YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ရှင်ပေတရု 4:7-12

၁ ရှင်ပေတရု 4:7-12 JBMLE

ခပ်​သိမ်း​သော​အ​မှု​အ​ရာ​တို့​သည် အ​ဆုံး​သို့​ရောက်​လု​သည် ဖြစ်​သော​ကြောင့်၊ သ​မ္မာ​သ​တိ​ရှိ​ကြ​လော့။ ဆု​တောင်း​ခြင်း​အ​လို​ငှာ စောင့်​နေ​ကြ​လော့။- အ​ခြား​သော​အ​မှု​အ​ရာ​ထက်​မ​က၊ အ​ချင်း​ချင်း​အား​ကြီး​သော​ချစ်​ခြင်း​မေ​တ္တာ​ရှိ​ကြ​လော့။ ချစ်​ခြင်း​မေ​တ္တာ​သည် များ​စွာ​သော အ​ပြစ်​တို့​ကို ဖုံး​အုပ်​တတ်၏။- မြည်​တမ်း​ခြင်း​မ​ရှိ​ဘဲ အ​ချင်း​ချင်း ဧည့်​သည်​ဝတ်​ကို ပြု​ကြ​လော့။- သင်​တို့​သည် ဆု​ကျေး​ဇူး​တော်​ကို အ​သီး​အ​သီး​ခံ​ရ​ကြ​သည်​နှင့် အ​ညီ၊ ဘု​ရား​သ​ခင်၏ အ​ထူး​ထူး အ​ပြား​ပြား​သော ကျေး​ဇူး​တော်​ဘ​ဏ္ဍာ​စိုး​ကောင်း​ကဲ့​သို့၊ အ​ချင်း​ချင်း ဝေ​ငှ​ပေး​ကမ်း​ကြ​လော့။- ဘု​ရား​သ​ခင်​သည် အ​ရာ​ရာ၌ ယေ​ရှု​ခ​ရစ်​အား​ဖြင့် ဘုန်း​တော်​ထင်​ရှား​စေ​မည်​အ​ကြောင်း၊ ဟော​ပြော​သော​သူ​သည် ဘု​ရား​သ​ခင်၏ ဗျာ​ဒိတ်​တော်​နှင့်​အ​ညီ ဟော​ပြော​စေ။ အ​ခြား​သော​အ​မှု​ကို ဆောင်​ရွက်​သော​သူ​သည်၊ ဘု​ရား​သ​ခင်​ပေး​သ​နား​တော်​မူ​သော အ​စွမ်း​သ​တ္တိ​အ​တိုင်း ဆောင်​ရွက်​စေ။ ထို​ဘု​ရား​သ​ခင်​သည် က​မ္ဘာ​အ​ဆက်​ဆက် ဘုန်း​အ​သ​ရေ အ​စွမ်း​သ​တ္တိ ရှိ​တော်​မူ​စေ​သ​တည်း။ အာ​မင်။ ချစ်​သူ​တို့၊ သင်​တို့​ကို စုံ​စမ်း​စ​ရာ​ဖို့ ယ​ခု​ခံ​ရ​သော မီး​စစ်​ခြင်း​အ​ရာ​ကို​ကား၊ သင်​တို့၌ အံ့​ဩ​ဖွယ်​သော​အ​ရာ ဖြစ်​သည်​ဟု ထင်​မှတ်၍၊ အံ့​ဩ​ခြင်း မ​ရှိ​ကြ​နှင့်။