ရှမွေလ ချိန်းချက်သည်အတွင်း ရှောလုသည် ခုနစ်ရက်ငံ့လင့်၍၊ ရှမွေလသည် ဂိလဂါလမြို့သို့ မရောက်၊ လူများတို့လည်းထွက်ပြေးကြ၏။ ရှောလုကလည်း၊ မီးရှို့ရာယဇ်နှင့် မိတ်သဟာယပူဇော်သကာတို့ကို ငါ့ထံသို့ ယူခဲ့ကြဟုဆိုသဖြင့်၊ မီးရှို့ရာယဇ်ကို ပူဇော်လေ၏။ မီးရှို့ရာယဇ်ပူဇော်ခြင်းအမှုပြီးသည်အဆုံး၌ ရှမွေလသည်လာ၏။ ရှောလုသည် ကောင်းချီးပေး၍ ခရီးဦးကြိုပြုခြင်းငှာ ထွက်သွားလျှင်၊ ရှမွေလက၊ သင်သည် အဘယ်သို့ပြုသနည်းဟုမေးသော်၊ ရှောလုက၊ လူများတို့သည် အကျွန်ုပ်ထံမှ ထွက်ပြေးကြောင်း၊ ကိုယ်တော်သည် ချိန်းချက်သောအချိန်၌ မရောက်ကြောင်း၊ ဖိလိတ္တိလူတို့သည် မိတ်မတ်မြို့၌ စုဝေးကြောင်းများကို သိမြင်သောအခါ၊ ဖိလိတ္တိလူတို့သည် ငါရှိရာ ဂိလဂါလမြို့သို့ စစ်ချီကြလိမ့်မည်။ ထာဝရဘုရားကို ငါမတောင်းပန်သေးဟု အကျွန်ုပ်အောက်မေ့သဖြင့်၊ ကိုယ်ကိုအနိုင်ပြု၍ မီးရှို့ရာယဇ်ကို ပူဇော်မိပြီဟု ပြန်ပြော၏။ ရှမွေလကလည်း သင်သည် မှားပြီ။ သင်၏ဘုရားသခင် ထာဝရဘုရားထားတော်မူသော ပညတ်တရားကို မစောင့်ပါတကား။ စောင့်မိလျှင်၊ ထာဝရဘုရားသည် ဣသရေလအမျိုး၌သင်၏အာဏာကို ယခုမှစ၍ အစဉ်အမြဲ တည်စေတော်မူပြီ။ ယခုမူကား သင်၏ အာဏာမတည်ရ။ ထာဝရဘုရားသည် စိတ်နှလုံးတော်နှင့် ညီညွတ်သောသူကို ရှာတော်မူ၏။ ထိုသူသည် လူမျိုးတော်အပေါ်မှာမင်းဖြစ်စေခြင်းငှာ ထာဝရဘုရားမိန့်တော်မူပြီ။ အကြောင်းမူကား၊ သင်သည် ထာဝရဘုရား မှာထားတော်မူသည်အတိုင်းမကျင့်ဟု ရှောလုအားဆိုပြီးလျှင်၊
၁ ဓမ္မရာဇဝင် 13 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ၁ ဓမ္မရာဇဝင် 13:8-14
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