YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ဓမ္မရာဇဝင် 11

11
အ​မ္မုန်​အ​မျိုး​သား​တို့​ကို​နှိမ်​နင်း​ခြင်း
1ထို​နောက်​မှ အ​မ္မုန်​အ​မျိုး​သား​နာ​ဟတ်​သည်​လာ၍ ဂိ​လဒ်​ပြည် ယာ​ဗက်​မြို့​အ​နား​မှာ​တပ်​ချ​လျှင်၊ မြို့​သား​အ​ပေါင်း​တို့​က အ​ကျွန်ုပ်​တို့​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​တော်​မူ​ပါ။ ကိုယ်​တော်​ထံ၌​ကျွန်​ခံ​ပါ​မည်​ဟု နာ​ဟတ်​မင်း​အား လျှောက်​သော်​လည်း၊ 2အ​မ္မုန်​အ​မျိုး​သား နာ​ဟတ်​က၊ သင်​တို့၌ လက်​ယာ​မျက်​စိ​ရှိ​သ​မျှ​ကို​ဖောက်၍ ဣ​သ​ရေ​လ​အ​မျိုး​တစ်​မျိုး​လုံး၌ ငါ​ကဲ့​ရဲ့​ရ​သော​အ​ခွင့်​ကို ပေး​မှ​သာ မိတ်​သ​ဟာ​ယ​ဖွဲ့​မည်​ဟု ပြန်​ပြော​သော်၊ 3ယာ​ဗက်​မြို့​သား အ​သက်​ကြီး​သူ​တို့​က၊ အ​ကျွန်ုပ်​တို့​သည် ဣ​သ​ရေ​လ​ပြည် တစ်​လျှောက်​လုံး​သို့ တ​မန်​တို့​ကို စေ​လွှတ်​ခြင်း​ငှာ ခု​နစ်​ရက်​မျှ ငံ့​လင့်​ပါ။ ထို​အ​ခါ ကယ်​တင်​သော​သူ မ​ပေါ်​မ​ရှိ​လျှင် မင်း​ကြီး​ထံ​သို့ ထွက်​ပါ​မည်​ဟု ဆို​ကြ၏။ 4တ​မန်​တို့​သည် ရှော​လု​နေ​ရာ ဂိ​ဗာ​မြို့​သို့​လာ၍ လူ​များ​တို့​အား​သ​တင်း​ကြား​ပြော​သော်၊ လူ​အ​ပေါင်း​တို့​သည် အ​သံ​ကို​လွှင့်၍ ငို​ကြွေး​ကြ၏။ 5ရှော​လု​သည် နွား​စု​နောက်​သို့​လိုက်​လျက် လယ်​လုပ်​ရာ​မှ ရောက်​လာ​သော​အ​ခါ၊ လူ​တို့​သည် အ​ဘယ်​ကြောင့် ငို​ကြွေး​ကြ​သ​နည်း​ဟု မေး​လျှင်၊ ယာ​ဗက်​မြို့​သား​တို့၏​သ​တင်း​ကို ပြော​ကြ၏။ 6ထို​သ​တင်း​ကို ရှော​လု​ကြား​သော​အ​ခါ၊ ဘု​ရား​သ​ခင်၏​ဝိ​ညာဉ်​တော်​သက်​ရောက်၍ ထို​သူ​သည် ပြင်း​စွာ​အ​မျက်​ထွက်​လျက်၊ 7နွား​တစ်​ရှဉ်း​ကို​ယူ၍ ခုတ်​ဖြတ်​ပြီး​မှ၊ သံ​တ​မန်​တို့​လက်​တွင် ဣ​သ​ရေ​လ​ပြည် တစ်​လျှောက်​လုံး​သို့ ပေး​လိုက်၍၊ ရှော​လု​နှင့် ရှ​မွေ​လ​နောက်​သို့ ထွက်၍​မ​လိုက်​သော​သူ၏​နွား​တို့​ကို ဤ​ကဲ့​သို့​ပြု​မည်​ဟု​ကြော်​ငြာ​စေ​သ​ဖြင့်၊ လူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်၍ တ​ညီ​တ​ညွတ်​တည်း ထွက်​လာ​ကြ၏။ 8ဗေ​ဇက်​မြို့၌ တပ်​စာ​ရင်း​ယူ​သော​အ​ခါ၊ ဣ​သ​ရေ​လ​အ​မျိုး​သား သုံး​သိန်း၊ ယု​ဒ​အ​မျိုး​သား