YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ဓမ္မရာဇဝင် 16

16
ဒါ​ဝိဒ်​အား​ရာ​ဇ​ဘိ​သိက်​ပေး​ခြင်း
1တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​က၊ ရှော​လု​ကို ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​အ​ရာ​မှ ငါ​ပယ်​သော​ကြောင့်၊ သင်​သည် အ​ဘယ်​မျှ ကာ​လ​ပတ်​လုံး စိတ်​မ​သာ ညည်း​တွား​လျက် နေ​လိမ့်​မည်​နည်း။ သင်၏​ဘူး​ကို ဆီ​နှင့်​ပြည့်​စေ​လော့။ ဗက်​လင်​မြို့​သား ယေ​ရှဲ​ရှိ​ရာ​သို့ ငါ​စေ​လွှတ်​မည်။ သူ၏​သား​တို့​တွင် ငါ့​အ​ဖို့ ရှင်​ဘု​ရင်​တစ်​ပါး​ကို ငါ​ပြင်​ဆင်​ပြီ​ဟု ရှ​မွေ​လ​အား မိန့်​တော်​မူ၏။ 2ရှ​မွေ​လ​က၊ အ​ကျွန်ုပ်​သည် အ​ဘယ်​သို့ သွား​နိုင်​ပါ​မည်​နည်း။ ရှော​လု​ကြား​လျှင် သတ်​ပါ​လိမ့်​မည်​ဟု လျှောက်​သော်၊ ထာ​ဝ​ရ​ဘု​ရား​က၊ နွား​မ​တမ်း​ကို​ယူ၍ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​အား ယဇ်​ပူ​ဇော်​ခြင်း​ငှာ​လာ​ပြီ​ဟု ပြော​လော့။ 3ယေ​ရှဲ​ကို​လည်း ယဇ်​ပွဲ​သို့ ခေါ်​ဖိတ်​လော့။ ထို​အ​ခါ သင်​သည် အ​ဘယ်​သို့​ပြု​ရ​မည်​ကို ငါ​ပြ​မည်။ ငါ​သည် နာ​မ​ဖြင့် ထုတ်​ပြ​သော​သူ​ကို ငါ့​အ​ဖို့ ဘိ​သိက်​ပေး​ရ​မည်​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊ 4ရှ​မွေ​လ​ပြု၍ ဗက်​လင်​မြို့​သို့ သွား​လေ၏။ ဗက်​လင်​မြို့​သား အ​သက်​ကြီး​သူ​တို့​သည် ရှ​မွေ​လ​နှင့် တွေ့​သော​အ​ခါ တုန်​လှုပ်၍၊ ကိုယ်​တော်​သည် ချမ်း​သာ​ပေး​လျက် လာ​တော်​မူ​သ​လော​ဟု မေး​လျှောက်​ကြ​သော်၊ 5ချမ်း​သာ​ပေး​လျက် ထာ​ဝ​ရ​ဘု​ရား​အား ယဇ်​ပူ​ဇော်​ခြင်း​ငှာ ငါ​လာ​ပြီ။ မိ​မိ​တို့​ကို သန့်​ရှင်း​စေ​ပြီး​မှ ငါ​နှင့်​အ​တူ ယဇ်​ပွဲ​သို့​လာ​ကြ​ဟု​ဆို​သ​ဖြင့်၊ ယေ​ရှဲ​နှင့် သူ၏​သား​တို့​ကို သန့်​ရှင်း​စေ၍ ယဇ်​ပွဲ​သို့​ခေါ်​လေ၏။ 6သူ​တို့​သည် ရောက်​လာ​သော​အ​ခါ ဧ​လျာ​ဘ​ကို ကြည့်​ရှု၍၊ စင်​စစ်​ထာ​ဝ​ရ​ဘု​ရား​အ​ခွင့်​နှင့် ဘိ​သိက်​ခံ​ရ​သော​သူ​သည် ငါ့​ရှေ့​မှာ​ရှိ၏​ဟု ဆို​လေ​သော်၊ 