YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ဓမ္မရာဇဝင် 13:5-15

၁ ဓမ္မရာဇဝင် 13:5-15 JBMLE

ဖိ​လိ​တ္တိ​လူ​တို့​သည်​လည်း၊ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ကို​စစ်​တိုက်​ခြင်း​ငှာ၊ ရ​ထား​သုံး​သောင်း​နှင့် မြင်း​ခြောက်​ထောင်​ကို​လည်း​ကောင်း၊ သ​မု​ဒ္ဒ​ရာ​သဲ​လုံး​နှင့်​အ​မျှ​ရှိ​သော​လူ​များ​ကို​လည်း​ကောင်း စု​ဝေး​စေ​ပြီး​လျှင်၊ စစ်​ချီ​ဗေ​သ​ဝင် မြို့​အ​ရှေ့၊ မိတ်​မတ်​မြို့၌ တပ်​ချ​ကြ၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် အ​လွန်​ဆင်း​ရဲ​ခံ​ရ​သ​ဖြင့်၊ မိ​မိ​တို့​ကျဉ်း​မြောင်း​လျက်​ရှိ​သည်​ကို သိ​မြင်​သော​အ​ခါ၊ ဥ​မင်၊ တော​အုံ၊ ကျောက်​ကြား၊ တောင်​ထိပ်၊ မြေ​တွင်း​တို့၌ ပုန်း​ရှောင်၍​နေ​ကြ၏။ ယော်​ဒန်​မြစ်​တစ်​ဖက်၌ နေ​သော​သူ​အ​ချို့​တို့​သည် ကူး​ပြန်၍၊ ဂဒ်​ပြည်၊ ဂိ​လဒ်​ပြည်​သို့ သွား​ကြ၏။ ရှော​လု​သည် ဂိ​လ​ဂါ​လ​မြို့၌ နေ​သေး၍၊ လူ​အ​ပေါင်း​တို့​သည် သူ့​နောက်၌ တုန်​လှုပ်​လျက်​ရှိ​ကြ၏။ ရှ​မွေ​လ ချိန်း​ချက်​သည်​အ​တွင်း ရှော​လု​သည် ခု​နစ်​ရက်​ငံ့​လင့်၍၊ ရှ​မွေ​လ​သည် ဂိ​လ​ဂါ​လ​မြို့​သို့ မ​ရောက်၊ လူ​များ​တို့​လည်း​ထွက်​ပြေး​ကြ၏။ ရှော​လု​က​လည်း၊ မီး​ရှို့​ရာ​ယဇ်​နှင့် မိတ်​သ​ဟာ​ယ​ပူ​ဇော်​သ​ကာ​တို့​ကို ငါ့​ထံ​သို့ ယူ​ခဲ့​ကြ​ဟု​ဆို​သ​ဖြင့်၊ မီး​ရှို့​ရာ​ယဇ်​ကို ပူ​ဇော်​လေ၏။ မီး​ရှို့​ရာ​ယဇ်​ပူ​ဇော်​ခြင်း​အ​မှု​ပြီး​သည်​အ​ဆုံး၌ ရှ​မွေ​လ​သည်​လာ၏။ ရှော​လု​သည် ကောင်း​ချီး​ပေး၍ ခ​ရီး​ဦး​ကြို​ပြု​ခြင်း​ငှာ ထွက်​သွား​လျှင်၊ ရှ​မွေ​လ​က၊ သင်​သည် အ​ဘယ်​သို့​ပြု​သ​နည်း​ဟု​မေး​သော်၊ ရှော​လု​က၊ လူ​များ​တို့​သည် အ​ကျွန်ုပ်​ထံ​မှ ထွက်​ပြေး​ကြောင်း၊ ကိုယ်​တော်​သည် ချိန်း​ချက်​သော​အ​ချိန်၌ မ​ရောက်​ကြောင်း၊ ဖိ​လိ​တ္တိ​လူ​တို့​သည် မိတ်​မတ်​မြို့၌ စု​ဝေး​ကြောင်း​များ​ကို သိ​မြင်​သော​အ​ခါ၊ ဖိ​လိ​တ္တိ​လူ​တို့​သည် ငါ​ရှိ​ရာ ဂိ​လ​ဂါ​လ​မြို့​သို့ စစ်​ချီ​ကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​ကို ငါ​မ​တောင်း​ပန်​သေး​ဟု အ​ကျွန်ုပ်​အောက်​မေ့​သ​ဖြင့်၊ ကိုယ်​ကို​အ​နိုင်​ပြု၍ မီး​ရှို့​ရာ​ယဇ်​ကို ပူ​ဇော်​မိ​ပြီ​ဟု ပြန်​ပြော၏။ ရှ​မွေ​လ​က​လည်း သင်​သည် မှား​ပြီ။ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ထား​တော်​မူ​သော ပ​ညတ်​တ​ရား​ကို မ​စောင့်​ပါ​တ​ကား။ စောင့်​မိ​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး၌​သင်၏​အာ​ဏာ​ကို ယ​ခု​မှ​စ၍ အ​စဉ်​အ​မြဲ တည်​စေ​တော်​မူ​ပြီ။ ယ​ခု​မူ​ကား သင်၏ အာ​ဏာ​မ​တည်​ရ။ ထာ​ဝ​ရ​ဘု​ရား​သည် စိတ်​နှ​လုံး​တော်​နှင့် ညီ​ညွတ်​သော​သူ​ကို ရှာ​တော်​မူ၏။ ထို​သူ​သည် လူ​မျိုး​တော်​အ​ပေါ်​မှာ​မင်း​ဖြစ်​စေ​ခြင်း​ငှာ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ပြီ။ အ​ကြောင်း​မူ​ကား၊ သင်​သည် ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​သည်​အ​တိုင်း​မ​ကျင့်​ဟု ရှော​လု​အား​ဆို​ပြီး​လျှင်၊ ထ၍ ဂိ​လ​ဂါ​လ​မြို့​မှ ဗင်္ယာ​မိန်​ခ​ရိုင်၊ ဂိ​ဗာ​မြို့​သို့ သွား၏။ ရှော​လု​သည် မိ​မိ၌​ရှိ​သော​လူ​တို့​ကို​ရေ​တွက်၍ ခြောက်​ရာ​ခန့်​မျှ ရှိ၏။