YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ဓမ္မရာဇဝင် 12

12
ရှ​မွေ​လ​၏​နှုတ်​ဆက်​စ​ကား
1ရှ​မွေ​လ​က​လည်း၊ သင်​တို့​ပြော​သ​မျှ​သော​စ​ကား​ကို ငါ​နား​ထောင်၍၊ သင်​တို့​အ​ပေါ်​မှာ ရှင်​ဘု​ရင်​ကို ငါ​ချီး​မြှောက်​လေ​ပြီ။ 2ယ​ခု​မှာ ရှင်​ဘု​ရင်​သည် သင်​တို့​ရှေ့၌ ကြွ​နေ​တော်​မူ၏။ ငါ​သည် အ​သက်​ကြီး၍ ဆံ​ပင်​ဖြူ​ပြီ။ ငါ့​သား​တို့​သည် သင်​တို့၌​ရှိ​ကြ၏။ ငါ​သည် ငယ်​သော​အ​ရွယ်​မှ​စ၍ ယ​နေ့​တိုင်​အောင် သင်​တို့​ရှေ့၌ သွား​ပြီ။ 3ဤ​အ​ရပ်၌ ယ​ခု ငါ​ရှိ၏။ အ​ဘယ်​သူ၏​နွား​ကို ငါ​ယူ​ဖူး​ပြီ​နည်း။ အ​ဘယ်​သူ၏ မြည်း​ကို​ယူ​ဖူး​ပြီ​နည်း။ အ​ဘယ်​သူ​ကို လှည့်​စား​ဖူး​ပြီ​နည်း။ အ​ဘယ်​သူ​ကို ညှဉ်း​ဆဲ​ဖူး​ပြီ​နည်း။ ကိုယ်​မျက်​စိ​ကို ကွယ်​စေ​ခြင်း​ငှာ အ​ဘယ်​သူ​လက်​မှ တံ​စိုး​ကို​ခံ​ဖူး​ပြီ​နည်း။ ထာ​ဝ​ရ​ဘု​ရား​ရှေ့၊ ဘိ​သိက်​တော်​ကို ခံ​သော​သူ​ရှေ့​မှာ ငါ့​တစ်​ဖက်၌ သက်​သေ​ခံ​ကြ​လော့။ သူ့​ဥ​စ္စာ​ကို ငါ​ယူ​မိ​လျှင် ပြန်​ပေး​ပါ​မည်​ဟု ဣ​သ​ရေ​လ လူ​အ​ပေါင်း​တို့​အား ပြော​ဆို​သော်၊ 4သူ​တို့​က၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​တို့​ကို မ​လှည့်​စား​ပါ။ မ​ညှဉ်း​ဆဲ​ပါ။ အ​ဘယ်​သူ၏​ဥ​စ္စာ​ကို​မျှ​မ​ယူ​ပါ​ဟု ပြော​ဆို​ကြ၏။ 5ရှ​မွေ​လ​က​လည်း၊ သင်​တို့​သည် ငါ့​လက်၌ သူ​တစ်​ပါး၏​ဥ​စ္စာ​ကို ရှာ၍​မ​တွေ့​ကြောင်း​ကို ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​တစ်​ဖက်၌ သက်​သေ​ဖြစ်​တော်​မူ၏။ ဘိ​သိက်​တော်​ကို ခံ​သော​သူ​လည်း သက်​သေ​ဖြစ်၏​ဟု​ဆို​လျှင်၊ သူ​တို့​က၊ သက်​သေ​ဖြစ်​ပါ​သည်​ဟု ဝန်​ခံ​ကြ၏။ 6တစ်​ဖန် ရှ​မွေ​လ​က၊ ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​နှင့်​အာ​ရုန်​ကို ချီး​မြှောက်၍၊ သင်​တို့​ဘိုး​ဘေး​များ​ကို အဲ​ဂု​တ္တု​ပြည်​မှ ဆောင်​ခဲ့​တော်​မူ၏။#ထွ၊ ၆:၂၆။ 