YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ဓမ္မရာဇဝင် 16:8-13

၁ ဓမ္မရာဇဝင် 16:8-13 JBMLE

တစ်​ဖန် ယေ​ရှဲ​သည် အ​ဘိ​န​ဒပ်​ကို​ခေါ်၍ ရှ​မွေ​လ​ရှေ့​မှာ သွား​စေ​သ​ဖြင့်၊ ရှ​မွေ​လ​က၊ ဤ​သူ​ကို​လည်း ထာ​ဝ​ရ​ဘု​ရား ရွေး​တော်​မ​မူ​ဟု​ဆို၏။ တစ်​ဖန် ယေ​ရှဲ​သည် ရှိ​မာ​ကို သွား​စေ​သ​ဖြင့်၊ ဤ​သူ​ကို​လည်း ထာ​ဝ​ရ​ဘု​ရား​ရွေး​တော်​မ​မူ​ဟု ဆို၏။ တစ်​ဖန် ယေ​ရှဲ​သည် သား​ခု​နစ်​ယောက်​တို့​ကို ရှ​မွေ​လ​ရှေ့​မှာ သွား​စေ​သ​ဖြင့်၊ ရှ​မွေ​လ​က၊ ဤ​သူ​တို့​ကို​လည်း ထာ​ဝ​ရ​ဘု​ရား ရွေး​တော်​မ​မူ။ သင်၌ သား​မ​ရှိ​ပြီ​လော​ဟု ယေ​ရှဲ​အား​မေး​လျှင်၊ ယေ​ရှဲ​က အ​ငယ်​ဆုံး​သော​သား ရှိ​ပါ​သေး၏။ သိုး​တို့​ကို ထိန်း​ကျောင်း​လျက်​နေ​ပါ​သည်​ဟု ပြော​ဆို​သော်၊ ရှ​မွေ​လ​က သူ့​ကို​ခေါ်​စေ​ခြင်း​ငှာ လူ​ကို​စေ​လွှတ်​ပါ။ သူ​မ​ရောက်​မီ ပွဲ​သို့​ဝင်၍ မ​ထိုင်​ရ​ဟု ဆို​သည်​အ​တိုင်း၊ စေ​လွှတ်၍ သူ့​ကို​ခေါ်​ခဲ့၏။ သူ​သည် နီ​သော​ဆံ​ပင်​ရှိ၏။ လှ​သော​အ​ဆင်း​နှင့် ချစ်​ဖွယ်​သော​မျက်​နှာ​လည်း ရှိ၏။ ထာ​ဝ​ရ​ဘု​ရား​က ဤ​သူ​ပေ​တည်း။ ထ၍​ဘိ​သိက်​ပေး​လော့​ဟု မိန့်​တော်​မူ၏။ ရှ​မွေ​လ​သည်​လည်း၊ ဆီ​ဘူး​ကို​ယူ၍ သူ၏​အစ်​ကို​စု​ထဲ​မှာ သူ့​ကို ဘိ​သိက်​ပေး​လေ၏။ ထို​နေ့​မှ​စ၍ ထာ​ဝ​ရ​ဘု​ရား၏ ဝိ​ညာဉ်​တော်​သည် ဒါ​ဝိဒ်​အ​ပေါ်​မှာ သက်​ရောက်​လေ၏။ ရှ​မွေ​လ​သည်​ထ၍ ရာ​မ​မြို့​သို့ ပြန်​သွား၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။