YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ရှင်ပေတရု 3:1-18

၁ ရှင်ပေတရု 3:1-18 JBMLE

အ​ထက်​ဆို​ခဲ့​ပြီး​သည်​နည်း​တူ မိန်း​မ​တို့၊ ကိုယ်​ခင်​ပွန်း၏ အုပ်​စိုး​ခြင်း​ကို ဝန်​ခံ​ကြ​လော့။- သို့​ပြု၍၊ နှုတ်​က​ပတ်​တ​ရား​တော်​ကို နား​မ​ထောင်​သော ယောက်ျား​အ​ချို့​ရှိ​လျှင်၊ ထို​သူ​တို့​သည် တ​ရား​မ​နာ​သော်​လည်း၊ သင်​တို့၏ ကြောက်​ရွံ့​ခြင်း​နှင့် စင်​ကြယ်​သော​အ​ကျင့်​တို့​ကို ထောက်​ရှု၍၊ မိ​မိ​မ​ယား၏​အ​ကျင့်​အား​ဖြင့် သွေး​ဆောင်​လျက် အ​တူ​ပါ​မည် အ​ကြောင်း​ရှိ၏။- သင်​တို့၌ တန်​ဆာ​ဆင်​ခြင်း​မှု​ကား၊ ဆံ​ပင်​ကျစ်​ခြင်း၊ ရွှေ​ဆင်​ခြင်း၊ အ​ဝတ်​ဝတ်​ခြင်း​တည်း​ဟူ​သော အ​ပြင်​တန်​ဆာ ဆင်​ခြင်း​မ​ဖြစ်​စေ​ဘဲ၊- ဘု​ရား​သ​ခင့်​ရှေ့​မှာ အ​ဖိုး​များ​စွာ​ထိုက်​သော နူး​ညံ့​ငြိမ်​သက်​ခြင်း​သ​ဘော​တည်း​ဟူ​သော မ​ဖောက်​ပြန် မ​ပျက်​စီး​တတ်​သော တန်​ဆာ​ဆင်​ခြင်း​ရှိ​သော စိတ်​နှ​လုံး၏ အ​တွင်း​လူ​ဖြစ်​စေ​ကြ​လော့။- ဘု​ရား​သ​ခင်​ကို ကိုး​စား၍ သန့်​ရှင်း​သော မိန်း​မ​တို့​သည် ရှေး​က ထို​သို့ ကိုယ်​ကို​တန်​ဆာ​ဆင်​လျက်၊ စာ​ရာ​သည် အာ​ဗြ​ဟံ​ကို သ​ခင်​ဟု​ခေါ်​ဝေါ်၍ သူ၏​စ​ကား​ကို နား​ထောင်​သ​ကဲ့​သို့၊ ကိုယ်​ခင်​ပွန်း၏ အုပ်​စိုး​ခြင်း​ကို ဝန်​ခံ​ကြ၏။ သင်​တို့​သည် ကောင်း​မွန်​စွာ​ကျင့်၍၊ ကြောက်​ရွံ့ တုန်​လှုပ်​ခြင်း အ​လျှင်း​မ​ရှိ​ဘဲ​နေ​လျှင် စာ​ရာ၏​သ​မီး​ဖြစ်​ကြ၏။ ထို​နည်း​တူ၊ ယောက်ျား​တို့၊ ဆု​တောင်း​ခြင်း​အ​မှု၌ အ​ဆီး​အ​တား​မ​ရှိ​စေ​ခြင်း​ငှာ အ​သက်​ရှင်​ခြင်း​ကျေး​ဇူး​တော်​ကို ဆက်​ဆံ၍ အ​မွေ​ခံ​ရ​သော​သူ​ချင်း​ကဲ့​သို့၊ သ​တိ​ပ​ညာ​နှင့် လျော်​စွာ ကိုယ်​ခင်​ပွန်း​နှင့်​အ​တူ​နေ၍၊ အား​နည်း​သော​သူ​ကို ပြု​သင့်​သည်​အ​တိုင်း သူ့​ကို စောင့်​မ​ပြု​စု​ကြ​လော့။ အ​ချုပ်​အ​ခြာ​စ​ကား​ဟူ​မူ​ကား၊ သင်​တို့​အ​ပေါင်း​သည် စိတ်​တ​ညီ​တ​ညွတ်​တည်း ရှိ​ကြ​လော့။ စိတ်​ကြင်​နာ​ခြင်း၊ ညီ​အစ်​ကို​ချင်း​ကဲ့​သို့ ချစ်​ခြင်း၊ သ​နား​စုံ​မက်​ခြင်း၊ စိတ်​နှိမ့်​ချ​ခြင်း ရှိ​ကြ​လော့။- သင်​တို့​သည် ကောင်း​ချီး​မင်္ဂ​လာ​ကို အ​မွေ​ခံ​စေ​ခြင်း​အ​လို​ငှာ ခေါ်​တော်​မူ​သော​သူ ဖြစ်​သည်​ဟု သိ​မှတ်၍၊ အ​ချင်း​ချင်း ရန်​တုံ့​မ​မူ၊ ပြန်၍ မ​ကဲ့​ရဲ့၊ မေ​တ္တာ​ပို့​ခြင်း​ကို