7ထာ​ဝ​ရ​ဘု​ရား​က၊ သူ၏​မျက်​နှာ၊ သူ၏​အ​ရပ်​ကို မ​ကြည့်​မ​ရှု​နှင့်။ သူ့​ကို ငါ​ပယ်​ပြီ။ ထာ​ဝ​ရ​ဘု​ရား​သည် လူ​မြင်​သ​ကဲ့​သို့ မြင်​တော်​မူ​သည်​မ​ဟုတ်။ လူ​သည် အ​ဆင်း​သ​ဏ္ဌာန်​ကို​ကြည့်​ရှု​တတ်၏။ ထာ​ဝ​ရ​ဘု​ရား​မူ​ကား နှ​လုံး​ကို​ကြည့်​ရှု​တတ်​သည်​ဟု ရှ​မွေ​လ​အား​မိန့်​တော်​မူ၏။ 8တစ်​ဖန် ယေ​ရှဲ​သည် အ​ဘိ​န​ဒပ်​ကို​ခေါ်၍ ရှ​မွေ​လ​ရှေ့​မှာ သွား​စေ​သ​ဖြင့်၊ ရှ​မွေ​လ​က၊ ဤ​သူ​ကို​လည်း ထာ​ဝ​ရ​ဘု​ရား ရွေး​တော်​မ​မူ​ဟု​ဆို၏။ 9တစ်​ဖန် ယေ​ရှဲ​သည် ရှိ​မာ​ကို သွား​စေ​သ​ဖြင့်၊ ဤ​သူ​ကို​လည်း ထာ​ဝ​ရ​ဘု​ရား​ရွေး​တော်​မ​မူ​ဟု ဆို၏။ 10တစ်​ဖန် ယေ​ရှဲ​သည် သား​ခု​နစ်​ယောက်​တို့​ကို ရှ​မွေ​လ​ရှေ့​မှာ သွား​စေ​သ​ဖြင့်၊ ရှ​မွေ​လ​က၊ ဤ​သူ​တို့​ကို​လည်း ထာ​ဝ​ရ​ဘု​ရား ရွေး​တော်​မ​မူ။ 11သင်၌ သား​မ​ရှိ​ပြီ​လော​ဟု ယေ​ရှဲ​အား​မေး​လျှင်၊ ယေ​ရှဲ​က အ​ငယ်​ဆုံး​သော​သား ရှိ​ပါ​သေး၏။ သိုး​တို့​ကို ထိန်း​ကျောင်း​လျက်​နေ​ပါ​သည်​ဟု ပြော​ဆို​သော်၊ ရှ​မွေ​လ​က သူ့​ကို​ခေါ်​စေ​ခြင်း​ငှာ လူ​ကို​စေ​လွှတ်​ပါ။ သူ​မ​ရောက်​မီ ပွဲ​သို့​ဝင်၍ မ​ထိုင်​ရ​ဟု ဆို​သည်​အ​တိုင်း၊ 12စေ​လွှတ်၍ သူ့​ကို​ခေါ်​ခဲ့၏။ သူ​သည် နီ​သော​ဆံ​ပင်​ရှိ၏။ လှ​သော​အ​ဆင်း​နှင့် ချစ်​ဖွယ်​သော​မျက်​နှာ​လည်း ရှိ၏။ ထာ​ဝ​ရ​ဘု​ရား​က ဤ​သူ​ပေ​တည်း။ ထ၍​ဘိ​သိက်​ပေး​လော့​ဟု မိန့်​တော်​မူ၏။ 13ရှ​မွေ​လ​သည်​လည်း၊ ဆီ​ဘူး​ကို​ယူ၍ သူ၏​အစ်​ကို​စု​ထဲ​မှာ သူ့​ကို ဘိ​သိက်​ပေး​လေ၏။ ထို​နေ့​မှ​စ၍ ထာ​ဝ​ရ​ဘု​ရား၏ ဝိ​ညာဉ်​တော်​သည် ဒါ​ဝိဒ်​အ​ပေါ်​မှာ သက်​ရောက်​လေ၏။ ရှ​မွေ​လ​သည်​ထ၍ ရာ​မ​မြို့​သို့ ပြန်​သွား၏။
နန်း​တော်​သို့​ဒါ​ဝိဒ်​ရောက်​ရှိ​လာ​ခြင်း
