YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ရှင်ပေတရု 2:9-12

၁ ရှင်ပေတရု 2:9-12 JBMLE

သင်​တို့​မူ​ကား၊ မှောင်​မိုက်​ထဲ​မှ အံ့​ဖွယ်​သော အ​လင်း​တော်​သို့ ခေါ်​သွင်း​တော်​မူ​သော​သူ၏ ဂုဏ်​ကျေး​ဇူး​များ​ကို ဖော်​ပြ​စေ​ခြင်း​ငှာ၊ ရွေး​ချယ်​တော်​မူ​သော​အ​မျိုး ဖြစ်​ကြ၏။ မင်း​စည်း​စိမ်​ရှိ​သော ယဇ်​ပု​ရော​ဟိတ်​မျိုး၊ သန့်​ရှင်း​သော​လူ​မျိုး၊ ပိုင်​ထိုက်​တော်​မူ​သော အ​ပေါင်း​အ​သင်း ဖြစ်​ကြ၏။- အ​ထက်​က အ​ပေါင်း​အ​သင်း​မ​ဟုတ်၊ ယ​ခု​တွင် ဘု​ရား​သ​ခင်၏ အ​ပေါင်း​အ​သင်း​ဖြစ်​ကြ၏။ က​ရု​ဏာ ကျေး​ဇူး​တော်​ကို အ​ထက်​က​မ​ခံ​ရ​သော်​လည်း ယ​ခု​တွင် ခံ​ရ​ကြ၏။ ချစ်​သူ​တို့၊ ဝိ​ညာဉ်​နှင့်​စစ်​ပြိုင်​တတ်​သော ကိုယ်​ကာ​ယ​တပ်​မက်​ခြင်း​တို့​ကို ရှောင်​မည်​အ​ကြောင်း၊ ဧည့်​သည်​အာ​ဂ​န္တု​ကဲ့​သို့​သော သင်​တို့​ကို ငါ​တောင်း​ပန်၏။- သာ​သ​နာ​ပ​လူ​တို့​သည် သင်​တို့​ကို ကဲ့​ရဲ့​ပြစ်​တင်​ကြ​သည်​အ​မှု​မှာ၊ ဘု​ရား​သ​ခင်​ကြည့်​ရှု စီ​ရင်​တော်​မူ​သော နေ့​ရက်၌၊ သင်​တို့၏ ကောင်း​သော​အ​ကျင့်​ကို သူ​တို့​သည် ထောက်​ရှု၍ ဘု​ရား​သ​ခင်​ကို ချီး​မွမ်း​မည်​အ​ကြောင်း၊ သူ​တို့​ရှေ့၌ တင့်​တယ်​လျောက်​ပတ်​စွာ ကျင့်​နေ​ကြ​လော့။

​၁ ရှင်ပေတရု 2:9-12 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။