YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ရှင်ပေတရု 3:3-6

၁ ရှင်ပေတရု 3:3-6 JBMLE

သင်​တို့၌ တန်​ဆာ​ဆင်​ခြင်း​မှု​ကား၊ ဆံ​ပင်​ကျစ်​ခြင်း၊ ရွှေ​ဆင်​ခြင်း၊ အ​ဝတ်​ဝတ်​ခြင်း​တည်း​ဟူ​သော အ​ပြင်​တန်​ဆာ ဆင်​ခြင်း​မ​ဖြစ်​စေ​ဘဲ၊- ဘု​ရား​သ​ခင့်​ရှေ့​မှာ အ​ဖိုး​များ​စွာ​ထိုက်​သော နူး​ညံ့​ငြိမ်​သက်​ခြင်း​သ​ဘော​တည်း​ဟူ​သော မ​ဖောက်​ပြန် မ​ပျက်​စီး​တတ်​သော တန်​ဆာ​ဆင်​ခြင်း​ရှိ​သော စိတ်​နှ​လုံး၏ အ​တွင်း​လူ​ဖြစ်​စေ​ကြ​လော့။- ဘု​ရား​သ​ခင်​ကို ကိုး​စား၍ သန့်​ရှင်း​သော မိန်း​မ​တို့​သည် ရှေး​က ထို​သို့ ကိုယ်​ကို​တန်​ဆာ​ဆင်​လျက်၊ စာ​ရာ​သည် အာ​ဗြ​ဟံ​ကို သ​ခင်​ဟု​ခေါ်​ဝေါ်၍ သူ၏​စ​ကား​ကို နား​ထောင်​သ​ကဲ့​သို့၊ ကိုယ်​ခင်​ပွန်း၏ အုပ်​စိုး​ခြင်း​ကို ဝန်​ခံ​ကြ၏။ သင်​တို့​သည် ကောင်း​မွန်​စွာ​ကျင့်၍၊ ကြောက်​ရွံ့ တုန်​လှုပ်​ခြင်း အ​လျှင်း​မ​ရှိ​ဘဲ​နေ​လျှင် စာ​ရာ၏​သ​မီး​ဖြစ်​ကြ၏။

​၁ ရှင်ပေတရု 3:3-6 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။