YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ဓမ္မရာဇဝင် 1:17-28

၁ ဓမ္မရာဇဝင် 1:17-28 JBMLE

ယ​ခု ဆု​တောင်း​သည်​အ​တိုင်း၊ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင် ပေး​သ​နား​တော် မူ​ပါ​စေ​သော​ဟု မြွက်​ဆို၏။ ဟ​န္န​က​လည်း၊ ကိုယ်​တော်၏​ကျွန်​မ​သည် ရှေ့​တော်၌ မျက်​နှာ​ရ​ပါ​စေ​သော​ဟု လျှောက်​ပြီး​မှ၊ ခြား​နား​သော​မျက်​နှာ​နှင့် သွား၍ အ​စာ​စား​လေ၏။ ထို​သူ​တို့​သည် နံ​နက်​စော​စော​ထ၍ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ကိုး​ကွယ်​ပြီး​လျှင်၊ ရာ​မ​မြို့​မှာ​ရှိ​သော မိ​မိ​တို့​အိမ်​သို့ ပြန်​သွား​ကြ၏။ ထို​အ​ခါ ဧ​လ​ကာ​န​သည် မ​ယား​ဟ​န္န​နှင့် ဆက်​ဆံ၍ ထာ​ဝ​ရ​ဘု​ရား အောက်​မေ့​တော်​မူ​သ​ဖြင့်၊ ဟ​န္န​သည် ပ​ဋိ​သ​န္ဓေ​ယူ၍ ကာ​လ​အ​ချိန်​စေ့​သော​အ​ခါ၊ သား​ယောက်ျား​ကို ဖွား​မြင်​ပြီး​လျှင်၊ ထို​သား​ကို ထာ​ဝ​ရ​ဘု​ရား​ထံ၌ ဆု​တောင်း​သော​ကြောင့်၊ ရှ​မွေ​လ​အ​မည်​ဖြင့် မှည့်​လေ၏။ ဧ​လ​ကာ​န​သည် အိမ်​သူ​အိမ်​သား​အ​ပေါင်း​တို့​နှင့်​အ​တူ နှစ်​စဉ် ပြု​ရ​သော​ယဇ်​ကို​လည်း​ကောင်း၊ သ​စ္စာ​က​တိ​နှင့်​ဆိုင်​သော ပူ​ဇော်​သ​ကာ​ကို​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​ခြင်း​ငှာ တက်​သွား​သော​အ​ခါ၊ ဟ​န္န​က၊ နို့​နှင့်​ကွာ​ပြီး​မှ သူ​ငယ်​ကို ဆောင်​သွား​ပါ​မည်။ ထို​အ​ခါ သူ​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​သို့ ရောက်၍ အ​မြဲ​နေ​ရ​လိမ့်​မည်​ဟု ဆို​လျှင်၊ ခင်​ပွန်း​ဧ​လ​ကာ​န​က၊ စိတ်​ရှိ​သည် အ​တိုင်း​ပြု​လော့။ နို့​နှင့်​မ​ကွာ​မီ​တိုင်​အောင် နေ​လော့။ ထာ​ဝ​ရ​ဘု​ရား၏ က​တိ​တော်​သာ တည်​ပါ​စေ​သော​ဟု ဝန်​ခံ၍၊ မ​ယား​သည် သူ​ငယ်​ကို​နို့​တိုက်​လျက် နို့​မ​ကွာ​မီ​တိုင်​အောင် မ​သွား​ဘဲ​နေ၏။ နို့​ကွာ​ပြီး​မှ၊ အ​သက်​သုံး​နှစ်​ရှိ​သော နွား​တစ်​ကောင်၊ မုန့်​ညက် တစ်​ဧ​ဖာ၊ စ​ပျစ်​ရည်​တစ်​ဘူး​နှင့်​တ​ကွ သူ​ငယ်​ကို​ဆောင်​သွား၍၊ ရှိ​လော​မြို့၌ ထာ​ဝ​ရ​ဘု​ရား၏ အိမ်​တော်​သို့ ရောက်​လေ၏။ ထို​အ​ခါ သူ​ငယ်​သည် အ​သက်​နု​သေး၏။ နွား​ကို​သတ်၍ သူ​ငယ်​ကို ဧ​လိ​ထံ​သို့​သွင်း​လျက်၊ ဟ​န္န​က၊ ကျွန်​မ၏​သ​ခင်၊ ကိုယ်​တော် အ​သက်​ရှင်​သည်​အ​တိုင်း၊ ကျွန်​မ​သည် ယ​မန်​တစ်​ခါ ဤ​အ​ရပ်၌ ကိုယ်​တော်​အ​နား​မှာ​ရပ်​လျက် ဆု​တောင်း​သော​မိန်း​မ ဖြစ်​ပါ၏။ ထို​အ​ခါ ဤ​သူ​ငယ်​ကို​ရ​မည်​အ​ကြောင်း ဆု​တောင်း​ပါ၏။ တောင်း​သည်​အ​တိုင်း ထာ​ဝ​ရ​ဘု​ရား​သည် ပေး​သ​နား​တော်​မူ​ပြီ။ ထို​ကြောင့် ကျွန်​မ​သည် သူ့​ကို ထာ​ဝ​ရ​ဘု​ရား​အား ငှား​ပါ​ပြီ။ သူ​သည် တစ်​သက်​လုံး ထာ​ဝ​ရ​ဘု​ရား​ထံ​တော်၌ အ​ငှား​ခံ၍ နေ​ရ​ပါ​မည်​သ​ခင်​ဟု လျှောက်​ပြီး​မှ၊ ထို​အ​ရပ်၌ ထာ​ဝ​ရ​ဘု​ရား​ကို ကိုး​ကွယ်​ကြ၏။

​၁ ဓမ္မရာဇဝင် 1:17-28 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။