YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ဓမ္မရာဇဝင် 15

15
အာ​မ​လက်​အ​မျိုး​သား​တို့​နှ​င့်​စစ်​ဖြစ်​ခြင်း
1တစ်​ဖန် ရှ​မွေ​လ​က၊ ထာ​ဝ​ရ​ဘု​ရား၏​လူ ဣ​သ​ရေ​လ​အ​မျိုး​ကို အုပ်​စိုး​စေ​ခြင်း​ငှာ သင့်​ကို ဘိ​သိက်​ပေး​မည်​အ​ကြောင်း၊ ငါ့​ကို အ​ထက်​က​စေ​လွှတ်​တော်​မူ​သည်​ဖြစ်၍၊ ယ​ခု​မှာ ထာ​ဝ​ရ​ဘု​ရား၏​စ​ကား​တော်​ကို နား​ထောင်​လော့။#၁​ရာ၊ ၁၀:၁။ 2ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ အဲ​ဂု​တ္တု​ပြည်​မှ ထွက်​လာ​သော ဣ​သ​ရေ​လ​အ​မျိုး၌၊ အာ​မ​လက်​အ​မျိုး​ပြု​သော ဆီး​တား​ခြင်း​အ​မှု​ကို ငါ​မှတ်​လျက်​ရှိ၏။#ထွ၊ ၁၇:၈-၁၄၊ တရား၊ ၂၅:၁၇-၁၉။ 3ယ​ခု​သွား၍ ထို​အ​မျိုး​ကို​လုပ်​ကြံ​လော့။ နှ​မြော​ခြင်း​မ​ရှိ​ဘဲ၊ ရှင်း​ရှင်း​ဖျက်​ဆီး၍၊ ယောက်ျား၊ မိန်း​မ၊ သူ​ငယ်၊ နို့​စို့​မှ​စ၍၊ သိုး၊ နွား၊ ကု​လား​အုတ်၊ မြည်း​တို့​ကို​သတ်​လော့​ဟု ရှော​လု​အား ဆင့်​ဆို​သည်​အ​တိုင်း၊ 4ရှော​လု​သည် လူ​တို့​ကို​စု​ဝေး​စေ၍ တေ​လိမ်​မြို့​မှာ စာ​ရင်း​ယူ​သ​ဖြင့်၊ ခြေ​သည်​သူ​ရဲ နှစ်​သိန်း၊ ယု​ဒ​စစ်​သူ​ရဲ တစ်​သောင်း​ရှိ​ကြ၏။ 5ရှော​လု​သည်​လည်း အာ​မ​လက်​မြို့​သို့​စစ်​ချီ၍ ချိုင့်၌​တပ်​ချ​ပြီး​မှ၊ 6ကေ​နိ​လူ​တို့​ရှိ​ရာ​သို့ စေ​လွှတ်​လျက်၊ သင်​တို့​ကို အာ​မ​လက်​လူ​တို့​နှင့်​အ​တူ ငါ​ဖျက်​ဆီး​မည်​ဟု စိုး​ရိမ်​စ​ရာ​ရှိ​သော​ကြောင့်၊ သူ​တို့​အ​ထဲ​က ထွက်​သွား၍ နေ​ရာ​ပြောင်း​ကြ​လော့။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် အဲ​ဂု​တ္တု​ပြည်​မှ ထွက်​လာ​သော​အ​ခါ သင်​တို့​သည် ကျေး​ဇူး​ပြု​ကြ​ပြီ​ဟု မှာ​လိုက်​သည်​အ​တိုင်း၊ ကေ​နိ​လူ​တို့​သည် အာ​မ​လက်​လူ​တို့​အ​ထဲ​က ထွက်​သွား​ကြ၏။ 7ရှော​လု​သည် ဟ​ဝိ​လ​မြို့​မှ​စ၍ အဲ​ဂု​တ္တု​ပြည် တစ်​ဖက်​တစ်​ချက်၌​နေ​သော ရှု​ရ​မြို့​တိုင်​အောင် အာ​မ​လက်​လူ​တို့​ကို လုပ်​ကြံ​လေ၏။ 8အာ​မ​လက်​ရှင်​ဘု​ရင် အာ​ဂတ်​ကို အ​ရှင်​ဖမ်း​မိ၏။ လူ​အ​ပေါင်း​တို့​ကို ဓား​ဖြင့် ရှင်း​ရှင်း​ဖျက်​ဆီး​လေ၏။ 9သို့​ရာ​တွင် ရှော​လု​နှင့် လူ​များ​တို့​သည် အာ​ဂတ်​မင်း​နှင့်​တ​ကွ၊ သိုး နွား​အ​မြတ်​အ​လတ်၊ ဆူ​သော သိုး​သ​ငယ်၊ ကောင်း​သော ဥ​စ္စာ​ရှိ​သ​မျှ​ကို နှ​မြော၍ ရှင်း​ရှင်း​မ​ဖျက်​ဆီး​ကြ။ အ​သုံး​မ​ဝင် ယုတ်​မာ​သော ဥ​စ္စာ​ရှိ​သ​မျှ​ကို​သာ ရှင်း​ရှင်း​ဖျက်​ဆီး​ကြ၏။
ဘု​ရင်​အ​ဖြစ်​မှ​ရှော​လု​အ​ပယ်​ခံ​ရ​ခြင်း
10ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ရှ​မွေ​လ​သို့ ရောက်​လာ၍၊ 11ငါ​သည် ရှော​လု​ကို ရှင်​ဘု​ရင်​အ​ရာ၌ ခန့်​ထား​သည်​အ​မှု​ကြောင့် နောင်​တ​ရ၏။ သူ​သည် ငါ၏​ပ​ညတ်​တို့​ကို​မ​ကျင့်၊ ငါ့​နောက်​သို့​မ​လိုက်၊ လမ်း​လွှဲ​ပြီ​ဟု မိန့်​တော်​မူ၏။ ရှ​မွေ​လ​သည် ဝမ်း​နည်း၍ တစ်​ည​လုံး ထာ​ဝ​ရ​ဘု​ရား​အား ဟစ်​ကြော်​ပြီး​လျှင်၊ 12နံ​နက်​စော​စော​ထ၍ ရှော​လု​ကို ကြို​ဆို​ခြင်း​ငှာ သွား​သော​အ​ခါ၊ ရှော​လု​သည် က​ရ​မေ​လ​မြို့​သို့​ရောက်၍ အောင်​တိုင်​ကို​စိုက်​ပြီး​မှ၊ လှည့်​လည်​သ​ဖြင့် ဂိ​လ​ဂါ​လ​မြို့​သို့ လွန်​သွား​ကြောင်း​ကို ကြား​သော​ကြောင့်၊ ရှော​လု​ရှိ​ရာ​သို့ သွား​လေ၏။ 13ရှော​လု​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား​သည် ကိုယ်​တော်​ကို ကောင်း​ချီး​ပေး​တော်​မူ​ပါ​စေ​သော။ အ​ကျွန်ုပ်​သည် ထာ​ဝ​ရ​ဘု​ရား အ​မိန့်​တော်​အ​တိုင်း ပြု​ပါ​ပြီ​ဟု ဆို၏။ 14ရှ​မွေ​လ​က​လည်း၊ သို့​ဖြစ်​လျှင် ငါ​ကြား​ရ​သော သိုး​မြည်​သံ၊ နွား​မြည်​သံ​ကား အ​ဘယ်​သို့​နည်း​ဟု​မေး​သော်၊ 15ရှော​လု​က၊ အာ​မ​လက်​ပြည်​မှ ဆောင်​ခဲ့​ပါ​ပြီ။ လူ​များ​တို့​သည် ကိုယ်​တော်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား ယဇ်​ပူ​ဇော်​လို​သော​ငှာ အ​ကောင်း​ဆုံး​သော သိုး​နွား​တို့​ကို နှ​မြော၍၊ ကြွင်း​သော အ​ရာ​ရှိ​သ​မျှ​တို့​ကို ရှင်း​ရှင်း​ဖျက်​ဆီး​ပါ​ပြီ​ဟု ဆို၏။ 16ရှ​မွေ​လ​က​လည်း၊ နေ​ပါ​ဦး​လော့။ မ​နေ့​ည​မှာ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သော​စ​ကား​ကို ပြန်​ပြော​ပါ​မည်​ဟု ရှော​လု​အား​ဆို​လျှင်၊ ရှော​လု​က ပြော​ပါ​တော့​ဟု​ဆို၏။ 17ရှ​မွေ​လ​က​လည်း၊ သင်​သည် ကိုယ်​အ​ထင်​အ​တိုင်း ငယ်​သော​သူ​ဖြစ်​လျက်​ပင်၊ ဣ​သ​ရေ​လ​အ​မျိုး​တို့၏ အ​ထွတ်​သို့​ရောက်၍၊ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​အ​ရာ​နှင့် ထာ​ဝ​ရ​ဘု​ရား ဘိ​သိက်​ပေး​တော်​မူ​သည်​မ​ဟုတ်​လော။ 18ထာ​ဝ​ရ​ဘု​ရား​က၊ သွား​လော့။ အ​ပြစ်​များ​သော အာ​မ​လက်​အ​မျိုး​သား​တို့​ကို ရှင်း​ရှင်း ဖျက်​ဆီး​လော့။ မ​ဖျက်​ဆီး​မီ​တိုင်​အောင် စစ်​တိုက်​လော့​ဟု သင့်​ကို​ဝေး​သော​အ​ရပ်​သို့ စေ​လွှတ်​တော်​မူ၏။ 19သို့​ဖြစ်၍ သင်​သည် ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို နား​မ​ထောင်​ဘဲ၊ ရန်​သူ၏​ဥ​စ္စာ​ကို