14ထာ​ဝ​ရ​ဘု​ရား၏ ဝိ​ညာဉ်​တော်​သည် ရှော​လု​မှ​ထွက်​သွား၍၊ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​က ဆိုး​သော​ဝိ​ညာဉ်​သည် နှောင့်​ယှက်​တတ်၏။ 15ရှော​လု၏ ကျွန်​တို့​က​လည်း၊ ယ​ခု​မှာ ဘု​ရား​သ​ခင်​ထံ​တော်​က ဆိုး​သော​ဝိ​ညာဉ်​သည် ကိုယ်​တော်​ကို နှောင့်​ယှက်​တတ်​ပါ၏။ 16ခ​စား​သော ကိုယ်​တော်၏​ကျွန်​တို့​သည်၊ သာ​ယာ​စွာ စောင်း​တီး​တတ်​သော​သူ​ကို ရှာ​ဖွေ​ရ​မည်​အ​ကြောင်း အ​ရှင်​အ​မိန့်​ရှိ​တော်​မူ​ပါ။ ဘု​ရား​သ​ခင့်​ထံ​တော်​က ဆိုး​သော​ဝိ​ညာဉ် လာ​သော​အ​ခါ၊ သူ​သည် စောင်း​တီး​သ​ဖြင့် ကိုယ်​တော်​သည် ချမ်း​သာ​ရ​တော်​မူ​မည်​ဟု လျှောက်​လျှင်၊ 17ရှော​လု​က၊ သာ​ယာ​စွာ တီး​တတ်​သော​သူ​ကို ငါ့​အ​ဖို့​ရှာ​ဖွေ၍ ငါ့​ထံ​သို့ ခေါ်​ခဲ့​ကြ​ဟု ကျွန်​တို့​အား မိန့်​တော်​မူ​သော်၊ 18ကျွန်​တစ်​ယောက်​က၊ ကျွန်​တော်​တွေ့​ဖူး​သော ဗက်​လင်​မြို့​သား ယေ​ရှဲ​သား​သည် စောင်း​တီး​သော​အ​တတ်၊ ရဲ​ရင့်​ခြင်း​အ​စွမ်း​သ​တ္တိ​နှင့် ပြည့်​စုံ၍၊ စစ်​မှု၌​လည်း​ကောင်း၊ ပ​ညာ​စ​ကား၌​လည်း​ကောင်း လေ့​ကျက်​ပါ၏။ အ​ဆင်း​လည်း လှ​ပါ၏။ ထာ​ဝ​ရ​ဘု​ရား​သည် သူ​နှင့်​အ​တူ ရှိ​တော်​မူ၏​ဟု လျှောက်​သော​ကြောင့်၊ 19ရှော​လု​က၊ ယေ​ရှဲ​ရှိ​ရာ​သို့ လူ​ကို​စေ​လွှတ်၍၊ သိုး​ထိန်း​ဖြစ်​သော သင်၏​သား​ဒါ​ဝိဒ်​ကို ငါ့​ထံ​သို့ စေ​လွှတ်​ရ​မည်​ဟု အ​မိန့်​တော်​ရှိ၏။ 20ယေ​ရှဲ​သည် မုန့်​တင်​သော​မြည်း၊ စ​ပျစ်​ရည်​ဘူး၊ ဆိတ်​သ​ငယ်​ကို​ယူ၍ မိ​မိ​သား​ဒါ​ဝိဒ်​တွင် ရှော​လု​ထံ​သို့ ပေး​လိုက်​လေ၏။ 21ဒါ​ဝိဒ်​သည် ရှော​လု​ထံ​သို့​ရောက်၍​ခ​စား​သ​ဖြင့်၊ ရှော​လု​သည် အ​လွန်​ချစ်၍ လက်​နက်​တော်​ဆောင်​အ​ရာ၌ ခန့်​ထား၏။ 22ရှော​လု​သည်​လည်း ယေ​ရှဲ​ရှိ​ရာ​သို့​လူ​ကို​စေ​လွှတ်၍၊ ဒါ​ဝိဒ်​ကို ငါ့​စိတ်​နှင့်​တွေ့​သော​ကြောင့် ငါ့​ထံ၌ ခ​စား​ပါ​စေ​ဟု အ​ခွင့်​တောင်း​လေ၏။ 23ဘု​ရား​သ​ခင့်​ထံ​တော်​က ဆိုး​သော​ဝိ​ညာဉ်​သည် ရှော​လု​အ​ပေါ်​မှာ​ရောက်​သော​အ​ခါ၊ ဒါ​ဝိဒ်​သည် စောင်း​ကို​ယူ၍​တီး​သ​ဖြင့် ဆိုး​သော​ဝိ​ညာဉ်​ထွက်​သွား၍၊ ရှော​လု​သည် သက်​သာ​လျက် ပ​က​တိ​ကျန်း​မာ​လျက်​ရှိ​တတ်၏။

လက်ရှိရွေးချယ်ထားမှု

၁ ဓမ္မရာဇဝင် 16: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