7ယ​ခု​တွင် တိတ်​ဆိတ်​စွာ​နေ​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​နှင့် သင်​တို့​ဘိုး​ဘေး​များ၌ တ​ရား​သ​ဖြင့် ပြု​တော်​မူ​သော​အ​မှု​တို့​ကို ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​မှာ သင်​တို့​အား ငါ​ဆွေး​နွေး​ဟော​ပြော​မည်။ 8ယာ​ကုပ်​သည် အဲ​ဂု​တ္တု​ပြည်​သို့​ရောက်၍၊ သင်​တို့​ဘိုး​ဘေး​တို့​သည် ထာ​ဝ​ရ​ဘု​ရား​အား အော်​ဟစ်​သော​အ​ခါ၊ မော​ရှေ​နှင့် အာ​ရုန်​ကို​စေ​လွှတ်​သ​ဖြင့် ဘိုး​ဘေး​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ နုတ်​ဆောင်၍ ဤ​ပြည်၌ နေ​ရာ​ချ​တော်​မူ၏။#ထွ၊ ၂:၂၃။ 9သူ​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို​မေ့​လျော့​သော​အ​ခါ၊ ဟာ​ဇော်​ဗိုလ်​ချုပ်​မင်း သိ​သ​ရ​လက်​သို့​လည်း​ကောင်း၊ ဖိ​လိ​တ္တိ​လူ​တို့ လက်​သို့​လည်း​ကောင်း၊ မော​ဘ​ရှင်​ဘု​ရင်​လက်​သို့​လည်း​ကောင်း ရောက်​စေ​တော်​မူ​သ​ဖြင့်၊ ထို​ရန်​သူ​တို့၏ တိုက်​ဖျက်​ခြင်း​ကို ခံ​ရ​ကြ၏။#သူ​ကြီး၊ ၄:၂၊ ၁၃:၁၊ ၃:၁၂။ 10တစ်​ဖန် သူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​အား အော်​ဟစ်​လျက်၊ အ​ကျွန်ုပ်​တို့​သည် ကိုယ်​တော်​ကို​စွန့်၍၊ ဗာ​လ​ဘု​ရား​နှင့် အာ​ရှ​တ​ရက်​ဘု​ရား​တို့​ကို ဝတ်​ပြု​သ​ဖြင့် ပြစ်​မှား​ပါ​ပြီ။ သို့​ရာ​တွင် ရန်​သူ​လက်​မှ ကယ်​ချွတ်​တော်​မူ​ပါ။ ကိုယ်​တော်​ကို ဝတ်​ပြု​ပါ​မည်​ဟု လျှောက်​ကြ​သော​အ​ခါ၊#သူ​ကြီး၊ ၁၀:၁၀-၁၅။ 11ထာ​ဝ​ရ​ဘု​ရား​သည် ယေ​ရု​ဗ္ဗာ​လ၊ ဗာ​ရက်၊ ယေ​ဖ​သ၊ ရှ​မွေ​လ​တို့​ကို စေ​လွှတ်၍၊ ပတ်​ဝန်း​ကျင် ရန်​သူ​တို့​လက်​မှ ကယ်​နုတ်​တော်​မူ​သ​ဖြင့် သင်​တို့​သည် ဘေး​လွတ်​ရ​ကြ၏။#သူ​ကြီး၊ ၇:၁၊ ၄:၆၊ ၁၁:၂၉။ ၁​ရာ၊ ၃:၂၀။ 12နောက်​တစ်​ဖန် အ​မ္မုန်​အ​မျိုး​သား ရှင်​ဘု​ရင်​နာ​ဟတ်​သည် စစ်​ချီ​မည်​အ​ကြောင်း​ကို သိ​သော​အ​ခါ၊ အ​ကျွန်ုပ်​တို့​သည် အ​ရင်​ကဲ့​သို့​မ​ဟုတ်၊ ရှင်​ဘု​ရင်​သည် အ​ကျွန်ုပ်​တို့​ကို အုပ်​စိုး​ရ​မည်​ဟု