ပြု​ကြ​လော့။- အ​သက်​ကို မွေ့​လျော်​စေ၍၊ ကောင်း​မွန်​သော နေ့​ရက်​တို့​ကို တွေ့​မြင်​ခြင်း​ငှာ အ​လို​ရှိ​သော​သူ​သည်၊ မိ​မိ​လျှာ​ကို မ​ကောင်း​သော​အ​ရာ​နှင့် ကင်း​လွတ်​စေ။ မိ​မိ​နှုတ်​ခမ်း​လည်း မု​သား​စ​ကား​ကို မ​ပြော​စေ​နှင့်။- ဒု​စ​ရိုက်​ကို​လွှဲ​ရှောင်၍ သု​စ​ရိုက်​ကို​ပြု​စေ။ သူ​တစ်​ပါး​နှင့် အ​သင့်​အ​တင့်​နေ​ခြင်း​ကို​ရှာ၍ မီ​အောင်​လိုက်​စေ။- အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် ဖြောင့်​မတ်​သော​သူ​တို့​ကို ကြည့်​ရှု​တော်​မူ၏။ သူ​တို့ ဆု​တောင်း​ခြင်း​ကို​လည်း နား​ထောင်​တော်​မူ၏။ ဒု​စ​ရိုက်​ပြု​သော သူ​တို့​ကို​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် မျက်​နှာ​လွှဲ​တော်​မူ၏။- သင်​တို့​သည် ကောင်း​သော​တ​ရား​ကို ကျင့်​သော​သူ​ဖြစ်​လျှင်၊ အ​ဘယ်​သူ​ညှဉ်း​ဆဲ​မည်​နည်း။- ဖြောင့်​မတ်​ခြင်း​တ​ရား​ကြောင့် ဆင်း​ရဲ​ခံ​ရ​လျှင်​မူ​ကား၊ မင်္ဂ​လာ​ရှိ​ကြ၏။ သူ​တို့၏​ခြိမ်း​ခြောက်​ခြင်း​ကို မ​ကြောက်​ကြ​နှင့်၊ မ​ထိတ်​လန့်​ကြ​နှင့်။- စိတ်​နှ​လုံး​ထဲ၌ ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​ကို ရို​သေ​ခြင်း​ရှိ​ကြ​လော့။ သင်​တို့​မျှော်​လ​င့်​ခြင်း၏ အ​ကြောင်း​ကို မေး​မြန်း​သော​သူ ရှိ​သ​မျှ​တို့​အား၊ နူး​ညံ့​သော​သ​ဘော၊ ကြောက်​ရွံ့​သော​သ​ဘော​နှင့် ပြန်​ပြော​ခြင်း​ငှာ၊ ကာ​လ​အ​စဉ်​မ​ပြတ် အ​သင့်​ရှိ​နေ​ကြ​လော့။- ခ​ရစ်​တော်၌ သင်​တို့​ကျင့်​သော အ​ကျင့်​ကောင်း​ကို ရှုတ်​ချ​သော​သူ​တို့​သည် ကဲ့​ရဲ့​ပြစ်​တင်​သော​အ​ခါ၊ ကိုယ်​တိုင် ရှက်​ကြောက်​ခြင်း​မ​ရှိ​မည်​အ​ကြောင်း၊ သင်​တို့​သည် ကိုယ်​ကို​ကိုယ်​သိ​သော​စိတ် ကြည်​လင်​လျက် နေ​ကြ​လော့။- ဘု​ရား​သ​ခင့် အ​လို​တော်​ရှိ​လျှင်၊ သု​စ​ရိုက်​ကို​ပြု၍ ဆင်း​ရဲ​ခံ​ခြင်း​သည်၊ ဒု​စ​ရိုက်​ကို​ပြု၍ ခံ​ခြင်း​ထက် သာ၍​ကောင်း၏။- ခ​ရစ်​တော်​သည် ကိုယ်​ခ​န္ဓာ​အား​ဖြင့် အ​သေ​သတ်​ခြင်း​ကို​ခံ၍၊ ဝိ​ညာဉ်​တော်​အား​ဖြင့် အ​သက်​ရှင်​ခြင်း​သို့ ရောက်​တော်​မူ​သည်​ဖြစ်၍ ငါ​တို့​ကို ဘု​ရား​သ​ခင့် အ​ထံ​တော်​သို့ ပို့​ဆောင်​ခြင်း​ငှာ၊ ဖြောင့်​မတ်​တော်​မူ​သော​သူ​သည်၊ မ​ဖြောင့်​မတ်​သော သူ​တို့​အ​တွက်၊ ဒု​စ​ရိုက်​အ​ပြစ်​များ​ကြောင့် တစ်​ခါ​ခံ​တော်​မူ၏။