YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ရှင်ပေတရု 5:1-4

၁ ရှင်ပေတရု 5:1-4 JBMLE

သင်း​အုပ်​အ​ရာ၌​လည်း​ကောင်း၊ ခ​ရစ်​တော်၏ ဆင်း​ရဲ​ဒု​က္ခ​ဝေ​ဒ​နာ​ကို သိ​မြင်​သော သက်​သေ​အ​ရာ၌​လည်း​ကောင်း ခန့်​ထား​သော​သူ၊ ထင်​ရှား​စေ​တော်​မူ​လ​တ္တံ့​သော ဘုန်း​အ​သ​ရေ​တော်​ကို ဆက်​ဆံ​သော​သူ​ဖြစ်​သော ငါ​ပေ​တ​ရု​သည်၊ သင်​တို့​တွင်​ရှိ​သော သင်း​အုပ်​ချင်း​တို့​ကို တောင်း​ပန်​ပါ၏။- သင်​တို့​နှင့်​အ​တူ​ရှိ​သော ဘု​ရား​သ​ခင်၏ သိုး​တော်​စု​ကို ထိန်း​ခြင်း​အ​မှု​မှာ၊ အ​နိုင်​ထိန်း​ရ​သော​ကြောင့် မ​ဟုတ်၊ မ​စင်​ကြယ်​သော​စီး​ပွား​ကို တပ်​မက်​သော​ကြောင့် မ​ဟုတ်​ဘဲ၊ အ​လို​လို​စေ​တ​နာ​စိတ်​ရှိ၍ ကြည့်​ရှု​အုပ်​ထိန်း​ကြ​လော့။- အ​သီး​အ​သီး​အုပ်​သော အ​သင်း​တော်​တို့​ကို အာ​ဏာ​ထား၍ အ​စိုး​တ​ရ​ပြု​သည်​မ​ဟုတ်​ဘဲ၊ သိုး​တော်​စု​ရှေ့​မှာ ပုံ​သက်​သေ​ကို​ပြ​သော​သူ ဖြစ်​ကြ​လော့။- သို့​ဖြစ်​လျှင်၊ သိုး​ထိန်း​အ​ကြီး ပေါ်​ထွန်း​တော်​မူ​သော​အ​ခါ၊ သင်​တို့​သည် မ​ညှိုး​မ​နွမ်း​တတ်​သော၊ ဘုန်း​ကြီး​သော ပန်း​ဦး​ရစ်​သ​ရ​ဖူ​ကို ခံ​ရ​ကြ​လိမ့်​မည်။