သင်​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ရှင်​ဘု​ရင် လုပ်​လျက်​ပင် ငါ့​အား​လျှောက်​ထား​ကြ၏။#၁​ရာ၊ ၈:၁၉။ 13ယ​ခု​မှာ သင်​တို့​လို​ချင်၍ ရွေး​ချယ်​သော​ရှင်​ဘု​ရင်​ကို ကြည့်​ရှု​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​အ​ပေါ်​မှာ ရှင်​ဘု​ရင်​ဖြစ်​စေ​ခြင်း​ငှာ ချီး​မြှောက်​တော်​မူ​ပြီ။ 14သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့၍ ဝတ်​ပြု​ခြင်း​နှင့်​တ​ကွ အာ​ဏာ​တော်​ကို မ​ဆန်၊ စ​ကား​တော်​ကို နား​ထောင်​လျှင် သင်​တို့​နှင့် သင်​တို့​ကို​အုပ်​စိုး​သော ရှင်​ဘု​ရင်​သည် သင်​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​နောက်​တော်​သို့ အ​မြဲ​လိုက်​ကြ​လိမ့်​မည်။ 15သို့​မ​ဟုတ် ထာ​ဝ​ရ​ဘု​ရား၏ စ​ကား​တော်​ကို နား​မ​ထောင်၊ အာ​ဏာ​တော်​ကို​ဆန်​လျှင်၊ ထာ​ဝ​ရ​ဘု​ရား၏ လက်​တော်​သည် ဘိုး​ဘေး​တို့​ကို ဆီး​တား​သ​ကဲ့​သို့ သင်​တို့​ကို ဆီး​တား​တော်​မူ​လိမ့်​မည်။ 16ယ​ခု​မှာ သင်​တို့​မျက်​မှောက်၌ ထာ​ဝ​ရ​ဘု​ရား ပြု​တော်​မူ​လ​တ္တံ့​သော​အ​မှု​ကြီး​ကို ငြိမ်​ဝပ်​စွာ​နေ၍ ကြည့်​ရှု​လော့။ 17ယ​နေ့ ဂျုံ​စ​ပါး​ရိတ်​ရာ​ကာ​လ​ဖြစ်​သည် မ​ဟုတ်​လော။ သို့​သော်​လည်း ထာ​ဝ​ရ​ဘု​ရား​ကို ငါ​ဆု​တောင်း၍ မိုး​ချုန်း​ခြင်း​နှင့်​တ​ကွ မိုး​ရွာ​စေ​တော်​မူ​မည်။ သို့​ဖြစ်၍ သင်​တို့​သည် ရှင်​ဘု​ရင်​ကို တောင်း​သော​အား​ဖြင့် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ပြစ်​မှား​မိ​သော​အ​ပြစ်​သည် ကြီး​ကြောင်း​ကို ရိပ်​မိ​သိ​မြင်​ရ​ကြ​မည်​ဟု လူ​များ​တို့​အား ပြော​ဆို​ပြီး​လျှင်၊ 18ထာ​ဝ​ရ​ဘု​ရား​ကို​ဆု​တောင်း၍၊ ထို​နေ့၌ ထာ​ဝ​ရ​ဘု​ရား​သည် မိုး​ချုန်း​ခြင်း​နှင့်​တ​ကွ မိုး​ရွာ​စေ​တော်​မူ၍၊ လူ​အ​ပေါင်း​တို့​သည် ထာ​ဝ​ရ​ဘု​ရား​နှင့် ရှ​မွေ​လ​ကို အ​လွန်​ကြောက်​ရွံ့​ကြ၏။ 19လူ​အ​ပေါင်း​တို့​က၊ ကိုယ်​တော်၏​ကျွန်​တို့​သည် မ​သေ​ရ​မည်​အ​ကြောင်း၊ ကိုယ်​တော်၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား ကိုယ်​တော်​ကျွန်​တို့​အ​ဖို့ ဆု​တောင်း​တော်​မူ​ပါ။ အ​ကျွန်ုပ်​တို့​သည် ရှင်​ဘု​ရင်​ကို တောင်း​သော​အား​ဖြင့် အ​ထက်​အ​ပြစ်​များ​တို့​အ​ပေါ်​မှာ​ထပ်၍ ဒု​စ​ရိုက်​ကို ပြု​မိ​ပါ​ပြီ​ဟု ရှ​မွေ​လ​အား တောင်း​ပန်​ကြ၏။ 20ရှ​မွေ​လ​က​လည်း မ​စိုး​ရိမ်​ကြ​နှင့်။ ဤ​ဒု​စ​ရိုက်​အ​ပေါင်း​ကို ပြု​မိ​သော်​လည်း၊ ထာ​ဝ​ရ​ဘု​ရား​နောက်​တော်​သို့ လိုက်​ရာ​မှ မ​လွှဲ​ကြ​နှင့်။ ထာ​ဝ​ရ​ဘု​ရား​ကို စိတ်​နှ​လုံး​အ​ကြွင်း​မဲ့​ဝတ်​ပြု​ကြ​လော့။ 21ကျေး​ဇူး​မ​ပြု မ​ကယ်​တင်​နိုင်၊ အ​ချည်း​နှီး​ဖြစ်​သော အ​ရာ​တို့​နောက်​သို့ လမ်း​လွှဲ၍ မ​လိုက်​ကြ​နှင့်။ ထို​သို့​သော​အ​ရာ​သည် အ​ချည်း​နှီး​သက်​သက်​ဖြစ်၏။ 22ထာ​ဝ​ရ​ဘု​ရား​သည် မ​ဟာ​နာ​မ​တော်​ကို​ထောက်၍ မိ​မိ​လူ​တို့​ကို စွန့်​တော်​မ​မူ။ ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ကို မိ​မိ​လူ​အ​ရာ၌ ခန့်​ထား​ခြင်း​ငှာ​အ​လို​ရှိ​တော်​မူ​ပြီ။ 23ငါ​မူ​ကား သင်​တို့​အ​ဖို့ ဆု​မ​တောင်း​ဘဲ​နေ​သ​ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား​ကို ပြစ်​မှား​ခြင်း​အ​မှု​သည် ငါ​နှင့်​ဝေး​ပါ​စေ​သော။ ကောင်း​မွန်​ဖြောင့်​မတ်​သော လမ်း​ကို​လည်း သင်​တို့​အား ငါ​ပြ​သ​ဦး​မည်။ 24သို့​ရာ​တွင် ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့၍ သ​စ္စာ​နှင့်​တ​ကွ စိတ်​နှ​လုံး​အ​ကြွင်း​မဲ့ ဝတ်​ပြု​ကြ​လော့။ သင်​တို့​အ​ဖို့ အ​ဘယ်​မျှ​လောက် ပြု​တော်​မူ​ပြီး​သည်​ကို အောက်​မေ့​ကြ​လော့။ 25သို့​မ​ဟုတ် သင်​တို့​သည် ဒု​စ​ရိုက်​ပြု​မြဲ​ပြု​လျှင်၊ ရှင်​ဘု​ရင်​နှင့်​တ​ကွ ပျက်​စီး​ခြင်း​သို့ ရောက်​ရ​ကြ​လိမ့်​မည်​ဟု လူ​များ​တို့​အား ပြော​ဆို​လေ၏။

လက်ရှိရွေးချယ်ထားမှု

၁ ဓမ္မရာဇဝင် 12: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