YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ရှင်ပေတရု 3:1-4

၁ ရှင်ပေတရု 3:1-4 JBMLE

အ​ထက်​ဆို​ခဲ့​ပြီး​သည်​နည်း​တူ မိန်း​မ​တို့၊ ကိုယ်​ခင်​ပွန်း၏ အုပ်​စိုး​ခြင်း​ကို ဝန်​ခံ​ကြ​လော့။- သို့​ပြု၍၊ နှုတ်​က​ပတ်​တ​ရား​တော်​ကို နား​မ​ထောင်​သော ယောက်ျား​အ​ချို့​ရှိ​လျှင်၊ ထို​သူ​တို့​သည် တ​ရား​မ​နာ​သော်​လည်း၊ သင်​တို့၏ ကြောက်​ရွံ့​ခြင်း​နှင့် စင်​ကြယ်​သော​အ​ကျင့်​တို့​ကို ထောက်​ရှု၍၊ မိ​မိ​မ​ယား၏​အ​ကျင့်​အား​ဖြင့် သွေး​ဆောင်​လျက် အ​တူ​ပါ​မည် အ​ကြောင်း​ရှိ၏။- သင်​တို့၌ တန်​ဆာ​ဆင်​ခြင်း​မှု​ကား၊ ဆံ​ပင်​ကျစ်​ခြင်း၊ ရွှေ​ဆင်​ခြင်း၊ အ​ဝတ်​ဝတ်​ခြင်း​တည်း​ဟူ​သော အ​ပြင်​တန်​ဆာ ဆင်​ခြင်း​မ​ဖြစ်​စေ​ဘဲ၊- ဘု​ရား​သ​ခင့်​ရှေ့​မှာ အ​ဖိုး​များ​စွာ​ထိုက်​သော နူး​ညံ့​ငြိမ်​သက်​ခြင်း​သ​ဘော​တည်း​ဟူ​သော မ​ဖောက်​ပြန် မ​ပျက်​စီး​တတ်​သော တန်​ဆာ​ဆင်​ခြင်း​ရှိ​သော စိတ်​နှ​လုံး၏ အ​တွင်း​လူ​ဖြစ်​စေ​ကြ​လော့။