သုံး​သောင်း​ရှိ​ကြ၏။ 9ဂိ​လဒ်​ပြည် ယာ​ဗက်​မြို့​မှ​လာ​သော တ​မန်​တို့​အား နက်​ဖြန်​နေ့ နေ​ပူ​ချိန်​ရောက်​သော​အ​ခါ ချမ်း​သာ​ရ​မည်​အ​ကြောင်း​ကို၊ မြို့​သား​တို့​အား ကြား​ပြော​လော့​ဟု မှာ​လိုက်​သည်​အ​တိုင်း၊ တ​မန်​တို့​သည်​သွား၍ သ​တင်း​ကြား​ပြော​သ​ဖြင့် ယာ​ဗက်​မြို့​သား​တို့​သည် ဝမ်း​မြောက်​ကြ၏။ 10အ​ကျွန်ုပ်​တို့​သည် နက်​ဖြန်​နေ့၌ ကိုယ်​တော်​ထံ​သို့ ထွက်​ပါ​မည်။ ကိုယ်​တော်​အ​လို​ရှိ​သ​မျှ​အ​တိုင်း ပြု​တော်​မူ​ပါ​ဟု နာ​ဟတ်​မင်း​အား​လျှောက်​ကြ၏။
11နက်​ဖြန်​နေ့၌ ရှော​လု​သည် လူ​တို့​ကို​သုံး​တပ်​ခွဲ​ပြီး​မှ၊ နံ​နက်​ယံ​အ​ချိန်၌ ရန်​သူ​အ​လုံး​အ​ရင်း​ထဲ​သို့​ဝင်၍ နေ​ပူ​ချိန်​တိုင်​အောင် အ​မ္မုန်​အ​မျိုး​သား​တို့​ကို လုပ်​ကြံ​သ​ဖြင့်၊ ကျန်​ကြွင်း​သော​သူ တစ်​ယောက်​နှင့် တစ်​ယောက်​ပေါင်း၍ မ​နေ​ရ​သည်​တိုင်​အောင် လူ​အ​ပေါင်း​တို့​သည် ကွဲ​ပြား​လျက်​ရှိ​ကြ၏။ 12ဣ​သ​ရေ​လ​လူ​တို့​က​လည်း၊ ရှော​လု​သည် ငါ​တို့​ကို အုပ်​စိုး​ရ​မည်​လော​ဟု ဆို​မိ​သော​သူ​ကား အ​ဘယ်​သူ​နည်း။ ထို​သို့​ဆို​မိ​သော​သူ​တို့​ကို​ခေါ်၍ သတ်​ကြ​ကုန်​အံ့​ဟု ရှ​မွေ​လ​အား​ဆို​ကြ​သော်၊ 13ရှော​လု​က၊ လူ​တစ်​ယောက်​ကို​မျှ ယ​နေ့​မ​သတ်​ရ၊ ထာ​ဝ​ရ​ဘု​ရား​သည် ယ​နေ့ ဣ​သ​ရေ​လ​အ​မျိုး​ကို ကယ်​တင်​တော်​မူ​ပြီ​ဟု ဆို၏။ 14ရှ​မွေ​လ​က​လည်း၊ ဂိ​လ​ဂါ​လ​မြို့​သို့​သွား၍ နိုင်​ငံ​တော်​ကို ပြု​ပြင်​ကြ​ကုန်​အံ့​ဟု လူ​များ​တို့​အား​ပြော​ဆို​သည်​အ​တိုင်း၊ 15လူ​အ​ပေါင်း​တို့​သည် ဂိ​လ​ဂါ​လ​မြို့​သို့​သွား၍၊ ထို​မြို့၌ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​မှာ ရှော​လု​ကို ရှင်​ဘု​ရင်​အ​ရာ၌ ချီး​မြှောက်​ကြ၏။ ထို​မြို့၌​လည်း၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​မှာ မိတ်​သ​ဟာ​ယ​ယဇ်​ကို ပူ​ဇော်​သ​ဖြင့်၊ ရှော​လု​နှင့် ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​သည် အ​လွန်​ပျော်​မွေ့​ခြင်း​ကို ပြု​ကြ၏။

လက်ရှိရွေးချယ်ထားမှု

၁ ဓမ္မရာဇဝင် 11: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