ငါ​နှင့် တွေ့​ခြင်း​ငှာ အ​လျင်​အ​မြန်​မ​လာ​လျှင်၊ အ​ကယ်​စင်​စစ် နက်​ဖြန်​မိုး​လင်း​သော​အ​ခါ၊ နာ​ဗ​လ၏ လူ​ယောက်ျား တစ်​စုံ​တစ်​ယောက်​ကို​မျှ ငါ​ချန်၍​မ​ထား​ဟု အ​ဘိ​ဂဲ​လ​အား ပြော​ဆို​လျက်၊ သူ​ဆောင်​ခဲ့​သော လက်​ဆောင်​ကို သူ၏​လက်​မှ​ခံ​ယူ၍၊ သင်​သည် နေ​ရာ​အိမ်​သို့ ငြိမ်​ဝပ်​စွာ​သွား​လော့။ သင်၏​စ​ကား​ကို ငါ​နား​ထောင်​ပြီ။ သင်၏​မျက်​နှာ​ကို​လည်း ထောက်၍ နေ​မည်​ဟု​ဆို​လေ၏။ အ​ဘိ​ဂဲ​လ​သည်​လည်း နာ​ဗ​လ​ထံ​သို့ ပြန်​သွား၍၊ သူ​သည် ရှင်​ဘု​ရင်၏ ပွဲ​ကဲ့​သို့​သော​ပွဲ​ကို မိ​မိ​အိမ်၌​ခံ​သ​ဖြင့်၊ ယစ်​မူး၍ စိတ်​ရွှင်​လန်း​လျက် နေ​သော​ကြောင့်၊ မိုး​မ​လင်း​မီ မ​ယား​သည် အ​လျှင်း​မ​ပြော။ မိုး​လင်း၍ နာ​ဗ​လ​သောက်​သော စ​ပျစ်​ရည်​အ​ရှိန်​ကုန်​သော​အ​ခါ၊ ထို​အ​မှု​များ​ကို မ​ယား​ပြော​သ​ဖြင့် သူ​သည်​နှ​လုံး​သေ၍ ကျောက်​ကဲ့​သို့​ဖြစ်၏။ ဆယ်​ရက်​လောက်​လွန်​မှ ထာ​ဝ​ရ​ဘု​ရား​သည် ဒဏ်​ခတ်​တော်​မူ​သ​ဖြင့် နာ​ဗ​လ​သေ၏။ နာ​ဗ​လ​သေ​ကြောင်း​ကို ဒါ​ဝိဒ်​ကြား​သော​အ​ခါ၊ ငါ​ခံ​ရ​သော​ကဲ့​ရဲ့​ခြင်း​အ​မှု​ကို စောင့်၍ နာ​ဗ​လ​လက်​မှ နုတ်​တော်​မူ၍၊ ကိုယ်​တော်​ကျွန်​ကို ဒု​စ​ရိုက်​နှင့် ကင်း​လွတ်​စေ​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​သည် မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း။ ထာ​ဝ​ရ​ဘု​ရား​သည် နာ​ဗ​လ​ပြု​သော ဒု​စ​ရိုက်​ကို သူ့​ခေါင်း​ပေါ်​သို့ ပြန်​ရောက်​စေ​တော်​မူ​ပြီ​ဟု ဆို၏။ တစ်​ဖန် လူ​ကို​စေ​လွှတ်၍ အ​ဘိ​ဂဲ​လ​နှင့် လက်​ထပ်​ခြင်း​ငှာ နှုတ်​ဆက်​လေ၏။