လု​ယူ၍ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဤ​ဒု​စ​ရိုက်​ကို အ​ဘယ်​ကြောင့်​ပြု​ဘိ​သ​နည်း​ဟု ပြော​ဆို​သော်၊ 20ရှော​လု​က၊ အ​ကျွန်ုပ်​သည် ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို ဧ​ကန်​အ​မှန် နား​ထောင်​ပါ​ပြီ။ ထာ​ဝ​ရ​ဘု​ရား စေ​ခိုင်း​တော်​မူ​သော​လမ်း​သို့ လိုက်​ပါ​ပြီ။ အာ​မ​လက်​ရှင်​ဘု​ရင် အာ​ဂတ်​ကို​ဆောင်​ခဲ့၍၊ အာ​မ​လက်​အ​မျိုး​သား​တို့​ကို ရှင်း​ရှင်း​ဖျက်​ဆီး​ပါ​ပြီ။ 21သို့​ရာ​တွင် လူ​များ​တို့​သည် ဂိ​လ​ဂါ​လ​မြို့၌ ကိုယ်​တော်၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား ယဇ်​ပူ​ဇော်​လို​သော​ငှာ​လု​ယူ​သော သိုး နွား၊ ရှင်း​ရှင်း​ဖျက်​ဆီး​အပ်​သော​အ​ရာ အ​ကောင်း​ဆုံး​တို့​ကို သိမ်း​ယူ​ကြ​ပါ​ပြီ​ဟု ပြော​ဆို​ပြန်၏။ 22ရှ​မွေ​လ​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို နား​ထောင်​ခြင်း၌ အား​ရ​တော်​မူ​သ​ကဲ့​သို့၊ မီး​ရှို့​ရာ​ယဇ်​အ​စ​ရှိ​သော ယဇ်​မျိုး​တို့​ကို ပူ​ဇော်​ခြင်း၌ အား​ရ​တော်​မူ​မည်​လော။ အ​လို​တော်​သို့​လိုက်​ခြင်း​သည် ယဇ်​မျိုး​ထက်​သာ၍ ကောင်း၏။ နား​ထောင်​ခြင်း​သည် သိုး​ထီး​ဆီ​ဥ​ထက်​သာ၍ ကောင်း၏။ 23ငြင်း​ဆန်​သော​သ​ဘော​သည် နတ်​ဆိုး​နှင့် ပေါင်း​ခြင်း​ကဲ့​သို့​လည်း​ကောင်း၊ ခိုင်​မာ​သော​သ​ဘော​သည် ဗေ​ဒင်​တန်​ဆာ​ကို သုံး​ခြင်း​ကဲ့​သို့​လည်း​ကောင်း အ​ပြစ်​ကြီး၏။ သင်​သည် ထာ​ဝ​ရ​ဘု​ရား၏​စ​ကား​တော်​ကို ပယ်​သော​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် ရှင်​ဘု​ရင်​အ​ရာ​ကို​နုတ်၍ သင့်​ကို​ပယ်​တော်​မူ​ပြီ​ဟု ဆို၏။ 24ရှော​လု​က​လည်း၊ အ​ကျွန်ုပ်​သည် ပြစ်​မှား​ပါ​ပြီ။ လူ​များ​ကို​ကြောက်၍ သူ​တို့​စ​ကား​ကို နား​ထောင်​သော​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို​လည်း​ကောင်း၊ ကိုယ်​တော်၏​စ​ကား​ကို​လည်း​ကောင်း လွန်​ကျူး​ပါ​ပြီ။ 25အ​ကျွန်ုပ်​အ​ပြစ်​ကို သည်း​ခံ​တော်​မူ​ပါ။ အ​ကျွန်ုပ်​သည် ကိုယ်​တော်၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို ကိုး​ကွယ်​မည်​အ​ကြောင်း၊ အ​ကျွန်ုပ်​နှင့်​အ​တူ ပြန်​လာ​ပါ​ဟု တောင်း​ပန်​သော်​လည်း၊ 26ရှ​မွေ​လ​က၊ သင်​နှင့်​အ​တူ ငါ​မ​ပြန်။ သင်​သည် ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို ပယ်​သော​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ ရှင်​ဘု​ရင်​အ​ရာ​ကို​နုတ်၍ သင့်​ကို​ပယ်​တော်​မူ​ပြီ​ဟု ရှော​လု​အား​ဆို​ပြီး​မှ၊ 27လှည့်​သွား​သော​အ​ခါ ရှော​လု​သည် ရှ​မွေ​လ၏​ဝတ်​လုံ​စွန်း​ကို ကိုင်​ဆွဲ၍ ဝတ်​လုံ​စုတ်​လေ၏။ 28ရှ​မွေ​လ​က​လည်း၊ ယ​နေ့ ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​နိုင်​ငံ​ကို သင်​မှ​ဆုတ်​ယူ၍၊ သင့်​ထက်​ကောင်း​သော သင်၏​အိမ်​နီး​ချင်း​အား​ပေး​တော်​မူ​ပြီ။#၁​ရာ၊ ၂၈:၁၇။ ၃​ရာ၊ ၁၁:၃၀-၃၁။ 29ထို​မှ​တစ်​ပါး ဣ​သ​ရေ​လ​အ​မျိုး၏​အ​စွမ်း​သ​တ္တိ​ဖြစ်​သော ဘု​ရား​သည် မု​သား​သုံး​ခြင်း၊ နောင်​တ​ရ​ခြင်း​နှင့် ကင်း​လွတ်​တော်​မူ၏။ နောင်​တ​ရ​အံ့​သော​ငှာ​လူ​ဖြစ်​တော်​မ​မူ​ဟု ဆို​သော်၊ 30ရှော​လု​က အ​ကျွန်ုပ်​ပြစ်​မှား​ပါ​ပြီ။ သို့​သော်​လည်း အ​ကျွန်ုပ်​အ​မျိုး​သား​ချင်း အ​သက်​ကြီး​သူ​တို့​ရှေ့၌​လည်း​ကောင်း၊ ဣ​သ​ရေ​လ​အ​မျိုး​ရှေ့၌​လည်း​ကောင်း၊ အ​ကျွန်ုပ်၏​ဂုဏ်​အ​သ​ရေ​ကို မ​ဖျက်​ပါ​နှင့်။ အ​ကျွန်ုပ်​သည် ကိုယ်​တော်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို ကိုး​ကွယ်​ရ​မည်​အ​ကြောင်း၊ အ​ကျွန်ုပ်​နှင့်​အ​တူ ပြန်​လာ​ပါ​ဟု တောင်း​ပန်​သည်​အ​တိုင်း၊ 31ရှ​မွေ​လ​သည် ရှော​လု​နောက်​သို့ လိုက်၍၊ ရှော​လု​သည် ထာ​ဝ​ရ​ဘု​ရား​ကို ကိုး​ကွယ်​လေ၏။ 32ထို​အ​ခါ ရှ​မွေ​လ​က၊ အာ​မ​လက်​ရှင်​ဘု​ရင် အာ​ဂတ်​ကို ငါ့​ထံ​သို့​ခေါ်​ခဲ့​ကြ​ဟု ဆို​သည်​အ​တိုင်း၊ အာ​ဂတ်​က သေ​ဘေး​သည် စင်​စစ်​လွန်​သွား​ပြီ​ဟု ဆို​လျက် ရွှင်​လန်း​စွာ​လာ၏။ 33ရှ​မွေ​လ​က၊ မိန်း​မ​များ​တို့​သည် သင်၏​ဓား​ကြောင့် သား​ဆုံး​သ​ကဲ့​သို့၊ သင်၏​အ​မိ​သည် သား​ဆုံး​သော မိန်း​မ​ဖြစ်​ရ​မည်​ဟု​ဆို​လျက်၊ ဂိ​လ​ဂါ​လ​မြို့​မှာ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ အာ​ဂတ်​ကို အ​ပိုင်း​ပိုင်း ဖြတ်​စေ၏။ 34ထို​နောက် ရှ​မွေ​လ​သည် ရာ​မ​မြို့​သို့​သွား၍ ရှော​လု​သည် မိ​မိ​နေ​ရာ ဂိ​ဗာ​မြို့၊ နန်း​တော်​သို့ ပြန်​သွား​လေ၏။ 35ရှော​လု အ​နိ​စ္စ​မ​ရောက်​မီ​တိုင်​အောင်၊ ရှ​မွေ​လ​သည် နောက်​တစ်​ဖန် အ​ကြည့်​အ​ရှု​မ​လာ။ သို့​ရာ​တွင် ရှ​မွေ​လ​သည် ရှော​လု​အ​တွက် စိတ်​မ​သာ​ညည်း​တွား​လျက်​နေ၏။ ထာ​ဝ​ရ​ဘု​ရား​သည် ရှော​လု​ကို ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​အ​ရာ၌ ခန့်​ထား​သော​အ​မှု​ကို နောင်​တ​ရ​တော်​မူ၏။

လက်ရှိရွေးချယ်ထားမှု

၁ ဓမ္မရာဇဝင် 15: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